Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ ဒီ(ဗုံး)ကိစ္စကို နေ့တိုင်းပဲစောင့်ကြည့်နေတယ်။ ကျွန်တော်တို့ရဲ့ အားကစားသမားတွေနဲ့ တာဝန်ရှိသူတွေ အန္တရာယ်မရှိသေးသရွေ့တော့ ဝင်ယှဉ်ပြိုင်ဖြစ်မှာပါ။ ဒါပေမဲ့ ဘာပဲပြောပြောကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်တဲ့အချိန်မှာ ဘာပြဿနာမှ မရှိတဲ့ အနေအထားမျိုး ဖြစ်နေဖို့ သေချာအောင်လုပ်ဖို့တော့ လိုပါတယ်”

အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် သမဂ္ဂဂျာနယ် အတွဲ (၁) အမှတ် (၄၂) တွင်ပါရှိသော “ဗုံးပေါက်ကွဲမှုများကြောင့် ဖိလစ်ပိုင် အားကစားအဖွဲ့ လာမည်၊မလာမည်ကို ၎င်းတို့အနေဖြင့် နိုဝင်ဘာလကုန်၌ ဆုံးဖြတ်မည်” သတင်းမှ ဖိလစ်ပိုင်အားကစားရေးရာကော်မရှင် ဦးစီးချုပ် ရစ်ချီဂါဆီရာ  ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“လွတ်လပ်ခွင့်အပေါ်မှာ နယ်ကျူးမှုတွေ တွေ့ရှိနေပါတယ်။ ဒါတွေက နိုင်ငံတစ်နိုင်ငံအတွက် ခိုင်မာတောင့်တင်းတဲ့ အင်အားဖြစ်ပေါ်လာရေးကိစ္စတွေမှာ အကျိုးကျေးဇူးသိပ်ပြီးတော့ မြန်မြန်ရလာစရာ မရှိဘူး။ ကျွန်တော်တို့ နိုင်ငံမှာ စာပေ လွတ်လပ်ခွင့် ရှိလာတယ်။ ပွင့်လင်းမြင်သာမှုရှိလာတယ်ဆိုတဲ့ အမှတ်လက္ခဏာ တစ်ခုအဖြစ် တန်ဖိုးထားပါတယ်”

အောက်တိုဘာလ ၂၁ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နိုင်ငံတည်ဆောက်ရေး ထိပါးသည့်စာပေများ ဖယ်ရှားသင့်ဟု ပြန်ကြားရေးဝန်ကြီးပြော” သတင်းမှ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းအခြေအနေအပေါ်ကို ဘယ်လိုသုံးသပ်ပါသလဲ။

ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲမှုတွေက အစိုးရအသစ်တက်လာပြီး ၂၀၁၁ ခုနှစ်မှာ စတင် တယ်လို့ ပြောလို့ရတယ်။ ဘာတွေ ပြောင်းလဲသွားလည်းဆိုရင် နိုင်ငံတကာကဘဏ်လုပ်ငန်း တွေအတွက် ကိုယ်စားလှယ်ရုံးခွဲတွေကို ပြည်တွင်းမှာဖွင့်ခွင့်တွေ ပေးလာတယ်။ ပြည်တွင်းက ဘဏ်လုပ်ငန်းတွေကို နိုင်ငံတကာဘဏ်လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ပြည်ပငွှေလွှဲလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ပြုလာတယ်။ နိုင်ငံတကာကအသုံးပြုတဲ့ ကတ်စနစ်တွေဖြစ်တဲ့ မာစတာကတ်၊ ဗီဇာကတ်တွေကို အသုံးပြုနိုင်မယ့် ATM စက်တွေ၊ POS စက်တွေကို လုပ်ကိုင်ခွင့်တွေပြုလာတယ်။ ဒါ့အပြင် နိုင်ငံခြားငွေလဲကောင်တာတွေကိုလည်း ဖွင့်ခွင့်ပေးပြီး နိုင်ငံခြားငွေကြေးဈေးကွက်ကို တသမတ်တည်းဖြစ်အောင် ဆောင်ရွက်ခဲ့တယ်။”

အောက်တိုဘာလ ၂၁ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “၂၀၁၄ ခုနှစ်အမှီ ပြည်တွင်းရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများသည် အာဆီယံနိုင်ငံများ၏ ၅၀ ရာခိုင်နှုန်းရှိသင့်ဟု ဆိုသူ” အင်တာဗျူးမှ သမဝါယမဘဏ်လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ကြေးနီစီမံကိန်းကို နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ ဒေသခံပြည်သူလူထု တွေရဲ့ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အကျိုးစီးပွားအတွက် အစီအမံတွေချမှတ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားတဲ့အတွက် မိမိတို့အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စီမံကိန်းအောင်မြင်အောင် ဆက်လက်လုပ်ဆောင်သွားပါ့မယ်။”

အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် True News Journal အတွဲ (၆) အမှတ် (၁) တွင်ပါရှိသော “သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ်တွင် ပြောဆိုသည့် လက်ပံတောင်းကိစ္စ တရားမဝင်ဟု သမ္မတရုံး ဝန်ကြီးဆို” သတင်းမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လယ်ကိုသိမ်း၊ လူကိုဖမ်းတဲ့ အခြေအနေက တအားကို ဆိုးရွားလွန်းပါတယ်။ မတရားသဖြင့်လဲ အသိမ်းခံရတယ်။ ဥပဒေကြောင်းအရ ဖြေရှင်းတော့လည်း ပုဒ်မအမျိုးမျိုးနဲ့ ထောင်ချတယ်။ စုဝေးဆန္ဒပြဖို့ ခွင့်ပြုမိန့် တောင်းတော့လည်း မရတာက များတယ်။ ခွင့်မပြုဘဲပြတော့ ပုဒ်မ ၁၈ ကထပ်တိုးလာတယ်။ ဒါဟာ လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်းနေတဲ့ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။”

အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် Flower News Journal အတွဲ (၉) အမှတ် (၄၁) တွင်ပါရှိသော “လယ်သမား များနှင့် လယ်သမားများအရေး ဆောင်ရွက်ပေးသူများကို ဖမ်းဆီးခြင်းဖြင့် အငြင်းပွားမှုများ ပြေလည်မည် မဟုတ်ဟုဆို” သတင်းမှ ၈၈ မျိုးဆက် လယ်သမားရေးရာ တာဝန်ခံ ဦးထွန်းမြင့်အောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment