Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပုဒ်မ ၁၇/၁ နဲ့ပတ်သက်ရင် တစ်ခါတစ်ရံမှာ ဒီမတရားအသင်းအက်ဥပဒေဆိုတာ နိုင်ငံတော်လုံခြုံရေးနဲ့ သွားဆိုင်တဲ့ အခါကျတော့ ဖျက်သင့်၊ မဖျက်သင့်က သေချာသုံးသပ်ဖို့လိုတယ်။ ဒါပေမဲ့ ဒီဥပဒေကို အလွန်အကျွံအသုံးပြုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံမှုလုပ်တဲ့ ပြည်သူတွေကို အရေးယူတာတွေတော့ မလုပ်သင့်ဘူး။ အကြမ်းဖက်မှုနဲ့ ရပိုင်ခွင့်တောင်းဆိုမှုတွေကိုတော့ ခွဲခြားထားဖို့လိုတယ်။”

အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “နိုင်ငံရေးဆွေးနွေးပြီးမှသာ အခြားအရေးများတွေးသင့် ဖွဲ့စည်းပုံအပါအဝင် နိုင်ငံရေးကိစ္စအားလုံး လက်တွေ့ရလဒ်ပေါ်မူတည် စဉ်းစား” သတင်းမှ ချင်းအမျိုးသားတပ်ဦးမှ လက်ထောက်အထွေထွေ အတွင်းရေးမှူး (၂) ဒေါက်တာရွှေခါးရ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ဘယ်ဈေးနဲ့ဝယ်ရမယ်ဆိုတာ မသိသေးဘူး။ ဘယ်ဈေးနဲ့ ဖြန့်ရမှာလဲ မသိသေးဘူး။ ပြည်နယ်အစိုးရက ဓါတ်အားရောက်လာ ရင် ဖြန့်ဖြူးပေးပါလို့ ညွှန်ကြားထားတယ်။ ၂၅ ရက်မတိုင်မှီ လာမယ်လို့ အကြောင်းကြား ထားတယ်။ ရန်ကြီးအောင်ဓါတ်အား ခွဲစက်ရုံကိုဝင်မှာပါ။ ဓါတ်အားအပြည့်နဲ့ နောက်ထပ်ဓါတ်အားလိုင်းတိုးချဲ့ရင် ဝန်ထမ်းတွေပြန်လိုမှာပေါ့။ လိုတဲ့ဓါတ်အား ရောက်လာတော့ ဝမ်းသာပါတယ်။”

အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “CPI ကုမ္မဏီက တာဝန်ယူတည်ဆောက်ခဲ့သော ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံမှ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့အား လျှပ်စစ် ဓါတ်အားစတင်ပေးဝေ”သတင်းမှ ဘူးဂါးကုမ္မဏီဖြန့်ဖြူးရေးမန်နေဂျာ ဦးလအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အကြမ်းဖျင်းကတော့ ကော်မတီများညှိနှိုင်းပြီးတော့ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဖွဲ့အစည်းတွေကို တာဝန်ခွဲဝေယူ ပြီးတော့ ဘတ်ဂျတ်ကိုစိစစ်ပေးတာပေါ့။ ဝိုင်းလုပ်တော့ မြန်တာပေါ့။ သတ်သတ်မှတ်မှတ်လည်း ဖြစ်သွားတာပေါ့။ ရက်အကြာကြီး တော့ နားတာမဟုတ်ဘူး။”

အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်သွင်းထားသော နောက်ဆက်တွဲ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား ကော်မတီများအလိုက် လေ့လာရန် အမျိုးသားလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားမည်” သတင်းမှ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီ ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေကကော ဘယ်လိုဆောင်ရွက်ချက်တွေ လုပ်သင့်ပါသလဲ။

တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့အတွက် အဓိကတော့ နိုင်ငံရေးဆွေးနွေးပွဲပဲလေ။ ကျွန်တော်တို့ တိုင်းရင်းသားတွေက လက်နက် ကိုင်တာက အဓိကတော့ နိုင်ငံရေးကိစ္စဖြေရှင်းဖို့ပေါ့နော်။ ဟိုတုန်းကတော့ ကျွန်တော်တို့ မွန်အမျိုးသားတွေကတော့ လက်နက်ကိုင်တော်လှန်ရေး မလုပ်ခင်မှာတော့ ဟိုတုန်းက ဒီမိုကရေစီခေတ်ကို။ ဥပဒေဘောင်အတွင်းမှာပဲပေါ့နော်။ ကိုယ်ရဲ့ လိုအပ်ချက်တွေကို တောင်းဆိုခဲ့တာပဲ။ ဒါပေမယ့် ဥပဒေဘောင်အတွင်းမှာ တောင်းမရတော့လည်း လက်နက်ကိုင်တော်လှန် ရေးလုပ်တာပေါ့။ ဒါ့ကြောင့် ကျွန်တော်ထင်တာမြန်မာပြည် ငြိမ်းချမ်းရေးအတွက်ကတော့ နိုင်ငံရေးအရဆွေးနွေးဖြေရှင်းဖို့က အဓိကပဲလေ။ နိုင်ငံရေးအရဆွေးနွေးဖြေရှင်းလို့ မရဘူးဆိုရင်တော့ လက်နက်ကိုင်တော်လှန်ရေးက ဆက်ရှိဦးမှာပေါ့လို့ ကျွန်တော်မြင်တာပေါ့နော်။”

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် Venus News Journal အတွဲ ၅/၁၃ တွင်ပါရှိသော “နိုင်ငံရေး အရ ဆွေးနွေးဖြေရှင်းလို့ မရဘူးဆိုရင်တော့ လက်နက်ကိုင်တော်လှန်ရေးက ဆက်ရှိဦးမှာပါ” အင်တာဗျူးမှ မွန်ပြည်သစ်ပါတီ၏ အလုပ်အမှုဆောင် ဗဟိုကော်မတီဝင် နိုင်တလညီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုက EITI (Extractive Industries Transparency Initiative) ဝင်ဖို့လဲလုပ်နေတယ်။ MIGA (Multilateral Investment Guarantee Agency)ကတော့ နောက်ထပ်ထိန်းညှိမှုတစ်ခုပေါ့။ ရင်းနှီးမြှုပ်နှံမှုတွေကို ခန့်ခွဲတာမှာ နိုင်ငံတကာ ဝင်လာမယ့်ဟာတွေရော လုပ်လက်စအလုပ်တွေပေါ်မှာပါ နိုင်ငံတကာစံနှုန်းလိုက်နာဖို့ ဖြစ်လာမှာပါ။ ပြည်တွင်းက လက်ရှိဥပဒေတချို့က အားနည်းချက်တွေရှိနေတော့ အချိန်တော့ယူရမယ်။”

 

အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၂၉) တွင် ပါရှိသော “ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆွဲဆောင်နိုင်ဖို့ MIGA အဖွဲ့ဝင်အဖြစ် မြန်မာဝင်ရောက်” သတင်းမှ နိုင်ငံလုံးဆိုင်ရာ EITI ညှိနှိုင်းရေးရုံးမှ ညှိနှိုင်းရေး တာဝန်ခံ ဒေါ်ကေသီ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment