Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံကလုံခြုံရေးမြှင့်တင်ရန် ဒေါ်လာခြောက်သန်းသုံးစွဲရန် လျာထားဟုဆို

(22 Oct 2013 ရက်စွဲပါ Travel Daily News မှ Myanmar will invest six million dollars to boost security ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဒီဇင်ဘာလ၌ အရှေ့တောင်အာရှ အားကစားပွဲကို ကျင်းပတော့မည်ဖြစ်ပါသည်။ အချို့ အစိုးရ ဆန့်ကျင်သူများက ဗုံးများခွဲခြင်းဖြင့် အစိုးရအားဖိအားပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအဝှမ်း ဗုံးခုနစ်လုံးခန့် ကွဲခြင်း သို့မဟုတ် ရှာဖွေတွေ့ရှိခြင်းများရှိခဲ့ရာ အများစုမှာ ရန်ကုန်တွင် ဖြစ်ပါသည်။ အောက်တိုဘာလ (၉) ရက်နေ့မှစ၍ ဖြစ်ပွားသော ပေါက်ကွဲမှုများတွင် နှစ်ဦးသေဆုံး၍ လေးဦးဒဏ်ရာရရှိခဲ့ပါသည်။ ရန်ကုန်မြို့ရှိ တရေးဒါးဟိုတယ်တွင် ဗုံးပေါက်ကွဲမှု၌ အမေရိကန်ခရီးသည်တစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။

အစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားဧည့်သည်များအတွက် လုံခြုံမှုပေးနိုင်ရန် လျင်မြန်စွာ အရေး ယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားဒုတိယခရီးသွားဆုံး တောင်ငူ၊ စစ်ကိုင်း တို့ကဲ့သို့သော ဒေသများတွင် ရဲအင်အားတိုး၍ လည်းကောင်း၊ ဝန်ထမ်းများက စောင့်ကြည့်ခြင်းဖြင့်လည်းကောင်း လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်ရန် ကျေညာခဲ့ပါသည်။ ၎င်းသည် ဟိုတယ်ဝန်ထမ်းများအားဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို စုံစမ်း ထောက်လှမ်းပုံများအား ဆွေးနွေးပွဲများနှင့် လေ့ကျင့်သင်ကြားပေးမှုများ စီစဉ်မည်ဖြစ်ပါသည်။

ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ လူရှစ်ဦးအား ဖမ်းဆီးထားကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခြောက်လှန့် ရန် အစီအစဉ်တစ်ခုဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်း၏ အဆိုအရ သိရှိရပါသည်။ ရဲချုပ်က KNU မှ မသင်္ကာသူများစာရင်းကို ပြောကြားခဲ့သော်လည်း KNU က ပါဝင်ပတ်သက်မှုမရှိကြောင်း တရားဝင်ငြင်းဆိုခဲ့ပါသည်။ ၎င်းတို့မှာ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်သူများဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံမှ အာဏာပိုင်များသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁-၂၂ ထိပြုလုပ်မည့် အရှေ့တောင်အာရှ အားကစားပွဲမတိုင်မီ လုံခြုံရေးပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ဖိအားများတိုးလာနေပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment