Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ အခက်အခဲတွေကို တွေ့လာရတယ်။ ဥပဒေ ပြဌာန်း ချက်အချို့က ရှေ့နောက်မညီတာတွေ ရှိနေတယ်။ ဥပမာ နိုင်ငံသားတိုင်း တန်းတူညီမျှရှိရမယ်လို့ ပြဌာန်းထားပြီးတော့ လွှတ်တော်ကိုယ်စားလှယ် လုပ်မယ့်သူကျတော့ ပုဒ်မ (၁၂၀) (ခ) နဲ့ ကန့်ထားတယ်။ သမ္မတဖြစ်မယ့်သူ ကျတော့ ဥပဒေ ပုဒ်မကတစ်မျိုး၊ လွှတ်တော်ကိုယ်စားလှယ်ကျတော့ ဥပဒေပုဒ်မက တစ်မျိုး၊ မဲပေးရုံပေးရမယ့် သူကျတော့ တစ်မျိုး ၃ မျိုးဖြစ် စ်သွားတယ်။ ဒီတော့နိုင်ငံသားတိုင်း တန်းတူညီမျှရှိရမယ်ဆိုတာ ရှေ့နောက်မညီဘူးပေါ့။ ဒါမျိုးတွေကို အဓိကထား ပြင်ဆင်သွားမှာပါ။ ”

အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၂) အမှတ် (၄) တွင်ပါရှိသော “အခြေခံဥပဒေ သစ်ရေးဆွဲရေးက တပ်မတော်တစ်ခန်းထနိုင်ဟု NLD ဆို” သတင်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“စီမံကိန်းတွေသာ ရခိုင်မှာ များလာပေမယ့် ရခိုင်ကလူငယ်တွေအတွက် အလုပ်အကိုင်မရှိဘူး။ ပြည်ပနိုင်ငံ တွေမှာ သွားရောက် အလုပ်လုပ်ကိုင် လာကြရတယ်။ အလုပ်အကိုင် အခွင့်အလမ်းကအစ အခြား အခွင့်အရေးတွေ ဒေသခံတွေကို ဖော်ဆောင်ပေးဖို့လိုတယ်။”

အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ရခိုင်တွင် အကောင် အထည်ဖော်နေသော စီမံကိန်းများ၏ EIA,SIA စစ်တမ်းများ ထုတ်ပြရန် တောင်းဆို” သတင်းမှ ဆွေးနွေးပွဲ တက်ရောက်သူ ဒေါ်အေးနုစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီ ပေါက်ကွဲမှု ဖြစ်ရပ်အပါအဝင် အခြားဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်က ရပ်တန့်သွားစရာ အကြောင်းမရှိပါဘူး။ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးကို မရရအောင် တည်ဆောက်သွားမယ်ဆိုတဲ့စိတ် ရှိပါတယ်”

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၄) အမှတ် (၁၆၀) တွင် ပါရှိသော “ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များသည် KNU နှင့် ပတ်သက်မှုမရှိဟု ယုံကြည်ကြောင်း ဦးရဲထွဋ် ပြောကြား” သတင်းမှ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လောလောဆယ် တပ်ပိုင်းက လိုင်ဇာမှာဆွေးနွေးမယ့် တစ်ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စကို သူတို့ လုံးပန်းနေ တယ်။ အခုတော့ အဲဒီနေရာ ၂ ခုကို စောင့်ကြည့်နေတယ်။ လိုင်ဇာက ဘယ်လို ဆုံးဖြတ်ချက်ချမလဲ။ ပြီးတော့ ဒီပြည်ထောင်စုလွှတ်တော်က ၁၀၉ ဦးနဲ့ ဖွဲ့ထားတဲ့ အခြေခံဥပဒေ လေ့လာရေးပူးပေါင်းအဖွဲ့က ဘာတွေဆုံးဖြတ်မလဲ။ ဒီဟာ တွေပေါ် စောင့်ကြည့်ရမယ်။”

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် ပဲ့တင်သံဂျာနယ် အမှတ် (၁၇) တွင်ပါရှိသော  “ရှမ်းပြည်နယ်အနာဂတ် ရေးအတွက် ရှမ်းပြည်ညီညွတ်ရေး ကောင်စီဖွဲ့စည်း ရှမ်းနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများ ပါဝင်” SNLD ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အစိုးရကလည်း ကြိုးစားပါတယ်။ သို့သော် ထိရောက်တဲ့ စနစ်မရှိသေးတဲ့အတွက် ယနေ့တောင်သူလက်ထဲကို မျိုးကောင်း၊ မျိုးသန့် နည်းပညာမရောက်သေးဘူး။ လုပ်သွားဖို့လိုတယ်။ ဥပမာ မျိုးစေ့ပေါ့။ နိုင်ငံတော်က မျိုးကောင်း၊ မျိုးသန့် ထုတ်ပေး တယ်။ သို့သော် တကယ့်တကယ် လိုအပ်ချက်ရဲ့ ၁၀% လောက်ပဲ ထုတ်ပေးနိုင်သေးတယ်။ အစိုးရကလည်း ဒီထက်ပိုပြီး မပေးနိုင်တော့ပါဘူး။ နည်းပညာရှိပေမယ့် ရင်းနှီးမြှုပ်နှံမှုတော့ ထပ်မလုပ်နိုင်တော့ပါဘူး။ ဒီတော့ ဘာလုပ်ရမလဲဆိုတော့ ပုဂ္ဂလိကပိုင်းကို အားကိုးရမယ်။ ပုဂ္ဂလိက မျိုးစေ့ထုတ်တဲ့ ကုမ္မဏီတွေ အများကြီးပေါ်ပေါက်လာဖို့ လိုအပ်တယ်။ ဒါနဲ့လည်း မလုံလောက်သေးဘူး။ တောင်သူပိုင်းကလည်း ကိုယ်ပိုင်မျိုးထုတ်နိုင်တဲ့ တောင်သူလယ်သမားတွေ ဖြစ်လာရေးအတွက် လည်း လိုအပ်နေတယ်။”

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် ပဲ့တင်သံဂျာနယ် အမှတ် (၁၇) တွင်ပါရှိသော  “လယ်သမားများ မျိုးစပါး ထုတ်လုပ်ရန် လိုအပ်၊ စိုက်ပျိုးရေးနည်းပညာနှင့် ပုဂ္ဂလိကကဏ္ဍ အစိုးရဘက်မှ ပံ့ပိုးပေးရန် လိုအပ်” သတင်းမှ စိုက်ပျိုးရေး ပညာရှင် ဒေါက်တာမင်းအောင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment