Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီလိုအခြေအနေမျိုးက နိုင်ငံတကာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေမျိုးပဲ ဖြစ်တယ်။ ဒီလိုအခြေအနေမျိုးကို ကျွန်တော်တို့ အနေနဲ့ ဝေဖန်ချက်မပေးလိုပါဘူး။ သို့သော် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကတော့ အစိုးရ တင်မဟုတ်ဘူး။ ပြည်သူ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီလိုမတည်မငြိမ်ဖြစ်လာမယ့် ကိစ္စအဝဝအားလုံးကို အစိုးရ နိုင်ငံတော်နဲ့ အတူတူပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်။ အားလုံး စုပေါင်းအားလုံးက စည်းလုံးညီညွတ်ပြီး စည်းကမ်းရှိစွာနဲ့ တရားဥပဒေကို လိုက်နာပြီး ဖော်ဆောင်မယ်ဆိုရင် ဗုံးပေါက်တဲ့ကိစ္စတွေ၊ စည်းကမ်းမဲ့ကိစ္စ တွေ ကျော်လွှားနိုင်မှာဖြစ်တယ်။ အာဆီယံ ဥက္ကဌရာထူးဆိုတဲ့ အဆင့် တစ်ဆင့်ကိုရအောင် ယူနိုင်တဲ့မြန်မာနိုင်ငံ ဂုဏ်ယူရမှာဖြစ်ပါတယ်။ အဲဒီ အဆင့်ကို တည်တံ့ခိုင်မြဲဖို့ဆိုတာ နိုင်ငံ အလိုက်က ပြည်သူလူထုအပါအဝင် ငါတို့ဟာဒီလိုဟာမျိုးနဲ့ ထိုက်တန်တဲ့နိုင်ငံနဲ့ လူမျိုးဖြစ်တယ်ဆိုတာကို အားလုံးကပြသနိုင်ဖို့ လိုအပ်ပါတယ်”

အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် Hot News Journal အတွဲ (၄) အမှတ် (၁၆၃) တွင်ပါရှိသော “တည်ငြိမ်အေးချမ်းရေးက အစိုးရတင် တာဝန်ရှိတာမဟုတ်၊ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်” သတင်းမှ ASEAN People’s Forum ဖြစ်မြောက်ရေး အဖွဲ့ဝင်ဖြစ်သူ Social Vision Service ၏ ဥက္ကဋ္ဌ ဦးဆုတ်၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“သူတို့ ဆွေးနွေးပွဲကရလာတဲ့ အချက်တွေကို နိုဝင်ဘာ ၂ ရက် နဲ့ ၃ ရက် မြစ်ကြီးနားမှာ အစိုးရနဲ့ ထပ်ဆွေးနွေး မယ်။ အဲဒီအခါကတော့ ကေအိုင်အိုတစ်ဖွဲ့တည်း မဟုတ်တော့ဘူး။ အားလုံး ၁၆ ဖွဲ့နဲ့ ညှိမှာပေါ့။ အစိုးရဘက် ကလည်း လိုက်လျော မယ့်သဘောရှိပါတယ်။ နှစ်ဖက် အိုကေ ပြီဆိုရင်တော့ နိုဝင်ဘာလကုန်လောက်မှာ အလုံးစုံ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုး နိုင်ပါလိမ့်မယ်”

အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၃)၊ အမှတ် (၆၄၄) တွင်ပါရှိသော “အလုံးစုံ အပစ်ရပ်စဲရေး လိုင်ဇာ၌ အဖြေရှာမည်” သတင်းမှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တစ်ဦး ဖြစ်သူ ဦးလှမောင်ရွှေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


“ကျွန်တော်တို့အဖွဲ့က JICA နဲ့ ပူးပေါင်းပြီးတော့ရထားလမ်းတစ်လျှောက် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ကျွန်တော်တို့ တွေ့ရှိချက်တွေကို ပြည်သူထံ ပြန်လည် တင်ပြမှာဖြစ်ပါတယ်။ ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ယူမှာပါ။ ရထားလမ်းကို အဆင်မြှင့်တင် တဲ့နေရာမှာ မူလကရှိပြီးသားကို ပြန်လည်ပြုပြင်တာဖြစ်တဲ့အတွက် မြေယာသိမ်းရမှာတွေ၊ အခြား သဘာဝထိန်းသိမ်းရေး နယ်မြေတွေ၊ သစ်တောကြိုးဝိုင်းတွေကို ဖြတ်သန်းဖောက်လုပ်ထားခြင်း တစ်ခုမှ မရှိပါဘူး။ ဒါကြောင့် အဆင်ပြေပါတယ်။ လမ်းကောင်းသွားရင် ရထားက အရှိန်နှုန်းမြန်မြန်နဲ့ သွားတဲ့အခါ အသံပိုဆူလာမလား။ ဒါတွေကို ဘယ်လိုလျှော့ချမလဲ စတာတွေကအစ ကျွန်တော်တို့ လေ့လာသွားမှာပါ”

အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၃)၊ အမှတ် (၆၄၄) တွင်ပါရှိသော “ဂျပန် နိုင်ငံက ကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်ရန် ပြင်ဆင်” သတင်းမှ Royal Tree Services မှ ဒါရိုက်တာ ကိုအေးသီဟ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့အနေနဲ့ကတော့  အထက်ကလူတွေကို ပြင်ရင်ရလာမယ့် အကျိုးကျေးဇူးက အားလုံးခံစားရမယ်။ ဒီလိုပြင်တဲ့ ရလဒ်က အာလုံးနဲ့ဆိုင်တယ်ဆိုတာကို သိတဲ့ခံစားမှုမျိုးရှိလာအောင်လုပ်ရမယ်။ နောက်တစ်ခုက တစ်ကယ်လို့ မပြင်ဘဲသွားရင် ရင်ဆိုင်ရမယ့် အကျိုးခံစားမှုနဲ့ စိန်ခေါ်မှုတွေက အားလုံးနဲ့ဆိုင်တယ်။ မပြင်ချင်တဲ့သူတွေက မပြင်ချင်ကြဘူး။ မပြင်ချင်တဲ့ သူတွေအပါအဝင် အားလုံး ကြုံတွေ့ရမယ့် ပြဿနာဖြစ်တယ်ဆိုတာကိုရယ်၊ ပြင်နေတဲ့ဟာကပြင်ရင် အကျိုးရှိမယ်။ မပြင်ရင် အန္တရာယ်ရှိတယ်။ စိန်ခေါ်မှုတွေရှိတယ် ဆိုတာကိုရယ် အားလုံးက လက်ခံအောင်လုပ်နိုင်ရင် ကျွန်တော်တို့ အောင်မြင်မှာပါ။ ၂၀၁၄ မှာ ညီလာခံ လုပ်မယ်ဆိုတာ ကိုတော့ ကျွန်တော့အနေနဲ့ကတော့ လုပ်မှလုပ်တယ်လို့ပြောလို့ရမယ် ထင်ပါတယ်။  မလုပ်သေးဘဲနဲ့တော့ မပြောချင်ပါဘူး”

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၉) အမှတ် (၁၇) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်းအပေါ်အမြင်များ” သတင်းမှ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပါတီပေါင်းစည်းရေးကို မွန်ပြည်သူတွေရော၊ သံဃာတွေရော လုပ်နေတာကြာပါပြီ။ ပေါင်းကြမှာပါ။ ပါတီနှစ်ခုကို တစ်ခုထဲ ဖြစ်ဖို့ လုပ်တဲ့နေရာမှာ အခက်အခဲ နည်းနည်းတော့ရှိတာပေါ့။ အလုပ်အမှုဆောင်နှစ်ခုရှိတာကို တစ်ခုတည်းဖြစ်အောင် ပါတီ စည်းမျဉ်း၊ စည်းကမ်းနှစ်ခု ဖြစ်တာကို တစ်ခုတည်းဖြစ်အောင် ညှိရမှာတွေရှိတယ်။ ပါတီနှစ်ခုလုံးရဲ့ ရည်မှန်းချက်က အတူတူပါပဲ။ အဓိကကတော့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ပါပဲ”

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “မွန်ပါတီနှစ်ခု ပေါင်းစည်းရန် ညှိနှိုင်းနေ” သတင်းမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဦးနိုင်ငွေသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment