Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာနိုင်ငံ၏ မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ကုလကိုယ်စားလှယ် ရှုတ်ချ

(Reuters မှ 25 Oct 2013 ရက်စွဲပါ “UN envoy slams Myanmar’s anti-muslim violence”  သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးအလွန် ထွက်ပေါ်လာသော နိုင်ငံရေး၊ စီးပွားရေး အထင်ကရ ပြောင်းလဲမှုများကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေသော အကြမ်းဖက်ဘာသာရေး အဓိကရုဏ်းများသည် မွတ်ဆလင် ဆန့်ကျင်ရေး ခံစားမှုကို ပုံဖော်နေသည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောကြားလိုက်သည်။

“နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတဲ့ ရခိုင်ပြည်နယ် အနေအထားဟာ မွတ်ဆလင် မုန်းတီးရေး ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်နေသလိုပါပဲ” ဟု ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တို့မာ့စ်အိုဂျာကင်တာနာ က ကြာပတေးနေ့တွင် ပြောကြားသည်။

လူ့အခွင့်အရေးကိစ္စများကို ဆွေးနွေးသည် ကုလအထွေထွေညီလာခံ တတိယကော်မတီသို့ ပြောကြားရာတွင် ကင်တာနာ က “မွတ်ဆလင် အသိုင်းအဝိုင်း အထူးသဖြင့် ရိုဟင်ဂျာတို့အပေါ် ခွဲခြားဆက်ဆံမှုကိစ္စကို မဖြေရှင်းနိုင် သေးပါဘူး။ ဇွန်လ အကြမ်းဖက်မှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုအပါအဝင် ဆိုးဆိုးဝါးဝါး ချိုးဖောက်မှု များကိုလည်း မဖြေရှင်းနိုင်သေးပါဘူး” ဟု ဆိုပါသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ မစ်ရှင် ကိုယ်စားလှယ်က တတိယကော်မတီသို့ ပြန်လည်ပြောဆိုရာတွင် “မြန်မာ နိုင်ငံရဲ့ လက်ရှိ အထင်ကရ ဒီမိုကရေစီပြောင်းလဲမှုတွေဟာ အစိုးရရဲ့ စိတ်နေသဘော ပြောင်းလဲလာတာကို အထင်ရှား ဆုံး ပြသနေပါတယ်။ အရေးကြီးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလမှာ စိန်ခေါ်မှုတွေကို မဖြုံတဲ့နိုင်ငံ ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ မမျှော်လင့်တဲ့လူမျိုးရေး အကြမ်းဖက်မှုက တဆင့် ရက်စက်တဲ့ ရာဇဝတ်မှုတွေပေါက်ဖွားလာတာကို ရင်ဆိုင်ခဲ့ရပါတယ်။ နှစ်ဖက်စလုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှု အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါတယ်” ဟု ရှင်းလင်းတင်ပြခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တာနာက “မြန်မာနိုင်ငံရဲ့ ဘာသာမတူ၊ မျိုးနွယ်မတူ ပြည်သူတွေအကြားမှာ ယုံကြည်မှု၊ လေးစားမှု၊ ကိုယ်ချင်းစာမှုတွေ အပြန်အလှန်ထားရှိဖို့ လိုအပ်နေတာကို အလေးထား ဖော်ပြတဲ့ မိန့်ခွန်းတွေကို သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်”

“ဒါပေမယ့်လည်း ခွဲခြားဆက်ဆံရေး အယူအဆတွေ ပျံ့နှံ့နေတာတွေကို ကိုင်တွယ်ဖို့နဲ့ မလုံခြုံတဲ့ လူနည်းစု ပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် အစိုးရအနေနဲ့ အများကြီးလုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။” ဟု ဆက်လက်ပြောကြားသွားသည်။

မြန်မာလူဦးရေသန်း ၆၀ အနက် မွတ်ဆလင်ဦးရေမှာ ခန့်မှန်းခြေ ၅ ရာခိုင်နှုန်းခန့် ရှိသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment