Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(New Indian Express မှ 28 Oct 2013 ရက်စွဲပါ India-Thailand road link by 2015 ကိုဘာသာပြန်ဆိုသည်)

(Financial Times မှ 28 Oct 2013 ရက်စွဲပါ “Myanmar offers Loses in mobile licence contest second chance” သတင်းကို ဘာသာပြန်ဆိုသည်)

(The Diplomat 26 Oct 2013 “Burma’s President will not run in 2015 elections” သတင်းကို ဘာသာပြန်ဆိုသည်)


၂၀၁၅ တွင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော်ရထားလမ်းစီမံကိန်း ပြီးဆုံးမည်

(New Indian Express မှ 28 Oct 2013 ရက်စွဲပါ India-Thailand road link by 2015 ကိုဘာသာပြန်ဆိုသည်)

ကီလိုမီတာ ၁၆၃၂ ရှည်လျားပြီး ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသော အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဖြတ်ကျော်အဝေးပြေး မီးရထားလမ်းစီမံကိန်းမှာ လာမည့် ၂၀၁၅ ခုနှစ်တွင်ပြီးဆုံးမည်ဖြစ်ပြီး အာရှနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Anil Wadhwa ကပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍပေါင်းစုံဆိုင်ရာ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ အဆိုပါ သုံးနိုင်ငံဖြတ်ကျော် မီးရထားလမ်းစီမံကိန်းတွင် အိန္ဒိယနိုင်ငံဘက်မှ ဒေါ်လာ ၂၅၈ သန်းရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကြောင်း သံအမတ်ကြီး Anil Wadhwa က IANS သတင်းဌာနသို့ ပြောကြားသည်။

“မီးရထားလမ်းတစ်လျောက်မှာ တံတားပေါင်း ၇၁ စင်းကို ကျွန်တော်တို့တည်ဆောက်လျက်ရှိပါတယ်။

မီးရထားကွန်ယက် စတင်ထူထောင်ဖို့ မြန်မာနိုင်ငံကို ကျွန်တော်တို့ချေးငွေသန်း ၅၀၀ ပေးထားပါတယ်”ဟု ၎င်းက ဆိုသည်။

သံအမတ်ကြီး Anil Wadhwa သည် ဘင်္ဂလားဒေ့ရှ်မှ ထိုင်းနိုင်ငံဘန်ကောက်သို့ SpiceJet လေကြောင်းလိုင်း၏ နိုင်ငံတကာ လေကြောင်းခရီးစဉ် ပျံသန်းဆိုက်ရောက်ခြင်း အထိမ်းအမှတ်အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် အိန္ဒိယအကြား လေကြောင်းခရီးစဉ်မှာ တစ်ပတ်လျှင် ၁၅၆ ခုရှိသည်ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အိန္ဒိယနိုင်ငံရှိ မြို့ပေါင်း ၁၀ မြို့သို့လေကြောင်းခရီးစဉ်များ ပြေးဆွဲပျံသန်းလျက်ရှိ သည်။ “အိန္ဒိယက လေကြောင်းလိုင်းတွေအတွက် အပြုသဘောဆောင်တဲ့ အနေအထားတစ်ခုဆိုရင်မမှားပါဘူး” ပာု ၎င်းကဆို သည်။

ယမန်နှစ်က ထိုင်းနိုင်ငံသို့ အိန္ဒိယနိုင်ငံမှတိုးရစ် ၁ ဒသမ ၁၅ သန်းခန့်သွားရောက်လည်ပတ်ခဲ့သည်။ တစ်ချိန်တည်း မှာပင် အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်သူ ထိုင်းတိုးရစ် ၈၈၀၀၀ ခန့်ရှိခဲ့သည်။

“ယခုနှစ်ထဲမှာလည်း တိုးရစ်ဦးရေမြင့်တက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ၎င်းကဆိုသည်။

ထိုင်းသည် အိန္ဒိယအတွက် ရုပ်ရှင်ရိုက်ကူးရန် နေရာတစ်ခုဖြစ်သည်မှာ မှန်သော်လည်း လက်ရှိအနေအထားတွင် အိန္ဒိယနိုင်ငံသား များအနေဖြင့် ထိုင်းနိုင်ငံကို လက်ထပ်မင်္ဂလာပွဲများပြုလုပ်ရာ နေရာတစ်ခုအဖြစ် ရွေးချယ်လာသည့် အလေ့အထ သစ်တစ်ခုပေါ်ထွန်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

“အဲဒီစီးပွားရေးလုပ်ငန်းတစ်ခုတည်းရဲ့တန်ဖိုးဟာ တစ်နှစ်ကို ဘတ်ငွေ ၃၀ ကနေ ၄၀ ဘီလီယံအထိရှိတယ်။ တစ်နှစ်ကို ခန့်မှန်းခြေ ၁၅ ကနေ ၂၀ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်”ဟု သံအမတ်ကြီးကပြောကြားသည်။  


မိုဘိုင်းဖုန်းလိုင်စင်အတွက် ဒုတိယတစ်ချီမကျေပွဲနွှဲရန် မြန်မာဖိတ်ခေါ်

(Financial Times မှ 28 Oct 2013 ရက်စွဲပါ “Myanmar offers Loses in mobile licence contest second chance” သတင်းကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သောလပိုင်းအတွင်း မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းလိုင်စင်နှစ်ခုအတွက် ပြိုင်ဆိုင်ရာတွင် နောက်ကောက်ကျခဲ့ သော မိုဘိုင်းဖုန်းကုမ္မဏီများအား နိုင်ငံပိုင်အော်ပရေတာ MPT နှင့်အတူ ဈေးကွက်ဝေစုခွဲယူရန် ဖိတ်ခေါ်ထား ပြီ ဖြစ်သည်။

MPT နှင့် ပူးပေါင်းလုပ်ကိုင်ရန် အစိုးရကဖိတ်ခေါ်ထားသော ထိပ်သီးဆက်သွယ်ရေး ကုမ္မဏီကြီးများထဲတွင် Vodafone နှင့် Orange တို့ပါဝင်ပါသည်။

နိုင်ငံခြား အော်ပရေတာများ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ လက်ရှိစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းတာဝန်နှင့်သီးခြားစီဖြစ်သော အများပိုင်တယ်လီဖုန်းကုမ္မဏီနှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းထူထောင်ရန်အတွက် နိုင်ငံခြား အော်ပရေတာ ကုမ္မဏီများကို မြန်မာအစိုးရကဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအစိုးရက ချဉ်းကပ်ခဲ့သော ကုမ္မဏီများထဲတွင် Vodafone နှင့် Orange အပြင် စင်ကာပူ Sing Tel နှင့် အခြားကုမ္မဏီများလည်း ပါဝင်သည်။

ဇွန်လက ရှုံးနိမ့်ခဲ့သော ကုမ္မဏီ ၂၀ ထဲတွင် တစ်ခုအပါအဝင် ဖြစ်ပြီး၊ ဆန်ကာတင် ၁၂ ဦးထဲမှ တစ်ဦးဖြစ်သူ Digicel ကိုလည်း ယခုတစ်ချီတွင် ပါဝင်ရန် ဖိတ်ခေါ်ထားခြင်း ရှိ/မရှိ မနေ့ညကအထိ သဲသဲကွဲကွဲ မသိရသေးပါ။

Vodafone၊ Orange နှင့် Sing Tel တို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသော ယခုနှစ်ဇွန်လက ဆက်သွယ်ရေးတင်ဒါတွင် နော်ဝေး Telenor နှင့် ကာတာ Ooredoo တို့ အောင်မြင်ခဲ့ကြပြီး ယခုအခါ ၎င်းကုမ္မဏီနှစ်ခုစလုံး အကြိတ်အနယ် ထပ်မံယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်နေကြရဖွယ် ရှိသည်။

ယခု တစ်ကြိမ်အစီအစဉ်သည် ဇွန်လက နှစ်သိမ့်ဆုရခဲ့သော Orange နှင့် ငွေကြေးအင်အား တောင့်တင်းသူ Vodafone တို့အား မိုဘိုင်းဖုန်း ပျံ့နှံ့သုံးစွဲမှု ၁၀ ရာခိုင်နှုန်းမပြည့်သော မြန်မာဈေးကွက်တွင် ဝေစုယူရန် မရေရာသော ဒုတိယအချီမကျေပွဲနွှဲရန် အခွင့်အရေးကိုကမ်းလှမ်းထားသည်။ သို့ရာတွင် နှစ်ပေါင်းငါးဆယ် စစ်အုပ်ချုပ်ရေးအလွန် အသွင်ပြောင်းနေသော နိုင်ငံတွင် နာမည်ပျက်နေသော အစိုးရကုမ္မဏီနှင့် လက်တွဲရသည့် မသေချာ၊ မရေရာမှုကိုလည်း ပတ်သက်ရင်ဆိုင်ရဖွယ် ရှိသည်။

“ဇွန်လက ပထမအချီ တင်ဒါအပြီးမှ Orange က အခြေအနေကောင်းနေပြီး Vodafone ကလည်း အရင်းအနှီး တောင့်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စမှာ လိုင်စင်အသစ်ရဖို့ထက် ပိုမိုရှုပ်ထွေးတဲ့ အားထုတ်မှုတွေ လိုအပ်ပါလိမ့်မယ်။” ဟု ရန်ကုန်အခြေစိုက် အကဲခတ်လေ့လာသူတစ်ဦးက ပြောကြားသည်။

Vodafone နှင့် Orange တို့က MPT ဖက်စပ်လုပ်ငန်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုထားကြသည်။ Sing Tel ကလည်း မြန်မာနိုင်ငံတွင် အခွင့်အလမ်းဆက်လက်ရှာဖွေဦးမည်ဟုသာ ပြောကြားသည်။ မှတ်ချက်ပေးရန် မေးမြန်းခြင်းကို MPT ကလည်း တုန့်ပြန်ခြင်း မပြုပေ။

ဇွန်လက အော်ပရေတာလိုင်စင်ပေးကာနီးတွင် ခရိုနီဖက်စပ်လုပ်ငန်းများကို ဦးစားပေးရန် လွှတ်တော်တွင် ကြိုးပမ်းမှုရှိခဲ့သောကြောင့် ယခုတစ်ကြိမ်ကို စောင့်ကြည့်ရဦးမည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက ဆိုကြသည်။

သို့သော်လည်း ၂၀၁၅ တွင် သမ္မတရွေးပွဲဝင်ရန် မျှော်မှန်းနေသည့် လွှတ်တော်ဥက္ကဌ ဦးရွှေမန်းအနေဖြင့် ပြည်သူလူထုငြိုငြင်မည့် ကိစ္စကို နောက်တစ်ကြိမ်လုပ်မည်ဟု မထင်ကြောင်း အကဲခတ်များက မှတ်ချက်ပေး ကြသည်။


မြန်မာသမ္မတ ၂၀၁၅ ရွေးကောက်ပွဲတွင် မပြိုင်တော့

(The Diplomat 26 Oct 2013 “Burma’s President will not run in 2015 elections” သတင်းကို ဘာသာပြန်ဆိုသည်)

ပြင်ပကမ္ဘာနှင့် မရောမနှော အထီးကျန်နေရာမှ ပြန်လည်ပေါင်းစည်းခဲ့သည့် မြန်မာနိုင်ငံ၏ အရွေ့ကို ကြီးကြပ်ခဲ့သူ သမ္မတဦးသိန်းစိန်က လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင် တော့မည်မဟုတ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်သည်။ ၎င်းသည် ၂၀၁၁ တွင် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာ ခဲ့သည်။

ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ အနာဂါတ်ခေါင်းဆောင်ပိုင်းကိစ္စအပေါ် မရေရာမှုများဖြစ်ပေါ်စေပြီး နိုင်ငံရေးနယ်ပယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ဒီမိုကရက်တစ်များနှင့် တပ်မတော်အစိုးရ လိုလားသော ဖောက်ပြန်ရေးအင်အားစုများအကြား ပြိုင်ဆိုင်မှုပေါ်ပေါက်လာစေနိုင်သည်။

၎င်းဆုံးဖြတ်ချက်သည် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ လွှတ်တော်ဥက္ကဌဦးရွှေမန်းမှ တစ်ဆင့် နိုင်ငံတကာ မီဒီယာများသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။ Reuters သတင်းတွင် “၂၀၁၁ ခုနှစ်က ဖျက်သိမ်းခဲ့သော တပ်မတော်အစိုးရဟောင်း တွင် ဦးသိန်းစိန်ထက် ရာထူးမြင့်သူ ဦးရွှေမန်းသည် တပ်မတော်နှင့် ဆက်ဆံရေး ကောင်းပြီး လွှတ်တော်အမတ်များ၏ လေးစားခြင်းခံရသူဖြစ်၍ ပြုပြင်ပြောင်းလဲလိုစိတ်ရှိသူ အလယ်အလတ်ဝါဒီတစ်ဦးဟု သတ်မှတ်ခံရသည့်အပြင် သမ္မတရွေးပွဲဝင်လိုသော ဆန္ဒကို မဖုံးမကွယ်ထုတ်ဖော်ခဲ့သူ ဖြစ်သည်” ဟု ရေးသားထားသည်။

မြန်မာနိုင်ငံ၌ အသွင်ကူးပြောင်းရေးကို ဦးတည်သည့် မျှော်လင့်မထားသော လမ်းကြောင်းပုံစံတွင် သမ္မတအဖြစ် ဦးသိန်းစိန်ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။ ဦးသိန်းစိန်သည် ၎င်း၏ စီးပွားရေးမူဝါဒများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်ပြုသည့် နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်တွင်း ပြည်ပတွင် အသိအမှတ်ပြု ချီးကျူးခြင်းခံရသည့် ဦးသိန်းစိန်က ၎င်း၏ ဒုတိယသက်တမ်း ပြန်လည်ယှဉ်ပြိုင်ရေး ဆုံးဖြတ်ချက်သည် ကျန်းမာရေးအခြေအနေနှင့် လူထုသဘောထားဆန္ဒအပေါ် မူတည်နေကြောင်း ယခင်ကတည်းက ပြောကြားထားပြီး ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ပြည်ပအင်အားကြီး နိုင်ငံများသာမကပဲ အိမ်နီးချင်းနိုင်ငံများအားလုံးနှင့်ပါ ရင်းနှီးသော ဆက်ဆံရေးထူထောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကဏ္ဍကိုလည်း အခြေခံကျကျ ပြုပြင်ပြောင်း လဲပေးခဲ့သည်။ ၎င်း၏ ယခုနှစ် အစောပိုင်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်သည် ၄၇ နှစ်အတွင်း မြန်မာနိုင်ငံ အကြီးအကဲတစ်ဦး ပထမဆုံးအကြိမ်ဝါရှင်တန်သို့ ခြေချမှုအဖြစ် မှတ်တမ်းဝင်သွားသည်။ တစ်ချိန်တည်းမှာပင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံး ကိုလည်း စီးပွားရေးကိစ္စများနှင့် ပတ်သက်၍ စည်းရုံးလုပ်ဆောင်ခဲ့သည်။ မြန်မာ နိုင်ငံတွင် တရုတ်တို့အပေါ် ရှုမြင်ပုံသည် စီးပွားရေးလုပ်ထုံးလုပ်နည်းများ၊ ပြည်တွင်းပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်အဖြစ် ထွက်ပေါ်လာသော်လည်း မရှေးမနှောင်းမှာပင် အပြုသဘောဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းမှုများကို ပြုလုပ်ခဲ့သည်။

ထိုအတောအတွင်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးလာခဲ့ သည်။ အိန္ဒိယသည် မကြာသေးမှီကပင် မြန်မာနိုင်ငံသို့စစ်ဖက်နည်းပညာတစ်ခုကို ရောင်းချပေးခဲ့ပြီး၊ စီးပွားရေးအရ မြန်မာနိုင်ငံနှင့်ဆက်လက် ထိတွေ့ဆက်ဆံလျက်ရှိသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို မဟာဗျူဟာ မြောက် အရေးပါသော ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်အဖြစ် သတ်မှတ်ပြီး၊ အိန္ဒိယနိုင်ငံကမူ ၎င်းတို့၏ ရေရှည်ခံ အရှေ့မျှော်မူဝါဒ၏ ပထမဆုံးစခန်းအဖြစ် ရှုမြင်သည်။ ထို့အပြင် ဒေသတွင်း အဖွဲ့အစည်း၏ အလှည့် ကျ ဥက္ကဌတာဝန်ကို ယခုလအတွင်း လက်ခံလိုက်ပြီဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် အရေးပါသော မိုင်တိုင်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။

ပြုပြင်ပြောင်းလဲမှုက ထုတ်လုပ်ပေးလိုက်သော အရှိန်အဟုတ် အိန္ဒိယနှင့် တရုတ်အကြားတွင် ရပ်တည်မှု စသည်တို့ကို ထည့်သွင်းစဉ်းစားပါက မြန်မာနိုင်ငံ၏ နောက်တက်မည့် သမ္မတသည် အာရှဒေသတွင်း ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းရင်း တိုင်းပြည်ကို လက်ရှိလမ်းကြောင်းအတိုင်း ဆက်သွားရမည့် ခက်ခဲသောတာဝန်ကို ရင်ဆိုင်ရပေလိမ့်မည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာသို့ဝင်ဆန့်ပေါင်းစည်းရေးအတွက် အသွင်ပြောင်းလမ်းကြောင်းအတိုင်း ဆက်သွားနေသည့်အလျှောက် စိန်ခေါ်မှုများကလည်း နည်းလိမ့်မည်မဟုတ်သောကြောင့် တိုင်းပြည်ကို ရှေ့သို့ဆက်တွန်းရန်အတွက် အမြင်ကျယ်သော ခေါင်းဆောင်မျိုးကို လိုအပ်ပေလိမ့်မည်။ အာဆီယံဥက္ကဌနေရာကို လက်ခံတာဝန်ယူခြင်းနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်က “အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ တစ်ကမ္ဘာလုံးက ကျွန်တော်တို့ကို အနီးကပ်စောင့်ကြည့်နေကြပါတယ်”ဟု ပြောကြားခဲ့သည်။ ၂၀၁၅ တွင်လည်း အလားတူ စောင့်ကြည့် ခြင်းကို ခံရပေလိမ့်ဦးမည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment