Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(30 Oct 2013 ရက်စွဲပါ Reuters မှ  Pairat Temphairojana ရေးသားသော Despite low rating, Myanmar business climate improving- World Bank ကိုဘာသာပြန်ဆိုသည်)

(Bloomberg  မှ 29 Oct 2013  ရက်စွဲပါ “Japanese traders to start Myanmar economic zone within two years” သတင်းကို ဘာသာပြန်ဆိုပါသည်)


မြန်မာနိုင်ငံသည်အဆင့်သတ်မှတ်မှုတွင် နိမ့်ကျနေသော်လည်း စီးပွားရေးရာသီဥတု တိုးတက်ဟု ကမ္ဘာ့ဘဏ် ပြော

(30 Oct 2013 ရက်စွဲပါ Reuters မှ  Pairat Temphairojana ရေးသားသော Despite low rating, Myanmar business climate improving- World Bank ကိုဘာသာပြန်ဆိုသည်)

အီရစ်ထရီးယားနိုင်ငံ၊ ချတ်ဒ်နိုင်ငံတို့ဖြင့်အတူ အဆင့်သတ်မှတ်ချက်အောက်နားတွင်ရှိသော မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဆောင်ရန် လွယ်ကူရေးအတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အံ့သြဖွယ်နှုန်းဖြင့် လုပ်ဆောင်ရာ ဖြစ်နိုင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အချက်ပေးခေါင်းလောင်းသံပင် ဖြစ်ပါသည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများ၊ ခရီးသွားလုပ်ငန်းအလားအလာနှင့် အရေးပေါ် အခြေခံအဆောက်အဦးလိုအပ်ချက်များတွင် ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားသော စီးပွားရေး လုပ်ငန်းများအတွက် သတင်းကောင်းမှာ မြန်မာနိုင်ငံတွင် ထိန်းမနိုင် သိမ်းမရပျံ့နှံ့နေသော လာဘ်ပေးလာဘ်ယူမှုများ၊ ဗျုရိုကရေစီနှင့် ခရိုနီစနစ်များကို ကာကွယ်ရန် တိုးတက်မှုများလုပ်ဆောင်နေပြီဆိုသည့်အချက် ဖြစ်ပါသည်။ စစ်တပ်အုပ်ချုပ်စဉ်က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရခြင်းသည် ကမ္ဘာပေါ်တွင် အန္တရာယ် အများဆုံး နိုင်ငံတစ်ခုတွင် ပါဝင်ပါသည်။

အင်္ဂါနေ့က ကမ္ဘာ့ဘဏ်၏ နှစ်ပတ်လည် “Doing Business” အစီရင်ခံစာတွင် မြန်မာနိုင်ငံအပေါ် အဆင့်သတ် မှတ်မှုစတင်ခဲ့ရာ နိုင်ငံပေါင်း (၁၈၉) နိုင်ငံရှိသည့်အနက် အဆင့် (၁၈၂) သတ်မှတ်ခဲ့ပါသည်။ သို့သော် ထိုသတ်မှတ်ချက်ကို ကြည့်၍ နိုင်ငံအပေါ်ယံ မှတ်ချက်ပြုရန်မူမသင့်ကြောင်း ရန်ကုန်တွင်အခြေစိုက်သော ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် Charles Sehneider က ပြောကြားခဲ့ပါသည်။

“ညွှန်းကိန်းအားလုံးက အဂတိလိုက်စားမှုကိုပဲ ညွှန်ပြနေပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိလာပြီး တင်ဒါ စနစ်ကို သုံးလာနေတော့၊ ဒီလုပ်ငန်းစဉ်မှာ မေးခွန်းအတော်များများ ဖြေပေးလိုက်သလို ဖြစ်သွားပါပြီ” ဟု Sehneider က တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံမှ အမည်ခံအရပ်သားအစိုးရသည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေး စတင် လုပ်ဆောင်ရာ အနောက်နိုင်ငံမျာအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ ပြန်လည်စတင်ပေးရန် ဆယ်စု နှစ် နှစ်ခုခန့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ့မှု ကို တားမြစ်ထားသည့် အရေးယူမှုများ ရုတ်သိမ်းစေရန် ယုံကြည် လာစေပါသည်။

စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ့မှု ရာသီဥတုကို အန္တရာယ်ကြီးလွန်းသော အခြေအနေဟု မှတ်ယူရပါမည်။ အဂတိလိုက်စားမှု၊ တရားဥပဒေအကာအကွယ်ပေးမှု အကန့်အသတ်နှင့်သာရှိခြင်း၊ တင်ဒါစနစ် မရှိပဲ ပွင့်လင်းမြင်သာမှုမရှိသည့် သဘောတူညီချက်များသာ ရှိပါသည်။

အာရှတွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသည် အရေးပေါ်လိုအပ်နေသော အလုပ်အကိုင်များ၊ အခြေခံအဆောက်အဦးများအတွက် ဥပဒေသစ်များ ရေးဆွဲရာတွင် အကူအညီရရန် ပညာရှင်များ ဦးဆောင် ပါဝင်သော အဖွဲ့များဖွဲ့ခြင်းများ လုပ်ဆောင်နေပါသည်။

သို့သော် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးနိုင်ငံများနောက်တွင် များစွာပြုတ်ကျန် နေလျက်ရှိသေးကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်တည်ထောင်ရန် ပျမ်းမျှအချိန်အားဖြင့် မြန်မာနိုင်ငံတွင် (၇၂) ရက် ကြာရှည်သည်ကို စင်္ကာပူတွင် (၂.၅) ရက်၊ ထိုင်းတွင် (၂၇.၅) ရက်နှင့် မလေးရှားတွင် (၆) ရက်ကြာသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

အဆိုပါ လေ့လာမှုအရ ဆောက်လုပ်ခွင့်ပါမစ်ရရှိရေးအတွက် ထိုင်းနိုင်ငံတွင် (၈) ရက်၊ စင်္ကာပူတွင် (၁၁) ရက်၊ မြန်မာနိုင်ငံတွင် (၁၆) ရက်၊ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ရန် ပျမ်းမျှ မြန်မာနိုင်ငံတွင် (၁၁၃) ရက်၊ မလေးရှားတွင် (၃၄) ရက်၊ ထိုင်းနိုင်ငံတွင် (၃၅) ရက်ကြာမည်ဟု သိရှိရပါသည်။

Sehneider ကပြောကြားရာတွင် မြန်မာနိုင်ငံသည် အရာရာနိမ့်ပါးသော အခြေအနေမှ စတင်ရသည်ဖြစ်၍ စည်းမျဉ်းများ၊ လိုင်စင်ကိစ္စများ၊ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားများကဲ့သို့သော နယ်ပယ်များတွင် များစွာ လိုအပ်ချက်များရှိနေဦးမည်ဟု ဆိုပါသည်။

သို့သော် ပြီးခဲ့သည့်နှစ်က ဘဏ်ဥပဒေသစ်၊ အသေးစားငွေချေး ဥပဒေသစ်၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်များကို လွှတ်တော်မှ အတည်ပြုပေးခဲ့ရာ ရင်းနှီးမြှုပ်နှံသူများကို အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ မြေငှားရမ်းခြင်းနှင့် ကဏ္ဍ အတော်များများ တွင် နိုင်ငံခြားပါဝင်မှုခွင့်ပြုခြင်းများသည် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်ရန် သံဓိဌာန် ချထားမှု၏ လက္ခဏာများပင် ဖြစ်ပါသည်။

အတိတ်ကနှင့် မတူသော အဖြစ်အပျက်တစ်ခုမှာ တယ်လီကွန်းလိုင်စင်အတွက် တင်ဒါခေါ်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းကိစ္စကို အများကစောင့်ကြည့်ခဲ့ကြပြီး၊ ကောင်းစွာကျော်ဖြတ်နိုင်ခဲ့ကြောင်း Sehneider ကပြော ပါသည်။ တယ်လီကွန်းကဏ္ဍမှာ မြန်မာနိုင်ငံတွင် အရေးကြီးဆုံးဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်ဟု စီးပွားရေး ပညာရှင်များက ရှုမြင်ပြီး ယခင်က ထိုကဏ္ဍကို နိုင်ငံပိုင်လုပ်ငန်းကသာ လက်ဝါးကြီးအုပ်ထား ခဲ့ပါသည်။

ဇွန်လက ကာတာနိုင်ငံ၏ Orredro နှင့် နော်ဝေး၏ Telenor တို့သည် တင်ဒါအောင်မြင်ခဲ့ပါသည်။

“နောက် နှစ်နှစ်လောက်အတွင်း မြန်မာနိုင်ငံဟာ အခြားအာဆီယံ စီးပွားရေးအသိုင်းအဝိုင်းက အဖွဲ့ဝင်တွေလို လုပ်ဆောင်နိုင်တဲ့အဆင့်ကို အလွယ်တကူရောက်နိုင်ပါလိမ့်မယ်” ဟု Sehneider က ၂၀၁၆ တွင် စတင်မည့် အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းကို ရည်ညွှန်း၍ ပြောဆိုခဲ့ပါသည်။


သီလဝါစက်မှုဇုန်ကို နှစ်နှစ်အတွင်း ဂျပန်ကော်ပရေးရှင်းကြီးများ စတင်တော့မည်

(Bloomberg  မှ 29 Oct 2013  ရက်စွဲပါ “Japanese traders to start Myanmar economic zone within two years” သတင်းကို ဘာသာပြန်ဆိုပါသည်)

ဂျပန်နိုင်ငံ၏ အကြီးဆုံးကော်ပရေးရှင်းသုံးခုသည် မြန်မာနိုင်ငံတွင် နှစ်နှစ်အတွင်း စီးပွားရေးဇုံ တည်ဆောက် မည့် ဖက်စပ်ကုမ္မဏီဖွဲ့စည်းရန်မြန်မာအစိုးရနှင့် သဘောတူလိုက်ကြပြီဖြစ်ပြီး၊ အာရှတစ်လွှားသို့ အီလက်ထရောနစ် ပစ္စည်းအစိတ် အပိုင်းများနှင့် အထည်အလိပ်များတင်ပို့ရန် ရည်မှန်းချက်ရှိသည်။

ရန်ကုန်မြို့တော် အနီးတည်ဆောက်မည့် စီမံကိန်းတွင် မီဆူဘီရှီ၊ ဆူမီတိုမို နှင့် မာရူဘီနီ တို့က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး၊ ကျန်ရှယ်ယာကို မြန်မာအစိုးရနှင့် ပြည်တွင်းကုမ္မဏီများက ပိုင်ဆိုင်သည်ဟု ဂျပန်ကုမ္မဏီသုံးခုက ပူးတွဲကြေညာ ချက် ထုတ်ပြန်သည်။ စီမံကိန်းနေရာတွင် လျှပ်စစ်ဓါတ်အား၊ ရေနှင့် ပို့ဆောင်ရေး အခြေခံ အဆောက်အဦးစနစ်များအတွက် ယန်းငွေ ၁၇ ဘီလီယံ (ဒေါ်လာ ၁၇၄ သန်း) သုံးစွဲဖွယ်ရှိသည်ဟု ဆိုပါသည်။

ယခု စီမံကိန်းသည် မြန်မာပြည်တွင်း မော်တော်ယဉ်နှင့် ဆောက်လုပ်ရေးပစ္စည်းလိုအပ်ချက် ဖြည့်ဆည်းပေးရန် နှင့် ဂျပန်၊ တရုတ် အပါအဝင် အာရှနိုင်ငံများသို့ တင်ပို့မည့် ထုတ်လုပ်မှုလိုင်းထူထောင်ရန်အတွက် အလွန့် အလွန် အလားအလာကောင်းသည်ဟု မာရူဘီနီကုမ္မဏီ၏ ပို့ဆောင်ရေးစနစ် စီမံကိန်းဌာန ဒုတိယဌာနမှူး တိုရူကာဘီယ က တိုကျိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်ငါးဆယ် စစ်အုပ်ချုပ်ရေးအလွန် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး တံခါးဖွင့်နေသော ကြောင့် Nissan,Canon,Hitachi စသော ဂျပန်ကုမ္မဏီများ၏ စက်ရုံများတည်ရှိရာ ထိုင်းနိုင်ငံကဲ့သို့ စရိတ် သက်သာသော ထုတ်လုပ်မှု အခြေစိုက်နေရာတစ်ခု နောက်ထပ်ထူထောင်ရန် ဂျပန်နိုင်ငံအတွက် အခွင့်အရေး ရရှိလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးကာလအတွင်း သက်တမ်းလွန်အကြွေး ဒေါ်လာ ၁၁ ဘီလျံခန့် အနက် အများစုမှာ ဂျပန်နိုင်ငံသို့ပေးရန် ကျန်ရှိနေခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန်အာဏာရလာပြီးနောက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်း အောင် ဂျပန်တို့က ကြိုးစားလာခဲ့ကြရာ မနှစ်က တိုကျိုသို့ ဦးသိန်းစိန်အား ဖိတ်ကြားခဲ့ပြီး မေလတွင် ဂျပန် ခေါင်းဆောင်တစ်ဦး၏ ၃၆ နှစ်အတွင်း ပထမဆုံးမြန်မာခရီးစဉ်အဖြစ် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ချေးငွေအသစ်ပေးရန် ကမ်းလှမ်းခဲ့ပြီး၊ ဂျပန်သို့ မြန်မာတို့ပေးရန် ရှိသော ကြွေးဟောင်း ဒေါ်လာ ၆.၆ ဘီလီယံကို လျှော်ပေးမည့် အစီအစဉ်ကို အတည်ပြုပေး ခဲ့သည်။

သီလဝါစက်မှုဇုံ

သီလဝါစက်မှုဇုံသည် ကနဦးအဆင့်တွင် ၄၀၀ ဟက်တာ (၉၈၈ ဧက) ကျယ်ဝန်းပြီး ကုမ္မဏီ ၅၀ မှ ၁၀၀ ခန့် အထိ အပေါ့စား ထုတ်လုပ်မှုလုပ်ကိုင်ရန် လုံလောက်မှုရှိသည်ဟု ကာဘီယက ပြောကြားသည်။

“နောက်ထပ် ဟက်တာ ၂၀၀၀ အတွက် ဖြစ်နိုင်ခြေလေ့လာမှုကို ပြုလုပ်နေဆဲဖြစ်သည်ဟု ဂျပန်စက်မှုဝန်ကြီး ဌာန ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးဗျူရိုမှ ဒါရိုက်တာ တိုမိုယဆာတို က တိုကျိုသတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသည်”

ဂျပန်နိုင်ငံသည် ရန်ကုန်မြို့တော်တောင်ဖက် ၁၄ မိုင်အကွာရှိ သီလဝါစက်မှုဇုံ ဖွံ့ဖြိုးရေးကို အမျိုးသားအဆင့် စီမံကိန်းအဖြစ် သတ်မှတ်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ စီမံကိန်းနေရာတွင် ကားလမ်း၊ လျှပ်စစ် ဓါတ်အား၊ မိလ္လာစနစ် စသော အခြေခံ အဆောက်အဦးစနစ်များ လိုအပ်နေသည်ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

ကုန်စည်ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်း၊ လက်လီရောင်းချခြင်းအထိ လုပ်ငန်းကျယ်ပြန့်သော ဂျပန်ကော်ပရေးရှင်း များသည် မြန်မာနိုင်ငံတွင် စက်မှုဇုံ ထူထောင်ရန် ယခင်နှစ်အစောပိုင်းကတည်းက စတင်လေ့လာခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လစ်လျူရှုထားမှုကြောင့် ယိုယွင်းပြိုကျနေသည့် ငွေကြေးနှင့်စီးပွားရေးကဏ္ဍကို ခေတ်မှီအောင် သမ္မတဦးသိန်းစိန်က အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီးနောက် General Electric (GE),Telenor,Caca Cola အစရှိသော နိုင်ငံတကာ ကုမ္မဏီကြီးများကို ဆွဲဆောင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံတွင်း အခြားစက်မှုစီမံကိန်းများတွင်လည်း ဂျပန်နိုင်ငံပါဝင်ပတ်သက်မှုကို လိုအပ်နေသည် ဟု ဆာတိုက ဆက်လက်ပြောကြားသော်လည်း အသေးစိတ်ရှင်းလင်းခြင်း မပြုပါ။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment