Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒါ ပထမဆုံးအကြိမ်ပါ။ ဒီလိုလုပ်သင့်တာ ကျွန်မတို့မြန်မာနိုင်ငံမှာ ကြာပါပြီ။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အမျိုးသမီးကဏ္ဍ၊ အမျိုးသမီးဦးရေတွေက လူဦးရေတစ်ဝက်ကျော်တယ်။ အဲ့ဒါကြောင့် အင်အားတွေကို ပြန်လည်စုစည်းပြီးတော့ ဒီငြိမ်းချမ်းရေး ကဏ္ဍတွေကို တင်ပြရမှာ ဖြစ်ပါတယ်။ အဲလိုသာ စုစုစည်းစည်းနဲ့ အမျိုးသမီးကဏ္ဍဘက်ကနေပြီးတော့ တင်ပြသွားမယ်ဆိုရင် နိုင်ငံတော်ကနေပြီးတော့ ကျွန်မတို့ရဲ့ အမျိုးသမီး က၊ အမျိုးသမီးများရဲ့အင်အားကို အများကြီးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ခေါင်းစဉ်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ဆိုတဲ့ အပိုင်းက သိပ်ကိုအရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအမှတ် ၁၃၁၅ မှာလည်း အမျိုးသမီးတွေဟာ ပြည်တွင်း ငြိမ်းချမ်း ရေးတွေမှာ ပါဝင်ပတ်သက်ဖို့ ဆုံးဖြတ်ချက်ချထားတယ်။ ကျွန်မတို့နိုင်ငံကလည်း UN မှာ လက်မှတ်ထိုး ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၁၅ ကို လိုက်နာဖို့ တာဝန်ရှိပါတယ်”

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “ပြည်တွင်းငြိမ်းချမ်း ရေးအတွက် အမျိုးသမီးများပါဝင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကျင်းပ” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

“ဒီ ညီလာခံက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်သွားမယ်ဆိုတဲ့ အဆင့်ထိပဲရောက်မယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးဖို့အထိတော့ ရဦးမှာမဟုတ်ဘူး။ အပစ်အခတ်ရပ်ဖို့ကို တောင် လက်နက်ကိုင်တစ်ဖွဲ့ချင်းစီနဲ့ လက်မှတ်ထိုးရာမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဘာ့ကြောင့်မဖြစ်နိုင်သလဲဆိုတော့ ခုထိဆွေးနွေး သလောက်တော့ တိုင်းရင်းသားအရေးတွေ အာမခံချက် မရှိ ဘူး။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုလည်း တာဝန်ယူ ထားတာ မတွေ့ရဘူး။ ဒီနှစ်ခုကို တာဝန်ယူမယ် ဆိုရင်တော့ လွှတ်တော်ပြင်ပညီလာခံ ကျင်းပပြီး ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပွဲ ဖြစ်သွားနိုင်ပါတယ်”

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “လိုင်ဇာတွင် ကျင်းပသော ညီလာခံမှာ အပစ်အခတ်ရပ်စဲရေးအဆင့်အထိသာရှိဟု ဆို” သတင်းမှ  NLD (LA) ပါတီဥက္ကဌ ရဲဘော် ထွန်းအောင်ကျော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“သမိုင်းကို မေ့ပစ်လို့မရဘူး။ ဒီမိုကရေစီတကယ်လုပ်ချင်တယ်ဆိုရင် တကယ်ပီပြင်တဲ့လုပ်ငန်းတွေ လုပ်ရမယ်။ အခုဟာက ရှေ့ကိုဆက်ကြည့်ရဦးမယ့် အခြေအနေမျိုးမှာပဲ ရှိနေတယ်။ ဒီနေ့ နိုင်ငံရေးအခင်းအကျင်းအရ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ဖို့အတွက် ကြိုးပမ်းရဦးမှာ ဖြစ်တယ်”

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၈၁) တွင်ပါရှိသော “ကျန်ရှိနိုင်ငံရေးအကျဉ်းသား ခြောက်ရာကျော်အတွက် စိစစ်နေပြီဟုဆို” သတင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရန်ရွှေ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


 

“နိုင်ငံရေးဆိုင်ရာ ကတိကဝတ်တွေ၊ နိုင်ငံတကာ ကတိကဝတ်တွေကို လိုက်နာဖို့ လိုပါတယ်။ ဘယ်လောက် ထိ ပွင့်လင်းမြင် သာမှုရှိမလဲ၊ ချေးငွေတွေကို ဘယ်လိုချပေးမလဲ၊ ၂၀၁၄ အပစ်အခတ်ရပ်စဲရေးနဲ့၊ ၂၀၁၅ ရွေးကောက်ပွဲ ဘယ်လောက်ပွင့် လင်းမြင်သာမှုရှိမလဲ အားလုံးကဆက်စပ်နေတယ်။ ပြည်တွင်းစီးပွားရေး၊ စစ်ရေး မတည်ငြိမ်မှုတွေက FDI နဲ့ပို့ကုန်အတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေတယ်။ ကုန်ပစ္စည်း အရည်အသွေး ထိန်းချုပ်မှု၊ အခြေခံ အဆောက်အအုံ အရည်အသွေး စစ်ဆေးရေးတွေ ကလည်း အရေးကြီးပါတယ်”

နိုဝင်ဘာလ ၃ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၁) အမှတ် (၄၅ ) တွင်ပါရှိသော “အမေရိကန်၏ အထူး အခွန် ကင်းလွတ်ခွင့် US.GSP နှင့်အတူ ပြင်ဆင်စရာ ယှဉ်ပြိုင်စရာများနှင့် ၂၀၁၄” ဆောင်းပါးမှ စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းအောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“အခုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုရော ဘယ်လိုမြင်လဲ။

အခု လိုင်ဇာမှာလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ညီလာခံဟာ အလွန်အရေးကြီး တယ်လို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အခုကတစ်နိုင်ငံလုံး သေနတ်သံငြိမ်းသွားအောင် အပစ်အခတ် ရပ်နိုင်အောင် လုပ်ပြီးတော့မှ တိုင်းရင်းသားတွေလိုလားတောင့်တနေတဲ့ အဓိပ္ပာယ်ပြည့်ဝပြီး ကျယ်ပြန့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလို သွားကြရ မှာ။ အဲ့ဒါလို အစီအမံနဲ့ လုပ်ဖို့ဆိုရင် တိုင်းရင်းသား အဖွဲ့အစည်းတွေက ဗဟို ဆုံးဖြတ်ချက် ချနိုင်ဖို့လိုအပ်တယ်။ ဒါ့ကြောင့်မို့ လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဆုံကြတာပေါ့လေ။ ပြောချင်တာက ဒီဆွေးနွေးပွဲဟာ သမိုင်းစာမျက်နှာတစ်ခုကို လာနိုင်မယ်လို့ အန်ကယ် အဲ့ဒီလို မျှော်လင့်နေပါတယ်”

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် “KIO ရယ် ဘယ်အဖွဲ့အစည်းရယ်လို့ ခွဲခြားနေလို့မရတော့ဘူး။ ဘုံသဘောတူညီ ချက်ကို လုပ်နေကြတာကိုး” အင်တာဗျူးမှ ကချင်ပြည်နယ်ဒီမိုကရေစီပါတီထောင်ခွင့်ရသည့် KIO ခေါင်းဆောင် ဟောင်း ဒေါက်တာတူးဂျာ ၏ ဖြေကြားချက်အား ကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment