Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

အိန္ဒိယနှင့် နယ်စပ်လုံခြုံရေးကိစ္စ မြန်မာကာကွယ်ရေးဦးစီးချုပ် အလေးထားပြောဆို

(IANS မှ 31 Oct 2013 ရက်စွဲပါ “Myanmar defense chief stresses border security with India” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံနှင့် နယ်စပ်တွင် တည်ငြိမ်မှုနှင့် လုံခြုံမှုရှိရန် လိုအပ်ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလေးထားပြောဆိုသည်ဟု ကြာသာပတေးနေ့ သတင်းများက ဆိုပါသည်။

နေပြည်တော်တွင် အိန္ဒိယစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီဂရမ်ဆင်းနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အေးချမ်းမှုနှင့် တည်ငြိမ်မှုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အောင်မြင်ရေးတွင် အရေးကြီး သော ကဏ္ဍမှပါဝင်သည်ဟုလည်း ပြောကြားခဲ့ကြောင်း Yinhua သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

“အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံအကြား ဆယ်စုနှစ်ချီ ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုများရှိခဲ့ခြင်း နယ်စပ်ဒေ သများတွင် ပိုမိုအေးချမ်းခြင်း၊ အခြားဒေသများထက် ပိုမိုတည်ငြိမ်မှုရှိခြင်းတို့အတွက် ကျေးဇူးတင် ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု သိရှိရသည်။

ဗိုလ်ချုပ်ကြီး ဘီဂရမ်ဆင်း ကလည်း နယ်စပ်တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံ အတည်ပြုပြော ဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး ဘီဂရမ်ဆင်း သည် ဗုဒ္ဓဟူးနေ့တွင် မြန်မာသမ္မတဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး နှစ်နိုင်ငံခေါင်းဆောင်များ လက်မှတ်ထိုးထားသော နောက်ဆုံးသဘောတူညီချက်များ အကောင်အထည်ဖော်ရေး နှင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံက အကူအညီပေးရေး တို့ကိုဆွေးနွေးခဲ့သည်ဟု သိရှိရ သည်။

အိန္ဒိယစစ်တပ်အကြီးအကဲသည် နှစ်ရက်အကြာ အလည်အပတ်ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ကလည်း အိန္ဒိယကာကွယ်ရေး ဝန်ကြီး အေကေအန်တိုနီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

အိန္ဒိယနိုင်ငံသည် ရေတပ်သုံး ရေဒါထောက်လှမ်းရေးစနစ်တစ်မျိုးကို မကြာသေးမှီက မြန်မာနိုင်ငံသို့ ရောင်းချပေး ခဲ့ပြီး မြန်မာ့တပ်မတော် ခေတ်မှီရေးအတွက် စစ်လက်နက်ပစ္စည်းကိရိယာများ ရောင်းချပေးရန် ရှိသည်ဟုသိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment