Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ရခိုင်တိုင်းရင်းသားတွေတောင်းဆိုတာ ၁၉၈၂ ဥပဒေနဲ့ ဖြေရှင်းပေးပါ။ အဲ့ဒီပာာနဲ့ မဖြေရှင်းပေးသမျှ မီးကိုခဏလေးရေနဲ့ ဖြန်းလို့သေသွားတာမျိုးဖြစ်မယ်။ အဲ့ဒီမှာ မီးကြွင်းမီးကျန်ရှိသေးရင် ပြန်ပြီးထ လောင်မယ်။ ကျွန်တော်ကတော့ နိုင်ငံတော် အစိုးရပာာ ပြယုဂ်တစ်ခုလောက်ပဲကြည့်တယ်။ ဒေသကပြည်သူတွေရဲ့ အနေအထားကို မကြည့်ဘူးလို့ပဲ မြင်တယ်”

နိုဝင်ဘာလ ၃ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေး ကော်မတီ အစိုးရနာမည်ကောင်းရရန်သာ လုပ်ဆောင်နေပာုဆို”သတင်းမှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“Social Budget, Social Investment ဆိုတာတွေက ဝန်ကြီးဌာနသုံးခုပေါင်းကိုခေါ်လိုက်တာ ကလေးတွေ အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအကုန်လုပ်ပေးရမှာ။ နောက်လာမည့် ဘတ်ဂျက်တွေမှာ လိုအပ်တဲ့အတိုင်းတိုးဖို့ တောင်းခံ ရမယ်။ Plan ပါရမယ်။ ဘာလုပ်မယ်ဆိုတဲ့ Plan မပါဘဲနဲ့ ပိုက်ဆံတစ်ရာလိုချင်ပါတယ် ပြောလို့မရဘူးလေ။ အဲ့ဒီတစ်ရာကို ဘယ်လိုသုံးမလဲဆိုတာကို Plan ပါမယ်။ ဒါပေမဲ့ ခုကပြောသလို အခြားနိုင်ငံတွေနဲ့ စာရင်းနည်းနေသေးတာပေါ့။ သက်ဆိုင်ရာဝန်ကြီးဌာနက စရမှာပေါ့။ ငွေတွေက အပောာသိကံဖြစ်ကုန်ပြီလေ။ Plan ပါရင် Plan အတိုင်းလုပ်မလုပ် စစ်ဆေးလို့ရမယ်။ စစ်ဆေးဖို့လုပ်တာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနလုပ်တယ်။ ပြီးတော့မှ စာရင်းစစ်ချုပ်ရုံးက လုပ်တယ်ပေါ့နော်။ ဒီထက်လုပ်နိုင်တဲ့ ယန္တရားတစ်ခုရှိရင် ပိုကောင်းတာပေါ့”

နိုဝင်ဘာလ ၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ကျောင်းဆရာ ဆရာမများ အတွက် တစ်နှစ်စာလစာငွေကုန်ကျစရိတ် ကျပ် ၄၄ ဒဿမ ၄ ဘီလျံ ၈ ရက်၊ ၈ နာရီ၊ ၃၁ မိနစ်စာ ဓာတ်ငွေ့ ရောင်းရသော ဘဏ္ဍာငွေနှင့် ညီမျှပာုဆို”သတင်းမှ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံက အစိုးရတွေက လုပ်လိုက်၊ တွေးလိုက်ရင် အဆန်းကြီးပဲ။ လျှပ်စစ်ပေးလို့ ရှုံးနေရင် ရသုံးမှန်းခြေငွေ စာရင်းကိုကြည့် လိုငွေပြတာတွေအတွက် တကယ်လုပ်ဖို့မလိုတဲ့ ကဏ္ဍတွေမှာ လျှော့သုံးပေါ့။ ဘာဖြစ်လို့ ပြည်သူတွေ ဒုက္ခရောက်စေမယ့်နည်းကို စဉ်းစားတာလဲ။ လျှပ်စစ်မီးဆိုတာ အစိုးရရဲ့ ပြည်သူတွေဆီကနေ အခွန်တွေယူထားတဲ့အတွက် အဆင်ပြေအောင် ပြန်လုပ်ပေးရတဲ့ တာဝန်တစ်ခုပါ။ စီးပွားရေးလုပ်ငန်းမပာုတ်ဘူး”

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “လျှပ်စစ်သုံးစွဲခ သတ်မှတ်ချက်မှာ နိုင်ငံတကာနှင့် ပြောင်းပြန်ဖြစ်နေပာု စီးပွားရေးလုပ်ငန်းရှင်များသုံးသပ်”သတင်းမှ နိုင်ငံတကာအတွေ့အကြုံရှိ စီးပွားရေးပညာရှင် ဦးလှမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ခံဝန်ချုပ် ဝိုင်းကြီးချုပ်စနစ်ပေါ့။ အရင်တုန်းက ညွှန်ကြားချက်ရှိတယ်။ ဒါပေမယ့် အတွင်းစည်းမှာ လက်မှတ်ထိုးထားတာ မရှိကြဘူး။ မရှိတဲ့အတွက်တစ်ဖွဲ့ချင်းအရမ်းမပစ်ပါနဲ့ပြောပေမယ့် ဌာနချုပ်ညွှန်ကြားချက်ပဲဖြစ်တော့ အချို့အဖွဲ့တွေကတော့ အဆင်ပြေသလိုလေး ထိုးလိုက်တာရှိတယ်။ အဲ့ဒီတုန်းက လက်မှတ်တွေမကောက်ခံရသေးဘူး။ အခုဒီတစ်ခေါက်တော့ အတည်ပြုချက်လက်မှတ်ပါ ကောက်ခံလိုက်တဲ့အတွက် တာဝန်ခံမှုကပိုမြင့်လာတယ်။ အားလုံးရဲ့ အသက်သွေးကြော ဖြစ်နေတယ်။ ဒီတစ်ခါထိုးခြင်းကမှားလို့ရှိရင်လည်း နဂုံးချုပ်သွားနိုင်တယ်။ ပျက်သုဉ်းသွားနိုင်တယ်။ ဒါကို အားလုံးက သိကြတဲ့အခါကျတော့ ဒီတစ်ခါထိုးခြင်းကအမှားမခံဘူး။ နောက်ပြီးတော့ သာမန်အားဖြင့် အရင်ပြည်နယ်အဆင့် ထိုးတာနဲ့ မတူဘူး”

နိုဝင်ဘာလ ၃ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော "တိုင်းရင်းသား လက်နက် ကိုင်များအကြား သဘောတူညီချက်များအပေါ်ကတိပျက်ခြင်း လိုင်ဇာသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး စောင့်ထိန်းရန်လက်မှတ်ရေးထိုးခြင်းဖြစ်” သတင်းမှ UNFC တွဲဖက်အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


 

Voice ။ ။ လူတော်တော်များများက အမေရိကန်-မြန်မာ စစ်ရေးဆက်ဆံမှုတွေအပေါ်မှာ စိတ်ဝင်စားနေကြတယ်။ မြန်မာတပ်မတော်အရာရှိတွေ ဘယ်တော့များ အမေရိကန်တပ်မတော် အကယ်ဒမီ(West Point) စစ်တက္ကသိုလ်မှာ ပညာသင်ကြားခွင့်ရနိုင်မလဲ။

Mr.Scot ။ ။ကျွန်တော်တို့ အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံတစ်နိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေးထူထောင်ဖို့၊ စစ်ရေးအရ ဆက်ဆံရေး ထူထောင် ဖို့ ဆိုတာတွေအတွက် အဆင့်ဆင့်လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အခုကျွန်တော်တို့ အမြင်အရ မြန်မာနိုင်ငံမှာ အဓိက ဆောင်ရွက်ဖို့ လိုနေတာက အသွင်ကူးပြောင်းရေး၊ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေးနဲ့ တိုင်ပြည် ကြွယ်ဝ ချမ်းသာစေရေး လုပ်ငန်းစဉ်များ အတွက် လိုက်ဖက်မယ့်၊ သင့်လျော်မယ့်၊ အထောက်အပံ့ဖြစ်စေမယ့် တပ်မတော် တစ်ရပ် ဖော်ဆောင်နိုင်ရေးက အဓိကကျပါတယ်။ အဲ့ဒီအတွက်ပဲ ကျွန်တော်တို့ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာပါ”

နိုဝင်ဘာလ ၃ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ် သတင်းစာပါ "မြန်မာနိုင်ငံဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သံတမန်ရေးရာ ဗဟိုအချက်အချာဒေသ ဖြစ်လာနိုင်ပါတယ်” အင်တာဗျူးမှ အမေရိကန် ပြည်ထောင်စု ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scot Marciel ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment