Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ သဘော တူညီမှုရရှိ

(AFP မှ Nov 2013 ရက်စွဲပါ “Myanmar rebel groups agree on peace plan” သတင်းကိုဘာသာပြန်ဆိုသည်။)

ရိုပာင်ဂျာများ၏ ပင်လယ်ဖြတ်ကူး ထွက်ပြေးမှုများ ပြန်လည်စတင်

(Bangkok Post မှ 2 Nov 2013 ရက်စွဲပါ “UN:People Fleeing Myanmar’s Rakhine”သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ သဘော တူညီမှုရရှိ

(AFP မှ Nov 2013 ရက်စွဲပါ “Myanmar rebel groups agree on peace plan” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့က အကယ်၍၎င်း တို့၏ လိုလားတောင်းဆိုမှုများကို အစိုးရက သဘောတူပါက နိုင်ငံလုံးကျွတ်အပစ်ရပ်စဲရေးကို လက်မှတ်ထိုးကြရန် သဘောတူညီမှုရရှိသွားပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၆၄ နှစ်အတွင်း မရှိခဲ့ဖူးသော နိုင်ငံတစ်ဝှမ်း အပစ်ရပ်စဲရေးနှင့် ပတ်သက်၍ အစိုးရနှင့် စေ့စပ်ညှိနှိုင်း ရန် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် မြောက်ဖက် ၈၉၀ ကီလိုမီတာအကွာရှိ ကေအိုင်အေ ဌာနချုပ် လိုင်ဇာတွင် ၃ ရက်ကြာကျင်းပ ခဲ့သော UNFC ညီလာခံအပြီးတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခွန်ဥက္ကာ “အချက် ၉ ချက်ပါ အပစ်ရပ်အစီစဉ်ကို တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ စုပေါင်းရေးဆွဲခဲ့ကြပါတယ်” ဟုပြောကြားသည်။

နိုင်ငံတစ်ဝှမ်းလုံး အပစ်ရပ်စဲရေးနှင့် ပတ်သက်သည့် အစိုးရ၏ အဆိုပြုချက်ကို ဆွေးနွေးသုံးသပ်ရန် UNFC ညီလာခံကို ခေါ်ယူ ကျင်းပခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ တောင်းဆိုချက်များကို ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် နိုဝင်ဘာ ၄ - ၅ အထိ ကျင်းပမည့် ဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ်များထံ တင်ပြသွားမည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၂၀ အတွင်း အငြင်းပွားဖွယ် ပထမဆုံးရွေးကောက်ပွဲများအပြီး ၂၀၁၁ မတ်လတွင် အာဏာ ရရှိလာသော ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတဦးသိန်းစိန်၏ အစိုးရသည် နိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနက်မှ ၁၄ ဖွဲ့နှင့် အပစ်ရပ်သဘောတူညီမှုများ သီးခြားစီ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများသည် ၁၉၄၉ ခုနှစ်ကတည်းက ၎င်းတို့၏နယ်မြေများတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်များ အား နိုင်ငံလုံးကျွတ် အပစ်ရပ်စဲရေး လက်မှတ်ထိုးကြရန် တိုက်တွန်းထားပြီး လက်မှတ်ထိုးပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စများ အထိုင်ချရေး၊ နိုင်ငံရေးဆွေးနွေးမှုများ လိုက်ပါလာမည်ဟု သိရှိရသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသား ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် အစိုးရက မျှော်လင့် လျက်ရှိသည်။ မည်သည့် နိုင်ငံလုံးကျွတ်အပစ်ရပ်စဲမှုကိုမဆို အစိုးရအပြင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ပါဝင် လက်မှတ်ထိုးရမည်ဟု တိုင်းရင်းသား အုပ်စုများက တောင်းဆိုထားသည်။

ယခုတိုင် အစိုးရစစ်တပ်နှင့် တိုက်ခိုက်နေဆဲဖြစ်သော ကေအိုင်အေအဖွဲ့ကလည်း အခြားတိုင်းရင်းသားအုပ်စုများနှင့် အတူ နိုင်ငံလုံးကျွတ် အပစ်ရပ်စဲရေးကို လက်မှတ်ထိုးရန် သဘောတူခဲ့သည်။

UNFC ညီလာခံသို့ တရားဝင် တက်ရောက်ခြင်း မရှိသော ဝ တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့သည်  လည်း နိုင်ငံလုံးကျွတ် အပစ်ရပ်စဲရေးကို လက်မှတ်ထိုးကြမည်ဟု မျှော်လင့်ရသည်။

အနောက်အုပ်စုနိုင်ငံကြီးများက မနှစ်က မြန်မာနိုင်ငံအပေါ် sanctions များ ရုတ်သိမ်းပေးရာတွင် တိုင်းရင်းသား အုပ်စု များအား တိုက်ခိုက်မှု ရပ်ဆိုင်းရန် စည်းကမ်းချက် သတ်မှတ်ထားခဲ့သည်။


 

ရိုပာင်ဂျာများ၏ ပင်လယ်ဖြတ်ကူး ထွက်ပြေးမှုများ ပြန်လည်စတင်

(Bangkok Post မှ 2 Nov 2013 ရက်စွဲပါ “UN:People Fleeing Myanmar’s Rakhine”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပဋိပက္ခဘေးအန္တရာယ်ရှိနေသော ရခိုင်ပြည်နယ်မှ လူ ၁၅၀၀ ခန့်သည် ပြီးခဲ့သော သီတင်းပတ်က စက်လှေအစုတ်အပဲ့များဖြင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းထွက်ပြေးလာခဲ့ကြကြောင်း ကုလသမဂ္ဂဒုက္ခသည်အေ ဂျင်စီက ပြောကြားသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲစပြုနေသည့်အချိန်တွင် အနောက်ဘက်ကမ်းရိုးတန်း ရခိုင်ဒေသ၌ ရှိနေသော ဗုဒ္ဓဘာသာ ရခိုင်များနှင့် ဘင်္ဂလားဒေ့ရှ်ဖက်မှ ရွှေ့ပြောင်းအခြေစိုက်သူမွတ်ဆလင်ရိုပာင်ဂျာများအကြား အပြန်အလှန် အကြမ်းဖက်မှုများ မနှစ်က စတင်ဖြစ်ပွားခဲ့သည်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာကီက အဆိုပါအကြမ်းဖက်ဖြစ်ရပ်များကြောင့် စက်လှေအစုတ်များဖြင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းထွက်ပြေးမှုများ အဆမတန်များပြားလာသည်ပာု ပြောကြားသော်လည်း ရိုပာင်ဂျာ တို့ဦးတည်ရာ အရပ်ကိုဖုတ်ဖော်ပြောဆိုခြင်းမပြုပါ။

အဆိုပါ ရိုပာင်ဂျာများ ထွက်ပြေးလာသော သတင်းများသာမကပဲ စက်လှေနစ်မြှုပ်သည့် သတင်းများကိုပါ လက်ခံရရှိထားသည်ပာု ၎င်းကဆိုပါသည်။

ယခုအခါ မိုးရာသီကုန်ဆုံး၍ ပွင့်လင်းရာသီသို့ ရောက်လာပြီဖြစ်ရာ လှေဖြင့်ထွက်ပြေးလိုသူများ ပိုမိုများပြား လာနိုင်ပြီး လူကုန်ကူးသည့် ပွဲစားများ၏ ခေါင်းပုံဖြတ်ခြင်းခံရနိုင်သည့် ကိစ္စအပေါ် UNHCR ကစိုးရိမ်ပူပန်နေသည်ပာု နိုဆာကီက ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment