Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းညီညွတ်ရေး ကော်မတီ ကိုလည်း တင်ပြ ဆွေးနွေးဖို့ လိုအပ်သေးတယ်။ ကိုယ့်ဘာသာကိုယ်တစ်ခါတည်း လက်မှတ်ရေးထိုးလိုက်ရင် လုပ်ထုံးလုပ်နည်းကို ချိုးဖောက် ရာကျတယ်။ မူရင်းတစ်စောင်ကို ဗဟိုကော်မတီကို တင်ပြရမယ်”

နိုဝင်ဘာလ ၄ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “ဗဟိုသို့တင်ပြရန် ကျန်ရှိနေသောကြောင့် RCSS လက်မှတ်မထိုးဟုဆို” သတင်းမှ RCSS မှ အတိုင်ပင်ခံတစ်ဦး ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးအတွက် အခြေခံမူရှစ်ချက်ချပြီး ဆွေးနွေးတဲ့အခါမှာ အချို့အချက်များသာ ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်ညှိ နှိုင်းဖို့အဆင့်များ ကျန်ရှိနေသေးတဲ့အပြင် အဲဒီအဖွဲ့အစည်းအားလုံးရဲ့ လက်ဝယ်မှာလက်နက် များ ရှိနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ အချိန်မရွေး မမျှော်လင့်နိုင်တဲ့အခြေအနေများ ပေါ်ပေါက်လာ နိုင်တဲ့အ တွက် ဟန့်တားနိုင်ဖို့ ဥပဒေ တစ်ရပ်ရှိ နေသေးဖို့ လိုအပ်နေသေးကြောင်း တွေ့ရှိရပါတယ်”

နိုဝင်ဘာလ ၄ ရက်နေ့ထုတ် Flower News Journal အတွဲ (၉) အမှတ် (၄၃) တွင်ပါရှိသော “ဘာသာရေး၊ လူမှုရေး အကြမ်းဖက်မှုများ ဖြစ်ပေါ်နိုင်သဖြင့် ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေကို ပယ်ဖျက်ရန်မ သင့်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြောကြား” သတင်းမှ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“လွှတ်တော်အနေနဲ့က တင်ပြလာတဲ့စီမံကိန်းတွေကို ဘတ်ဂျက်ပိုင်းအပြင် ပြည်သူတွေအတွက် အကျိုးရှိ၊မရှိ ဆိုတာတွေကို စိစစ်ပြီး အတည်ပြုပေးလိုက်တာပဲ။ ဒါပေမဲ့ အောက်ခြေမှာ စီမံကိန်းဧရိယာတွေကြောင့် ငြိမ်းချမ်း ရေး တွေ ထိခိုက်ပြီး ဒေသခံတွေ အကျိုးမဲ့နေတာတွေရှိနေတော့ စီမံကိန်းဒေသအထိ ကွင်းဆင်းလေ့လာသင့် တယ်လို့မြင်ပါတယ်”

နိုဝင်ဘာလ ၄ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၄၂) တွင်ပါရှိသော “လွှတ်တော်က အတည်ပြုပေးလိုက်သည့် ရေကာတာခြောက်ခုအတွက် ဒေသခံများစိုးရိမ်နေ” သတင်းမှ သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ လှုပ်ရှားသူတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခု အထူးအစည်းဝေးက ဘတ်ဂျတ်ကိစ္စကို အဓိကဆွေးနွေးမယ်။ အရင်လက လုပ်သွားတဲ့ ပုံမှန်အစည်း အဝေးမှာက မေးခွန်းမေးတာ၊ အဆိုတင်သွင်းတာနဲ့ အစိုးရဌာနများရဲ့ အစီရင်ခံစာကို ဖတ်ကြားတင်ပြတာ အပြင် တိုင်းဒေသကြီးအတွက် အရေးကြီးတဲ့ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေနဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေတို့ကို အတည်ပြုပြီးပါပြီ။ အခုအစည်းအဝေးမှာ အနည်းငယ်ပါမယ်လို့ ထင်ပါတယ်”

အောက်တိုဘာလ ၇ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၂၃) တွင်ပါရှိသော “ရန်ကုန်တိုင်း ဒေသ ကြီး လွှတ်တော်အထူးအစည်းဝေးကျင်းပ၊ ဖြည့်စွက်ရန်ပုံငွေ ကိစ္စဆွေးနွေး” သတင်းမှ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းအောင် ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


မေး ။   ။ဖက်ဒရယ်ကို ဆွေးနွေးလို့ အဆင်မပြေဘူးဆိုရင် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်နိုင်မလား။

ဖက်ဒရယ်ကတော့ အခုအချိန်မှာ အစိုးရကလည်း ပြောနေပါတယ်။ တစ်နိုင်ငံလုံးကလည်း ပြောနေပါတယ်။ အဲဒီတော့ ခေါင်းစဉ်က အားလုံးပြောနေတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်နေပါပြီ၊ ဆက်ပြီးဆွေးနွေးရင် သိပ်အခက်အခဲ ရှိမယ်မထင်ပါဘူး။ Federal Union Army ကိစ္စကတော့ ဆက်ပြီးဆွေးနွေးရမယ့် ခေါင်းစဉ်တစ်ခုပါ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ပြောတဲ့ အခါမှာ အခြားတိုင်းရင်းသားအားလုံးကလည်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်နိုင်ဖို့ဆိုရင် ပြည်ထောင်စုတပ်မတော်မှာ အားလုံးပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် Federal Union Army ကိစ္စကို ဆွေးနွေးမယ့်ခေါင်းစဉ်မှာ အဓိကအလေးထားပြီး ထည့်သွင်းထားတာ ဖြစ်ပါတယ်”

နိုဝင်ဘာလ ၄ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်ထောင်စုတပ်မတော်မှာ အားလုံးပါဝင်နိုင်ဖို့ လိုအပ်ပါတယ်” အင်တာဗျူးမှ ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment