Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

စက်လှေတိမ်းမှောက်၍ ရိုဟင်ဂျာ ဒါဇင်များစွာ ပျောက်ဆုံးလျက်ရှိ

(Aljazeera မှ 3 Nov 2013 ရက်စွဲပါ Dozens missing after boat sinks off Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ အနောက်ဘက်ကမ်းခြေဒေသ၌ ရိုဟင်ဂျာမွတ်စလင် ၇၀ ခန့်ကို သယ်ဆောင်လာသော စက်လှေ တစ်စီး တိမ်းမှောက်ခဲ့ရာ ယခုအချိန်ထိ အသက်ရှင်သူ ၈ ဦးခန့်ကိုပင် ရှာဖွေတွေ့ရှိသေးကြောင်း ကယ်ဆယ်ရေး လုပ်သားများက ပြောကြားသည်။

အဆိုပါ စက်လှေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးတည်ခုတ်မောင်းသွားစဉ် ဘင်္ဂလားပင်လယ်အော်တွင်း တနင်္ဂနွေနေ့ အစောပိုင်းက နစ်မြှုပ်သွားခြင်းဖြစ်သည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ဖြစ်သော Action Against Hunger မှ Abdul Melik ကပြောကြားသည်။

ပျောက်ဆုံးနေသောသူများ၏ မိသားစုဝင်များသည် တနင်္ဂနွေတစ်နေ့လုံး ကမ်းခြေမှစောင့်ကြည့်နေကြကြောင်း

ရိုဟင်ဂျာမွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ဝင်းကဆိုသည်။

 “သေတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကိုရှာဖို့ လူတွေစောင့်နေကြတာကိုတွေ့ပါတယ်” ဟု ၎င်းက ရိုက်တာသတင်း ဌာနသို့ စစ်တွေမြို့တွင်ပြောကြားသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဘေးဒုက္ခမျိုးစုံနှင့် တွေ့ကြုံနေရသော ပြည်သူများ မကြာခဏဆိုသလို အစုလိုက် အပြုံလိုက်ထွက်ပြေးမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂက သတိပေးခဲ့ပြီးနောက် အဆိုပါစက်လှေမှောက်  သည့်ဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်မှ လူပေါင်း ၁၅၀၀ ခန့်နေရပ်စွန့်ခွာထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသူများ ရေနစ်သေဆုံးမှုများရှိသည်ဟူသော သတင်းများကိုလည်းရရှိကြောင်း ကုလသမဂ္ဂဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီးရုံးက စနေနေ့တွင် ပြောကြားသည်။

ရိုဟင်ဂျာများသည် ယမန်နှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်၌ အင်အားကြီး ရခိုင်ဗုဒ္ဓ ဘာသာဝင်များနှင့် ပဋိပက္ခများဖြစ်ပွားခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံကို စွန့်ခွာထွက်ပြေးလျက်ရှိကြသည်။

ရိုဟင်ဂျာ-ရခိုင် ပဋိပက္ခကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ရသည်ဟု မြန်မာအစိုးရကဆိုပြီး ကုလသမဂ္ဂကမူ ၁၄၀၀၀၀ ခန့်မှာ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်ဟု ပြောကြားသည်။

ပဋိပက္ခအတွင်း သေဆုံးခဲ့သူများနှင့် ရွှေ့ပြောင်းနေထိုင်ကြရသူအများစုမှာ ရိုဟင်ဂျာများဖြစ်သည်။ လက်ရှိ အနေ အထားတွင် မလေးရှားနှင့် အင်ဒိုနီးရှားအပါအဝင် အခြားနိုင်ငံများသို့ စက်လှေများဖြင့် ခက်ခဲကြမ်းတမ်းသည့် ခရီးသွားသူ ရိုဟင်ဂျာမွတ်စလင်ဦးရေများပြားလာလျက်ရှိသည်။

ရိုဟင်ဂျာများသည် မျိုးဆက်အလိုက် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သူများဖြစ်သော်လည်း မြန်မာအစိုးရက ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသူများအဖြစ် ရှုမြင်ကာ ၎င်းတို့၏ သွားလာလှုပ်ရှားမှုများ ကို ဆိုးဆိုးရွားရွား ကန့်သတ်ပိတ်ပင်လျက်ရှိသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment