Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(4 Nov 2013 ရက်စွဲပါ SBS မှ AAP ၏ Burma still fragile: Peace Prize Winner ကိုဘာသာပြန်ဆိုသည်)

(Radio Australia မှ 5 Nov 2013 ရက်စွဲပါ Myanmar democracy figure Aung San Suu Kyi to tour Australia ကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံ၏အခြေအနေမှာ ကျိုးပျက်လွယ်ဖြစ်နေသေးကြောင်း ဆစ်ဒနီငြိမ်းချမ်းရေးဆုရှင်ပြော

(4 Nov 2013 ရက်စွဲပါ SBS မှ AAP ၏ Burma still fragile: Peace Prize Winner ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နှိပ်စက်သောစစ်အစိုးရအုပ်ချုပ်ရေးမှ ဝေးရာသို့သွားနေသော်လည်း တိုင်းပြည်၏ ဒုက္ခသည်များ ကိစ္စကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် အလှမ်းဝေးနေသေးကြောင်း ဆစ်ဒနီမှ အသစ်ချီးမြှင့်သော ငြိမ်းချမ်းရေးဆုရသူ ဒေါက်တာစင်သီယာမောင် က ပြောကြားခဲ့ပါသည်။

ဒေါက်တာစင်သီယာမောင်သည် တိုင်းရင်းသား ကရင်လူမျိုးဖြစ်ပြီး ၁၉၈၈ အရေးအခင်းအပြီးတွင် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးခဲ့သူ ဖြစ်ပါသည်။ သူသည် နယ်စပ်ရှိအိမ်ကလေးမှ စတင်၍ မယ်တော်ဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် လူ (၁၅၀၀၀၀) ခန့်ကို စောင့်ရှောက်မှုပေးနေပါသည်။

ဆေးခန်း၏လူနာအများစုမှာ ပြည်တွင်းမှ အိုးမဲ့၊အိမ်မဲ့များ (IDFs) နှင့် ထိုင်းနိုင်ငံတွင် တရားဝင်စာရွက်စာတမ်း မရှိပဲ အလုပ်လုပ်နေသူမြန်မာများဖြစ်ပါသည်။

ဆေးခန်းသည် သားဖွားဆရာမများ၊ ကျန်းမာရေးလုပ်သားများကိုလည်း လေ့ကျင့်သင်ကြားပေးပြီး မြန်မာနိုင်ငံ၏ ကလေးငယ်သေဆုံးမှုနှုန်းမြင့်မားမှုကို လျှော့ချရန် ရည်ရွယ်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် ကလေးသူငယ်များ၏ တစ်ဝက်ခန့်မှာ အိမ်တွင် မွေးဖွားကြရပါသည်။ နယ်စပ်မြို့ များနှင့် တိုင်းရင်းသားဒေသများတွင် အဆိုပါကိန်းဂဏန်းမှာ ၉၀% ခန့်ရှိလာသည်ဟု ၎င်းက ပြောပါသည်။

ထိုသို့သော ကျန်းမာရေးအရ ဆိုးရွားနေသည့် အခြေအနေများရှိသည့်အပြင် နေအိမ်တွင် မွေးဖွားသော ကလေးများ သည် မျိုးဆက်တစ်ခုလုံး ဒုက္ခသည်ဖြစ်စေရန်ဖန်တီးလာရကြောင်း အကြောင်းမှာ ၎င်းတို့မှာ မှတ်ပုံတင်၍ မရသဖြင့် နိုင်ငံ သားဖြစ်ခွင့်လည်းမရသောကြောင့် ဖြစ်သည်ဟု Dr မောင် ကဆိုပါသည်။

“ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ကလေးငယ်များစွာဟာ ဆိုးရွားတဲ့အခြေအနေမှာရှိနေပြီး ကလေးအလုပ်သမားနဲ့ လူကုန်ကူးမှုတွေဖြစ်စေပါတယ်။” ဟု ၎င်းက AAP သို့ တနလာင်္နေ့ကပြောကြားပါသည်။

မကြာသေးမီက ဆေးခန်းသည် ကျောင်းတစ်ကျောင်းဖွင့်လှစ်ခဲ့ရာ ကျောင်းသို့ လာရောက်ကျသော ကလေးများ၏ ၇၀% သည် စာအုပ်မပါကြကြောင်း သူက ပြောပါသည်။

Dr.မောင်က ပြောကြားရာတွင် ဆုကိုအသုံးပြု၍ သြစတြေးလျလူမျိုးများကို သတိပေးလိုသည်မှာ မြန်မာနိုင်ငံက ဖိနှိပ်သောစစ်အစိုးရ၏ သမိုင်းကို ထားခဲ့ရန်ကြိုးစားနေသော်လည်း တိုင်းပြည်၏ တိုင်းရင်းသား လူဦးရေအများစု မှာ နေအိမ်များ စွန့်ခွာထွက်ပြေးရဆဲ ဟုဆိုပါသည်။

“အပစ်အခတ်ရပ်စဲရေးက သိပ်မခိုင်မာလှသေးပါဘူး။ ဒုက္ခသည်တွေက သူတို့အရပ်ပြန်ချင်ပေမယ့် ကြောက်နေ ကြသေးတယ်” ဟု သူကဆိုပါသည်။

“မြေယာသိမ်းဆည်းမှုများမှာလည်း ဒုက္ခသည်တွေ နေရပ်ပြန်မယ့်ကိစ္စမှာ အတားအဆီးဖြစ်နေတဲ့ကိစ္စတစ်ခု ဖြစ်ပါ တယ်” ဟု ဆိုပါသည်။

Dr.မောင် သည် ကြာသာပတေးနေ့တွင် ဆုလက်ခံမယူမီ ဗုဒ္ဒဟူးနေ့၌ ဆစ်ဒနီမြို့တော်ခန်းမတွင် ငြိမ်းချမ်းရေး ဆုအမှာစကားပြောကြားမည် ဖြစ်ပါသည်။

ယခင်က ထိုဆုရရှိခဲ့ဖူးသူများတွင် ဘုန်းတော်ကြီး ဒက်စမွန်တူး၊ ပါမောက္ခ ချောင်စကီတို့ပါဝင်ပြီး၊ ပြီးခဲ့သည့်နှစ် က ဇင်ဘာဘွေ ဆီနိတ်တာ Sekai Holland ကရရှိပါသည်။


သြစတြေးလျသို့ ဒီမိုကရေစီပြယုဂ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်မည်

(Radio Australia မှ 5 Nov 2013 ရက်စွဲပါ Myanmar democracy figure Aung San Suu Kyi to tour Australia ကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင်နှင့် ဒီမိုကရေစီရေးဆော်သြသူ ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံသို့ ယခုနိုဝင်ဘာလအတွင်းသွားရောက်လည်ပတ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ၊ ကန်ဘာရာနှင့် မဲလ်ဘုန်းမြို့များသို့ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိသွားရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း သူမအနေဖြင့် ဆစ်ဒနီတွင်ကျင်းပမည့် ကုလသမဂ္ဂ HIV/AIDS ကွန်ဖရင့်အပါအဝင် အများပြည်သူ နှင့်ဆိုင်သော အခမ်းအနားများသို့ တက်ရောက်ရန်ရှိပြီး သြစတြေးလျမှ မြန်မာများနှင့်လည်း တွေ့ဆုံသွားမည် ဟုသိရ သည်။

သြစတြေးလျ အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး Julie Bishop က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံကြိုဆိုရမည့်အတွက် ဝမ်းသာကြည်နူးမိပါကြောင်း ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment