Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားအခွင့်အရေးပေးပြီးတော့ ပြည်ထောင်စုလွှတ်တော်ဆိုတာ နိုင်ငံတကာမှာ မရှိဘဲ မြန်မာနိုင်ငံတစ်ခုတည်းမှာသာ ရှိနေတယ်ဆိုတဲ့အချက်ကို ထောက်ပြထားတယ်”

နိုဝင်ဘာလ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “ပြည်ထောင်စုလွှတ်တော်ကို ဖျက်သိမ်းပေးရန် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက လွှတ်တော် တင်မည်” သတင်းမှ ဦးစောသန်းမြင့် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ပညာရေးနဲ့ပတ်သက်ပြီးတော့ အင်မတန်အရေးကြီးတယ်၊ သိပ်အရေးကြီးတယ်ဆိုတာ ပြောနေတာ တကယ်လဲ အရေးကြီး ပါတယ်။ အဲဒီအရေးကြီးတဲ့ ပညာရေးမြှင့်တင်ဖို့ ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ အားလုံး ဆောင်ရွက်နေတဲ့ ဆောင်ရွက် နေမှုတွေက ကျွန်တော့အမြင်ပြောရရင် အားနည်းနေတယ်လို့ ထင်တယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့လည်း ဒီလိုပဲခံယူရမှာပဲ”

နိုဝင်ဘာလ ၆ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ပညာရေးနှင့်ဆိုင်သော ဥပဒေများအတွက် လွှတ်တော်နှင့် ဝန်ကြီးဌာန ပူးပေါင်းမှုအားနည်းနေ” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“စိုက်ပျိုးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုမဝင်တာက အန္တရာယ်အရမ်းများတဲ့အတွက် ရှုံးမှာကြောက်ကြတယ်။ ဒီမှာက လိုအပ်ချက် တွေအများကြီး ဖြစ်နေတယ်။ မူဝါဒပိုင်းကလည်း အားနည်းတော့ ဒီဘက်မှာ ရင်းနှီးဖို့က စဉ်းစားရတာပေါ့။ အဓိကက အစိုးရ အနေနဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဝင်လာနိုင်အောင် တကယ် လိုအပ်တာတွေကို လုပ်ပေးမှဖြစ်မှာပါ”

နိုဝင်ဘာလ ၆ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက် လာသော်လည်း စီးပွားရေးတိုးတက်မှုကို အထောက်အကူမပြုနိုင်ဟု သုံးသပ်” သတင်းမှ ဒေါက်တာစိုးထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“လတ်တလော အခြေအနေမှာ စစ်တပ်ဟာတိုင်းပြည်ရဲ့ နိုင်ငံရေးမှာ တော်တော်ကြီးကြီးမားမား ပါဝင်ပတ်သက် နေတယ်ဆို သည်မှာ မှန်သော်လည်း ဒါသည်ကာလဒေသရဲ့ လိုအပ်ချက်တစ်ခုအနေနဲ့ပဲ သတ်မှတ်တာမျိုး၊ ဒါသည် ကမ္ဘာတည်သရွေ့ အရှည်သဖြင့် ဦးဆောင်ကဏ္ဍမှာ ပါဝင်ရမယ်ဆိုတာတော့ ကျွန်တော်တို့တိုင်းပြည်ဟာ ဘယ်တော့မှ လူလားမြောက်တဲ့ တိုင်းပြည်ဖြစ်လာမှာ မဟုတ်ဘူး။ စည်းကမ်းထိန်းတစ်ယောက် လိုတယ်ဆိုတာကို ကိုယ့်နိုင်ငံ ကိုယ်သိက္ခာချတဲ့ အခြေခံမူမျိုး ကို ကျွန်တော်တို့အားလုံး ညှိနှိုင်းပြီးတော့ ပယ်ဖျက်သင့်ပါတယ်”

နိုဝင်ဘာလ ၆ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃၅) တွင် ပါရှိသော “၂၀၁၃ ၏ အကျယ်လောင်ဆုံးအသံ (သို့မဟုတ်) အခြေခံဥပဒေစကားရည်လုပွဲ” ဆောင်းပါးမှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “မေး- မြစ်ကြီးနားမှာ ဆွေးနွေးနေတာနဲ့ ပတ်သက်ပြီး အန်တီရဲ့အမြင်ကို သိချင်ပါတယ်။

ဖြေ- နိုင်ငံငြိမ်းချမ်းရေးနဲ့ ပတ်သက်တယ်ဆိုတာ ရေရှည်လုပ်ရမယ့်ကိစ္စလေ။ အခုက အပစ်အခတ်ရပ်စဲရေးပဲ ရှိသေးတယ်။ အပစ်အခတ်ရပ်စဲရေးက ထာဝရငြိမ်းချမ်းရေးနဲ့ မတူဘူး။ အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်တယ်ဆို ရင်တော့ ဒါ ပထမအဆင့်လို့ ဒါ ဒီလိုပဲတွက်ရမှာပေါ့။ ပထမအဆင့်ဆိုတာလည်း ဒါ ခိုင်ခိုင်မာမာလို့ ပြောလို့မရဘူး။ အရင်လည်း အပစ်အခတ်ရပ်စဲ ရေးတွေ ရှိဖူးတယ်။ ဒါပေမယ့် ပျက်ခဲ့တယ်။ ထာဝရငြိမ်းချမ်းရေး ရေရှည်ငြိမ်းချမ်းရေးကတော့ အများကြီးခြေလှမ်းတွေ ယူရဦးမှာ ဖြစ်ပါတယ်”

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၄၄) တွင်ပါရှိသော “အပစ်အခတ်ရပ် စဲရေးဆိုတာ ပထမခြေလှမ်းပဲ ရှိသေးတယ်၊ ထာဝရ ငြိမ်းချမ်းရေးရဖို့ဆိုတာ အများကြီး ဆက်လုပ်ရဦးမယ်” အင်တာဗျူးမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment