Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံတွင် အပစ်ရပ်တော့မည်ဟု မျှော်လင့်

(Bangkok Post မှ 5 Nov 2013 ရက်စွဲပါ “Hope for Myanmar ceasefire သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရ၏ တိုင်းရင်းသားငြိမ်းချမ်းရေး အစီအစဉ်တာဝန်ခံ ဝန်ကြီးဦးအောင်မင်းက အပစ်ရပ်စဲရေး၊ မကြာမှီ လက်မှတ်ထိုးနိုင်ဖွယ် ရှိသည်ဟု အကောင်းဖက်မှ ရှုမြင်ကြောင်း အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ၁၈ ဖွဲ့သည် ယခင်အပတ်က ၎င်းတို့ညှိနှိုင်းထားကြသော အပစ်ရပ်အစီအစဉ် ကို တင်ပြရန် သမ္မတရုံး ဝန်ကြီးဦးအောင်မင်းနှင့် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ကြသည်။

တိုင်းရင်းသားအဖွဲ့တွေ တင်ပြတဲ့အချက်တွေဟာ အစိုးရအဆိုပြုထားတဲ့ အစီအစဉ်နဲ့ အရမ်းကွဲလွဲတာမျိုး မရှိတဲ့ အတွက် အစိုးရက လက်ခံနိုင်မယ်လို့ ထင်ပါတယ်ဟု ဦးအောင်မင်းက တယ်လီဖုန်း အင်တာဗျူးတွင် ပြောကြားသည်။

အပစ်ရပ်ဆွေးနွေးပွဲများကို လာမည့်လတွင် ကရင်ပြည်နယ်မြို့တော် ဘားအံ့၌ ကျင်းပမည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဒုတိယအကြိမ်ညီလာခံကို ဘားအံ့ဆွေးနွေးပွဲမတိုင်ခင် ကရင်နယ်မြေ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု KNU အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်း က ပြောကြားသည်။

KNU အဖွဲ့သည် ၁၉၄၉ မှ ၂၀၁၂ အထိ မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်ခဲ့ပြီး လက်ရှိအစိုးရနှင် အပစ်ရပ် စာချုပ်ကို မနှစ်က လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ် စစ်အုပ်ချုပ်ရေး ဖျက်သိမ်းပြီးနောက် အာဏာရရှိလာသော ပြုပြင်ပြောင်းလဲရေး ဝါဒီ သမ္မတဦးသိန်းစိန်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့နှင့် အပစ်ရပ်စာချုပ်များ သီးခြားစီ လက်မှတ်ရေး ထိုးထားသည်။

သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအားလုံးနှင့် နိုင်ငံတစ်ဝှမ်း အပစ်ရပ်စဲမှုပြုလုပ်ပြီးနောက် တိုင်းရင်းသားနယ်မြေများ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မည်သို့ပေးမည်ကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ပြုလုပ် ကြရန် အဆိုပြုထားသည်။

သို့ဖြစ်ရာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲများ မတိုင်မှီ တိုင်းရင်းသားပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့် မည်ဟု မျှော်လင့်ရသည်။

“နိုင်ငံလုံးကျွတ် အပစ်ရပ်စဲမှုမှန်သမျှတွင် အစိုးရအပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ပါဝင်လက်မှတ်ထိုးကြရန် လိုအပ်ကြောင်း တိုင်းရင်းသားအုပ်စုများက တောင်းဆိုထားသည်။

၁၇ နှစ်ကြာ အပစ်ရပ်စဲခဲ့ပြီးမှ အစိုးရနှင့် ပြန်လည်တိုက်ခိုက်နေရသော KIA အဖွဲ့ကလည်း သမ္မတဦးသိန်းစိန် ၏ နိုင်ငံလုံးကျွတ် အပစ်ရပ်အစီအစဉ်တွင် ပါဝင်လက်မှတ်ထိုးရန် သဘောတူလိုက်ပြီ ဖြစ်သည်။

UNFC မြစ်ကြီးနားညီလာခံသို့ တရားဝင်တက်ရောက်ခြင်း မပြုခဲ့သော ဝ အုပ်စု UWSA ကို လာမည့်လ ဘားအံ့ ညီလာခံသို့ ဖိတ်ကြားမည်ဟု KNU အတွင်းရေးမှူးက ပြောကြားသည်။

မနှစ်က မြန်မာနိုင်ငံအပေါ် Sanctions များ ရုတ်သိမ်းပေးခဲ့ကြသော အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံကြီးများက တိုင်းရင်းသားများအပေါ် တိုက်ခိုက်မှုရပ်ဆိုင်းရန် မြန်မာအစိုးရကို စည်းကမ်းသတ်မှတ်ထားသည်။

တိုင်းရင်းသားအုပ်စုများအား မည်သည့်အဆင့်အထိ လိုက်လျောမည်ဆိုသည့် အတိုင်းအတာမှာ ဦးသန်းရွှေ၏ သဘောအတိုင်းသာ ဖြစ်လိမ့်မည်ဟု ပြည်တွင်းမှ အကဲခတ်စောင့်ကြည့်သူများက ခန့်မှန်းပြောဆိုကြသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment