Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Arab News မှ 2 Nov 2013 ရက်စွဲပါ “Indonesian plotted to attack Myanmar embassy” သတင်းကို ဘာသာပြန် ဆိုသည်)

(Bangkok Post 7 Nov 2013 “Pongsak’s mission to revive Dawei hopes” သတင်းကို ဘာသာပြန်ဆို သည်)


ဂျကာတာမြန်မာသံရုံးအား တိုက်ခိုက်ရန်ကြံစည်သူကို တရားစွဲ

(Arab News မှ 2 Nov 2013 ရက်စွဲပါ “Indonesian plotted to attack Myanmar embassy” သတင်းကို ဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်ဆလင်များ အသတ်ခံရခြင်းကို လက်စားချေရန်အတွက် မြန်မာသံရုံးကို ဗုံးခွဲရန် အခြား စစ်သွေးကြွများနှင့် Facebook ပေါ်တွင် စီစဉ်ခဲ့သူ အစွန်းရောက် အင်ဒိုနီးရှား တရားခံတစ်ဦးကို တရားရုံတွင် ဗုဒ္ဓဟူးနေ့ က စစ်ဆေးခဲ့သည်။

ဗုဒ္ဒဘာသာဝင်များ လွှမ်းမိုးသော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ ဖိနှိပ်ခံနေရခြင်းကို အင်ဒိုနီးရှားမှ မွတ်ဆလင် အများစုက မကျေမနပ်ဖြစ်နေသည့်ကြားမှ၊ ဂျာကာတာတွင် မေလက ဗုံးခွဲရန်စီစဉ်ခဲ့သူ ဆီပါရီယာနို ၂၉ နှစ်မှာ သေဒဏ်ချမှတ်ခံရဖွယ် ရှိနေသည်။

အဆိုပါ တရားခံသည် စီစဉ်ထားသော တိုက်ခိုက်မှု မတိုင်မှီညတွင် ပါဝင်ကြံစည်သူနောက်တစ်ဦးနှင့်အတူ ဆိုင်ကယ်စီးလာစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ သယ်ဆောင်လာသော ကျောပိုးအိတ်ထဲတွင် ပိုက်လုံးဗုံးငါးလုံးတွေ့ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြား သည်။ ၎င်းအမှုနှင့် ပတ်သက်၍ လူအမြောက်အများ ဖမ်းဆီးခံရပြီး ဆီပါရီယာနိုကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားခံဆီပါရီယာနိုသည် ဂျာကာတာ ဗဟိုဗလီတွင် အစွန်းရောက်ဘာသာရေးသင်တန်းများ တက်ရောက်ပြီး နောက် နှစ်ပေါင်းများစွာ အခြေခံဝါဒီတစ်ဦး ဖြစ်လာခဲ့သည်ဟုဂျကာတာတောင်ပိုင်းတရားရုံးတွင် အမှုလိုက် ဆူဆီလို ကပြောကြားသည်။

ထို့အပြင် ၂၀၀၂ ဘာလီဗုံးကွဲမှု နောက်ကွယ်မှ ဂျီမားအစ္စလာမ်မီးယား အကြမ်းဖက်ကွန်ယက်ခေါင်းဆောင် အဘူဘေကာရှာ ၏ သင်တန်းများစွာကိုလည်း တက်ရောက်ခဲ့သူဖြစ်သည်ဟု သိရှိရသည်။

ဆီပါရီယာနိုသည် အင်တာနက်တွင် ဗုံးလုပ်နည်းကို လေ့လာကာ ဗုံးလုပ်ရန်ပစ္စည်းများ ဝယ်ယူပြီးနောက်သံရုံး ဗုံးခွဲမှုကို လျှို့ဝှက်စီစဉ်သူ အစွန်းရောက်များနှင့် facebook ပေါ်တွင် တွေ့ဆုံခဲ့သည်ဟု အမှုလိုက်အရာရှိက ရှင်းလင်း ပြောကြားသည်။

အဆိုပါ အစွန်းရောက် နီဂါရာအစ္စလာမ် အင်ဒိုနီးရှားအုပ်စုကို ဦးဆောင်သူ ဆီဂျစ်အင်ထရာဂျစ် သည် ဗုံးခွဲမှု အစီအစဉ်၏  mastermind ဖြစ်သည်ဟု သိရှိရသည်။


ထားဝယ်မျှော်လင့်ချက်များကို ဆယ်တင်မည့် ပေါင်ဆပ်၏ မစ်ရှင်

(Bangkok Post 7 Nov 2013 “Pongsak’s mission to revive Dawei hopes” သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံအရှေ့ပိုင်းမှ အကြီးစားထားဝယ်စီမံကိန်းကို စတင်နိုင်ရန် လတ်တလောနောက်ဆုံး ကြိုးပမ်းမှုတစ်ခု အဖြစ် စွမ်းအင်ဝန်ကြီး ပေါင်ဆပ်ရပ်တာပွန် ပိုင်ဆိုင်ဦးဆောင်သော အထူးမစ်ရှင်ကို တိုင်းအစိုးရက တာဝန်ပေး လိုက်ပါ သည်။

မစ္စတာပေါင်ဆပ်သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ဘဏ္ဍာရေးနှင့် ပြည်ထဲရေး ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု ဘုတ်အဖွဲ့မှ ပုဂ္ဂိုလ်များ လိုက်ပါလျက် မြန်မာနိုင်ငံသို့ထွက်ခွာ သွားသည်ဟု ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးဝန်ကြီးနီဝါသာမဂွန်ဘန်ဆွန်ပိုင်ဆာ က ပြောကြားသည်။

ယခုလကုန်ပိုင်းတွင် ဘန်ကောက်၌ ကျင်းပမည့် ပူးတွဲညှိနှိုင်းရေးကော်မတီ JCC အစည်းအဝေးမတိုင်မှီ စီမံကိန်း ကိစ္စရပ်များကို သတ်မှတ်ရန် ၎င်းခရီးစဉ်ကို စီစဉ်ခြင်းဖြစ်သည်ဟု JCC ပူးတွဲဥက္ကဌကုန်သွယ်ရေး ဝန်ကြီး နီဝါသာမဂွန် က ဆိုပါသည်။

ရပ်တန့်နေသော စီမံကိန်းတိုးတက်မှုရှိအောင် တွန်းအားပေးရန် မစ္စတာပေါင်ဆပ်ကို အစိုးရက တိုက်တွန်း ခဲ့ကြောင်းနှင့် အီတာလျံ ထိုင်း၏ ထားဝယ်ဖွံ့ဖြိုးရေး ကုမ္မဏီ DCC နှင့် မြန်မာအစိုးရအကြား အိုင်ဒီယာများ ကွဲလွဲမှု ကြောင့် စီမံကိန်းရပ်တန့်နေကြောင်း အစိုးရအိမ်တော် သတင်းရပ်ကွက်က ရှင်းလင်း ပြောဆိုသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးကန်ထရိုက်တာ အီတာလျံ ထိုင်း ကုမ္မဏီသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုံကို အကောင်အထည်ဖော်ရန် လုပ်ကိုင်ခွင့် ရရှိထားသည်။

ထားဝယ်စီမံကိန်းဇုံသို့ ဖြန့်ဖြူးမည့် ဓါတ်အားပေးစက်ရုံများတွင် ထိုင်းနိုင်ငံပိုင်ကုမ္မဏီများ ရင်းနှီးမြှုပ်နှံရန် ထိုင်း အစိုးရက ဆန္ဒရှိနေခြင်းကြောင့် စွမ်းအင်ဝန်ကြီုးဖြစ်သူ ပေါင်ဆပ်အနေဖြင့် ထားဝယ်စီမံကိန်းတွင် အရေးကြီး သော ကဏ္ဍမှ ပါဝင်လာတော့မည် ဖြစ်သည်။

ပထမဦးစွာ စီမံကိန်းနှစ်ခု- အသေးစားဆိပ်ကမ်းနှင့် ကားလမ်း (ထိုင်းနယ်စပ်မှ ထားဝယ်သို့) ကို အကောင် အထည်ဖော်ရန် ထိုင်းနှင့်မြန်မာတို့ ကနဦးသဘောတူထားကြသည်။

စီမံကိန်းအကောင်အထည်ဖော်ရန် အီတာလျံ ထိုင်း က ထူထောင်ထားသော ထားဝယ်ဖွံ့ဖြိုးရေးကုမ္မဏီ DDC ၎င်းဆိပ်ကမ်းနှင့် ကားလမ်းကို ထားဝယ်အထူးစီးပွားရေးဇုံ ဖွံ့ဖြိုးရေးကုမ္မဏီ၏ လုပ်ငန်းအစိတ်အပိုင်းသာ ဖြစ်စေလို သည်။

အဆိုပါ အိုင်ဒီယာကို ကန့်ကွက်သော မြန်မာအစိုးရက “DDC အနေဖြင့် သက်ဆိုင်ရာ ဌာနများထံမှ လိုင်စင် တောင်းရမည်” ဟု ပြောကြားထားသည်။

DDC က စက်မှုဇုံကို အကျယ်အဝန်း ၂၈,၀၀၀ ရိုင် အကောင်အထည်ဖော်ရန် စီစဉ်ထားသော်လည်း မြန်မာ အစိုးရကမူ ပထမအဆင့် ရိုင် ၆၀၀၀ ကိုသာ ဦးစွာအကောင်အထည် ဖော်စေလိုသည်။

အကယ်၍ ဆုံးဖြတ်ရမည့်ကိစ္စနှစ်ရပ်ကို အထူးမစ်ရှင်က ဆွေးနွေးသတ်မှတ် နိုင်ခြင်းမရှိပါက နိုဝင်ဘာလ ၂၁ ရက်တွင် စီစဉ်ထားသော JCC အစည်းအဝေးကို ရွှေ့ဆိုင်းရဖွယ်ရှိသည်ဟု အစိုးရသတင်းရပ်ကွက်က ဆိုပါသည်။

ထားဝယ်အထူးစီးပွားရေးဇုံဖွံဖြိုးရေးကုမ္မဏီ ဖွဲ့စည်းပြီးချိန်အထိ မစောင့်ပဲ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရန် မြန်မာ အစိုးရအား မစ်ရှင်ခေါင်းဆောင် မစ္စတာပေါင်ဆပ်က တောင်းဆိုမည်ဟု သိရှိရသည်။

ထိုင်းနှင့်မြန်မာနှစ်နိုင်ငံသည် အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုံဖွံ့ဖြိုးရေး ကုမ္မဏီ ထူထောင်မည့် သဘော တူညီချက်ကို ယခုအချိန်အထိ လက်မှတ်မထိုးရသေးပေ။

၎င်းအစီအစဉ်တွင် တတိယမြောက် ပါတနာအဖြစ် ဂျပန်နိုင်ငံကို နှစ်နိုင်ငံစလုံးက အဆိုပြုထားကြသည်။

သို့ရာတွင် ဂျပန်နိုင်ငံက ယင်းကိစ္စကု မဆုံးဖြတ်ရသေးပဲ စီမံကိန်းဖြစ်နိုင်ခြေ အလားအလာကို လေ့လာရန် အချိန်ပေးဖို့ တောင်းဆိုထားပါသည်။

ထိုအတောအတွင်း ထားဝယ်စီမံကိန်းအခြေခံ အဆောက်အဦးစနစ် အကောင်အထည်ဖော်ရေးအတွက် အာရှ ဖွံ့ဖြိုးရေးဘဏ် ADB ထံမှ ချေးငွေယူရန် မြန်မာနိုင်ငံက သဘောတူခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment