Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(Reuters မှ 6 Nov 2013 ရက်စွဲပါ “Myanmar said set to release dozens of political prisoners” သတင်းကို ဘာသာပြန်ဆိုသည်)

(VOA News မှ 7 Nov 2013 ရက်စွဲပါ “Burma protests force NGOs to Leave” သတင်းကို ဘာသာပြန် ဆိုသည်)


နိုင်ငံရေးအကျဉ်းသားများ ဒါဇင်ချီ လွှတ်ပေးရန် မြန်မာစီစဉ်

(Reuters မှ 6 Nov 2013 ရက်စွဲပါ “Myanmar said set to release dozens of political prisoners” သတင်းကို ဘာသာပြန်ဆိုသည်)

ယခု နှစ်ကုန် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား မရှိတော့ ဟူသော သမ္မတ၏ ကတိစကားကို အကောင် အထည်ဖော်ရန် ယခုလအတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသွားမည်ဟု နိုင်ငံရေး အကျဉ်းသား စီစစ်ရေးကော်မ တီဝင် တစ်ဦးက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားသည်။

အဖွဲ့ဝင် ၁၉ ဦးပါ ကော်မတီက နိုင်ငံရေးအကျဉ်းသား ၆၃ ဦး လွှတ်ပေးရန် အကြံပြု တင်ပြထားပြီး မကြာမှီ လွတ်မြောက်လာဖွယ်ရှိသည်ဟု ကော်မတီဝင် တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသား ဦးဥာဏ်ဝင်းက ပြောကြားသည်။

ယင်းကဲ့သို့ လွှတ်ပေးခြင်းသည် ဇူလိုင်လက ဗြိတိန် ခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန် ပေးသည့် ကတိ နှင့် ကိုက်ညီမှု ရှိပြီး မြန်မာနိုင်ငံရေး ပြောင်းလဲမှုသည် အပေါ်ယံ မဟုတ်ပဲ အစစ်အမှန် ဖြစ်သည်ဟူသော စကားကို အလေးချိန် စီးစေ မည်ဖြစ်သည်။

ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေး အဆုံးသတ်ချိန် ၂ဝ၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ခန့်မှန်းခြေ နိုင်ငံရေး အကျဉ်းသား ၂၅ဝဝ ဝန်းကျင်ခန့် ရှိခဲ့ပြီး နိုင်ငံရေးသမားများ ၊ တက်ကြွလှုပ်ရှားသူများ ၊ သတင်းထောက်များ နှင့် လူရွှင်တော်များ ၊ အနုပညာရှင်များပင် ပါဝင်ခဲ့သည်။

“ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးလို့ သမ္မတကြီးက အကြိမ်ကြိမ် ပြောထားပြီးသားပါ။ ဒီတော့ သူတို့ အချိန်မရွေး လွှတ်လာတော့မယ်လို့ ကျွန်တော်တို့ မျှော်လင့်နိုင်ပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည် ၏ အနီစကပ် လက်ထောက် ဦးဥာဏ်ဝင်းက ဆိုပါသည်။

သို့ရာတွင် ပြည်ထဲရေးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက အကျဉ်းသားများ လွှတ်ပေးရန် သမ္မတ၏ ညွှန်ကြား ချက်ကို မရရှိသေးကြောင်း Reuters သို့ ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသား ဟူ၍ မရှိကြောင်း နှစ်ပေါင်း ၂ဝ ဘူးကွယ်ခဲ့သော တပ်မတော် အစိုးရ အဖွဲ့တွင် နံပါတ်လေး အဆင့် ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ခဲ့သူ လက်ရှိသမ္မတ ဦးသိန်းစိန်အတွက် အနောက်အုပ်စု၏ ထောက်ခံမှု ရရှိရန် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည် သော့ချက်ကျ အရေးပါသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို အကြိမ်များစွာ ခွဲ၍ လွှတ်ပေး ခဲ့ရာ အနောက်အုပ်စု ဒီမိုကရေစီ နိုင်ငံကြီးများ ကျေနပ်မှုရကာ sanctions များကို ရုပ်သိမ်းပေးခဲ့ပြီး စီးပွားရေး ယိုယွင်း ပြိုဆင်း နေသော နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု နှင့် ဖွံ့ဖြိုးရေး ရန်ပုံငွေများ ပြန်လည် ခွင့်ပြုပေးခဲ့ကြသည်။

သို့သော် မြန်မာနိုင်ငံ အနေဖြင့် အများကြီး လုပ်ဖို့ လိုသေးသည်ဟု အကဲခတ်များကရော ၊ ကုလသမဂ္ဂ ကပါ မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၁၅ဝ ခန့် ကျန်ရှိနေပြီး နောက်ထပ် ၂၃ဝ ခန့်မှာ လည်း နိုင်ငံရေး ၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် အမှု ရင်ဆိုင်နေရသည်ဟု နိုင်ငံရေး အကျဉ်းသား များ အကူအ ညီပေးရေး အဖွဲ့ AAPP က ပြောကြားထားပါသည်။


ရခိုင်တွင် အင်ဂျီအိုများ မြို့မှ ထွက်ခွာရန် ဆန္ဒပြသူများ ဖိအားပေး

(VOA News မှ 7 Nov 2013 ရက်စွဲပါ “Burma protests force NGOs to Leave” သတင်းကို ဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း ကယ်ဆယ်ရေး အေဂျင်စီက ရိုဟင်ဂျာတို့ဖက်မှ ဘက်လိုက်ရပ်တည်ခဲ့သည် ဟူသော စွပ်စွဲချက်များ ပေါ်ထွက် လာပြီးနောက်တွင် နိုင်ငံတကာ အင်ဂျီအို နှစ်ဖွဲ့ကို မြို့မှ ထွက်ခွာသွားရန် ဆန္ဒပြသူများက ဖိအားပေးခဲ့ကြသည်။              

ပေါက်တောမြို့အနီး ရုန်းရင်းဆန်ခတ်မှုများအပြီး ယခု သီတင်းပတ် အစောပိုင်းတွင် ဆန္ဒပြမှုများ စတင် ခဲ့ခြင်းဖြစ် သည်။

ပြင်သစ် အတိုကောက် နာမည် MSI ဟုလည်း လူသိများသော နယ်စည်းမထား ဆရာဝန်များ အဖွဲ့သည် ဒဏ်ရာရ မွတ်ဆလင် ၃ ဦးကိုသာ အကူအညီ ပေးခဲ့ပြီး ဒဏ်ရာရ ရခိုင် အမျိုးသမီးကို ပစ်ထားခဲ့ရာ တစ်ဦးမှာ ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံ ဗုဒ္ဓဘာသာဝင်များက ပြောကြားသည်။

သို့ရာတွင် ရခိုင် အခြေစိုက် MSF တာဝန်ရှိသူ Michele Trinite က ၎င်း၏ အဖွဲ့သည် မွတ်ဆလင် အမျိုးသားများ ဒဏ်ရာရထားသည်ဟူသော သတင်းရခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။

“ရပ်ရွာထဲမှာ အရေးပေါ် ကုသဖို့ လိုအပ်နေတဲ့ ဒီလို လူနာတွေ ရှိတယ်လို့ ကျွန်တော်တို့ သတင်း ရတဲ့ အချိန်မှာ နောက်ကျနေပါပြီ။ ကျွန်တော်တို့ ကြိုသိတယ်ဆိုရင် ဆေးရုံကို ပို့ပေးဖို့ သေချာပေါက် အကူအညီ ပေးမှာပါ။ ဆေးကုသမှု အဖွဲ့အစည်းအနေနဲ့ လူမျိုး (သို့) ဘာသာ အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာမျိုး မလုပ်ပါဘူး။ အရေးပေါ်ကုသဖို့ လိုအပ်နေတဲ့ လူတိုင်းကို ကျွန်တော်တို့က ကူညီပေးရုံပါပဲ”ဟု ၎င်းက ပြောကြားသည်။

လတ်တလော ဆန္ဒပြမှုများကြောင့် နိုင်ငံတကာ အင်န်ဂျီအို နှစ်ဖွဲ့ Save the children နှင့် Red cross တို့ ယင်းဒေ သမှ ထွက်ခွာသွားကြပြီး ၎င်းတို့ ပြန်လာမည့် ကာလကို မသိရသေးပေ။

နိုင်ငံတကာ အင်န်ဂျီအိုများသည် လွန်ခဲ့သော ဆယ်စုနှစ်များ ကတည်းက ရခိုင်ပြည်နယ်သို့ ရောက်ရှိ လာခဲ့ကြပြီး ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCR စီမံချက် အရ ဘင်္ဂလားဒေ့ရှ် ဖက်မှ ပြန်ဝင်လာသော မွတ်ဆလင်များ ပြန်လည် အခြေချ နေထိုင်မှုကို အကူအညီပေးနေကြခြင်း ဖြစ်သည်။ သို့ရာတွင် လက်ရှိ နှစ်များအတွင်း အထူးသဖြင့် သဘာဝ ဘေးအန္တရာယ်နှင့် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်တွင် ပိုမို ခွဲဖြန့် ကူညီပေးမှုကို စတင်ခဲ့ကြသည်။

မနှစ်က ရခိုင်ပြည်နယ်တွင် မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားကာ လူ ၂ဝဝ ခန့် သေဆုံး၍ ၁၄ဝ,ဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီးနောက်ပိုင်း လူမျိုးရေးအကြမ်းဖက်မှု ပြဿနာသည် ယခုအချိန်အထိ စိုးရိမ်နေရဆဲ ကိစ္စတစ်ခု ဖြစ်နေသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment