Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(Kuwait News Agency မှ 11 Nov 2013 ရက်စွဲပါ “EU seeks to strengthen economic Cooperation with Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

(The Hindu Business Line မှ 11 Nov 2013 ရက်စွဲပါ “Border trade with Myanmar to begin soon at Pangsau Pass” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းအောင် အီးယူကြိုးပမ်း

(Kuwait News Agency မှ 11 Nov 2013 ရက်စွဲပါ “EU seeks to strengthen economic Cooperation with Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

စက်မှုနှင့် စွန့်ဦးစီးပွားရေးဆိုင်ရာ အီးယူကော်မရှင်နာမင်းကြီး အန်တိုနီယိုတာဂျင်နီ သည် ဥရောပကုမ္ပဏီ နှင့် အဖွဲ့ အစည်း ၁၀၀ ကျော်လိုက်ပါလျက် မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ သွားရောက်မည် ဖြစ်သည်။

ခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာကုမ္ပဏီများနှင့် ဥရောပကုမ္ပဏီများ နှစ်ဖက်စလုံးအတွက် စီးပွားရေးလက်တွဲမှု အသစ် ဖွဲ့စည်းရေးနှင့် ဈေးကွက်သစ်များသို့ ချဲ့ထွင်ရေးတို့ကို ကူညီရန်ဖြစ်သည်ဟု အီးယူအမှုဆောင်အဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။

ကြာသာပတေးနေ့တွင် ဥရောပနှင့်မြန်မာ စီးပွားရေးအသိုင်းအဝိုင်းမှ အကြီးတန်းအဆင့် တာဝန်ရှိသူများ၊ ကိုယ်စား လှယ်များ ပါဝင်တက်ရောက်ကြမည့် စီးပွားရေးဖိုရမ်တွင် တာဂျန်နီက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

ခရီးသွားစီးပွားလုပ်ငန်း၊ လယ်ယာစီးပွားလုပ်ငန်း၊ ကုန်စည်ထုတ်လုပ်ခြင်း၊ စွမ်းအင်နှင့် အခြေခံ အဆောက်အဦး စနစ်အစရှိသော စီးပွားရေးကဏ္ဍ ၅ ခုနှင့် စီးပွားရေးပတ်ဝန်းကျင် ကျန်းမာအောင် အားပေးသော ဝန်ဆောင်မှုများ အကြောင်းကို ဖိုရမ်တွင် အဓိကထား ဆွေးနွေးကြမည်ဟု သိရသည်။

တာဂျန်နီ၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင် တစ်ပြိုင်တည်း ရောက်ရှိနေသော အီးယူနိုင်ငံခြားရေးရာနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ ကော်မရှင်နာမင်းကြီး ကက်သရင်းအက်ရှ်တန် ဦးဆောင်သည့် အီးယူ-မြန်မာ အထူးကိုယ်စားလှယ်အဖွဲ့၏ လက်အောက်တွင် အစီအစဉ်တစ်ရပ်အနေဖြင့် ပါဝင်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် အီးယူအထူးကိုယ်စားလှယ် မစ်ရှင်အဖွဲ့တွင် ပင်မရည်မှန်းချက် သုံးရပ်ထားရှိပြီး၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ပံ့ပိုးအားပေးရန် အီးယူ-မြန်မာ ဖွင့်ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ရန်နှင့် နှစ်ဖက်စလုံး၏ ကြီးထွားရှင်သန်မှုနှင့် စီးပွားရေးအခွင့်အလမ်းများကို အားပေးမြှင့်တင်ရန် တို့ဖြစ်သည်ဟု အီးယူအမှုဆောင်အဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။


ပန်ဆောင်ဂိတ်တွင် မြန်မာနှင့်နယ်စပ်ကုန်သွယ်မှု မကြာမှီစတင်မည်

(The Hindu Business Line မှ 11 Nov 2013 ရက်စွဲပါ “Border trade with Myanmar to begin soon at Pangsau Pass” သတင်းကို ဘာသာပြန်ဆိုသည်)

အရူနာချာပရာဒေ့ရှ်ပြည်နယ်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ပန်ဆောင်ဂိတ်ပေါက်တွင် မကြာမှီအတွင်း နယ်စပ်ကုန် သွယ်ရေး စတင်နိုင်တော့မည်ဟု ပြည်ထောင်စုအစိုးရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အီးအမ်အက်စ် နာချီယာပန် က ပြောကြားသည်။

ပြည်ထောင်စုအစိုးရ လူမျိုးစုရေးရာဝန်ကြီး နီနွန်းအီရင်းနှင့် အတူ ချန်လန်းဒီစတြိတ်နန်ပွန်း သို့သွားရောက်ခဲ့သော နှစ်ရက်ကြာ ခရီးစဉ်တွင် ဝန်ကြီးနာချီယာပန် က “ဤသမိုင်းဝင်လမ်းကြောင်းတွင် နယ်စပ်ကုန်သွယ်ရေးကို စောနိုင်သမျှ စောစောစတင်ရန် ခွင့်ပြုချက်ရရှိပြီ” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယမှ အာဆီသို့ သွားလာမည့် အရေးကြီးသော နိုင်ငံတကာကုန်သွယ်ရေး ဂိတ်ပေါက်အဖြစ် နန်ပွန်းကို ဖွင့်ဖြိုး လာအောင် ဗဟိုအစိုးရက အပြည့်အဝပံ့ပိုးသွားမည်ဟု ကတိပြုလိုက်သော ဝန်ကြီးက နန်ပွန်း၏ ကုန်သွယ်မှုအလားအလာနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ဆွေးနွေးရန် ပြည်နယ်အစိုးရကို အကြံပြုခဲ့သည်။

ဝန်ကြီးအီရင်းကလည်း “အကယ်၍ ပန်ဆောင်ဂိတ်တွင် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပွင့်သွားပါက အရူနာ ပရာဒေ့ရှ်ပြည်နယ်က အိန္ဒိယအရှေ့မြောက်ဒေသ၏ စီးပွားရေးကို ပြောင်းလဲပေးနိုင်လိမ့်မည်” ဟု မှတ်ချက်ပေးသည်။

အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းများသည် ဆက်သွယ်မှု အလွန်ကောင်းပြီး ရာသီမရွေးပမာဏ ကြီးမားစွာ ကုန်သွယ်နိုင်မည်ဟု သိရှိရသည်။

ဝန်ကြီးများသည် ပြည်နယ်စိုက်ပျိုးရေး ဆီတုန်းဆီနာနှင့်အတူ အခြေခံ အဆောက်အဦးစနစ်များကို အကဲခတ်ရန် ပန်ဆောင်ဂိတ်၏ ဈေးဧရိယာကို သွားရောက် ကြည့်ရှုခဲ့ကြသည်။

ဝန်ကြီးများသည် မြန်မာတာဝန်ရှိသူများ၊ ကုန်သည်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ကြပြီး ပန်ဆောင်ဂိတ်တွင် ကူးသန်းရောင်းဝယ်ရန် အဆင်သင့်ဖြစ်မှုကို ဆွေးနွေးခဲ့ကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment