Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အာဏာကို လူတွေမက်တယ်။ အဲဒီတော့ စွန့်လွှတ်ဖို့ခက်တယ်။ စွန့်လွှတ်လိုက်ရင်လည်း ကျန်ခဲ့တဲ့သူက ပြန်ပြီးပြဿနာ ရှာမှာ စိုးရိမ်တယ်။ ဒါ့ကြောင့် အာဏာစွန့်လွှတ်တဲ့အခါ ပြဿနာရှာမယ်ဆိုရင် ရှာလို့မဖြစ်အောင် တည်ငြိမ်အောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပေးခဲ့တယ်”

နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၂) တွင် ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံကြောင့် မြန်မာနိုင်ငံမှာ အာဏာညင်သာစွာ လွှဲပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား” သတင်းမှ သူရဦးရွှေမန်း ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“OIC အတွင်းရေးမှူးချုပ်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ယခုအပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့များနဲ့ တွေ့ဆုံဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လေ့လာနိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီအဖွဲ့ လာရောက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြေရှင်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပကတိ အခြေအနေမှန်အတိုင်း သိရှိနိုင်အောင် စီစဉ် ဆောင်ရွက်ပေးခြင်းသာ ဖြစ်ပါတယ်”

နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၁၆) တွင်ပါရှိသော “နိုင်ငံတကာ ဖြန့်ချီနေသည့် မမှန်သတင်းများနှင့် ပုံကြီးချဲ့သတင်းများကို ချေပနိုင်ရန်အတွက် OIC အဖွဲ့အား ဖိတ်ခေါ်ခြင်း ဟုဆို” သတင်းမှ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လူငယ်၊လူရွယ်တွေဟာ တိုးတက်လိုစိတ်ပြင်းပြကြပြီး၊ သူတို့နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်ကို ပိုပြီးကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ သေချာရေရာချင်ကြတယ်။ နောင်လာမယ့် လူငယ်မျိုးဆက်သစ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ဖို့ နည်းလမ်းသစ်တွေရှာကြရာမှာ ကျွန်တော်တို့တွေ ရဲရဲတင်းတင်းရှိဖို့ လိုအပ်ပါတယ်။ ကြိုတင် ပြင်ဆင်ထား နိုင်တာလောက်နဲ့ တင် မလုံလောက်ပါဘူး။ လူငယ်လူရွယ်တွေ ဘာတွေပြောနေကြသလဲဆိုတ နားထောင်ကြရပါမယ်။ သက်ဆိုင်ရာ အစိုးရများ နှင့် အတူတူ လက်တွဲရပါမယ်။ ဒါမှ လူထုတစ်ရပ်လုံးကို အားလုံး အတိုင်းအတာနဲ့ အကျိုးပြုတဲ့၊ အားလုံးတက်နိုင်ပြီး လွယ်လွယ်ကူကူ ရရှိနိုင်မယ့် နည်းပညာသိပ္ပံ ကိုသုံးပြီး အဖြေရှာပုံရှာနည်းတွေကို တီထွင်ထုတ်လုပ်သွားပါမယ်”

နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် Monitor Journal အတွဲ (၂) အမှတ် (၈၀) တွင်ပါရှိသော “အူရီးဒူးမြန်မာနှင့် မြန်မာ Mobile Application တီထွင်သူများတွေ့ဆုံ” သတင်းမှ အူရီးဒူးမြန်မာ၏ အထူးအမှုဆောင်အရာရှိချုပ် Ross Cormack ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဈေးနှုန်းတက်မှာကို လက်ခံပါတယ်။ ဈေးတက်မှ မီးတွေမှန်မှန်လာမယ်။ မီးလာမှ လုပ်ငန်းတွေ လုပ်လို့ရမှာ ဆိုတော့ ဈေးတက်တာကို လက်ခံပါတယ်”

နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “စက်မှုဇုန်လုပ်ငန်းရှင်များ တောင်းဆိုပါက မီတာခတိုးမြှင့်ခြင်းကို နောက်ဆုတ်ပေးမည်ဟုဆို” သတင်းမှ တောင်ဒဂုံစက်မှုဇုန် ဥက္ကဌ ဦးကိုကို ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီ ကော်မတီတစ်ရပ် ပေါ်ထွက်လာဖို့အတွက် လွှတ်တော်ထဲ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော ထောက်ခံဖို့လိုပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ မိသားစုဘဝတွေဟာ အစစအရာရာ နောက်ကျကျန်နေတဲ့ အခြေအနေတွေမှာ ရှိနေတယ်။ ထောင်ထဲမှာ နေခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေမှာ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်ခဲ့တာ တွေရှိတယ်။ ဒါတွေကို အစိုးရအနေနဲ့ တာဝန်ယူတဲ့ အနေနဲ့ ဒီကော်မတီတစ်ရပ်ကို အကောင်အထည်ဖော် ပေးသင့်တယ်”

နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နိုင်ငံရေး အကျဉ်းသား ဟောင်းများ ကူညီထောက်ပံ့ပေးရေး လွှတ်တော်ကော်မတီတစ်ရပ် ဖွဲ့စည်းရန် တောင်းဆိုမည်” သတင်းမှ မုံရွာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ နိုင်ကျဉ်းဟောင်းတစ်ဦးဖြစ်သူ ဦးမြအေး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment