Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“၁၉၃၇ တည်းက ရေနံတူးဖော်ရေး ဥပဒေရှိရဲ့သားနဲ့ အခုလို ပတ်ဝန်းကျင်ပျက်စီးတာတွေ၊ ဒေသခံတွေ ထိခိုက် နစ်နာတာ တွေဟာ သတ္တုတွင်းဝန်ကြီးဌာနတို့၊ စက်မှုဝန်ကြီးဌာနတို့နဲ့ သက်ဆိုင်မှုရှိတယ်။ တကယ်တော့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်မယ်ဆိုရင် အဆင်ပြေတယ်။ ဖြတ်လမ်းလိုက်တဲ့ ကုမ္မဏီဆိုရင်တော့ ပြဿနာရှိမှာပဲ၊ ကုမ္မဏီတွေ လုပ်ထုံး၊လုပ်နည်းနဲ့ ညီ၊မညီ စက်မှုဝန်ကြီးဌာနလည်း တာဝန်မကင်းဘူး။ မြန်မာနိုင်ငံမှာ ကင်းလွတ်ခွင့်ရှိတဲ့ ရေနံတွင်း ၄ တွင်းပဲရှိတယ်။ အဲဒါတွေ က (၁) တပ်မတော်ပိုင် ကြည်း၊ရေ၊လေ ကလုပ်တဲ့ ရေနံတွင်း၊ (၂) ပြည်သူ့ရဲတပ်ဖွဲ့ပိုင်ရေနံတွင်း (၃) မီးရထားဌာနပိုင် ရေနံတွင်း (၄) နိုင်ငံတော်သမ္မတက အခွင့်အာဏာနဲ့ ကင်းလွတ်ခွင့်ပေးထားတဲ့ ရေနံတွင်းတွေဆို မစစ်ဆေးဘူး။ ကင်းလွတ်ခွင့်ပေးတယ်။ အဲဒီလေးခု ကလွဲရင် ကျန်တာအားလုံးက ရေနံဥပဒေနဲ့ အကျုံးဝင်တယ်။ ရေနံချက်တာ၊ သိုလှောင်တာ၊ တင်ပို့တာအကုန် အကျုံးဝင်တယ်ပေါ့နော်”

နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ် အမှတ် (၂၀) တွင် ပါရှိသော “အပစ်အခတ်ရပ်စဲပြီးနောက် ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်ဝင်ရောက်လာသော စီမံကိန်းများသည် ဒေသခံ များအတွက် ဆိုးကျိုးသာဖြစ်ပေါ်” သတင်းမှ သတ္တုတွင်းဝန်ကြီးဌာနမှ ဒုညွှန်မှူး (ငြိမ်း) ဦးစိန်မြင့်၏ ပြောကြားချက် အားကောက်နှုတ်ချက်


“သူတို့လည်း လုပ်သက်က ၂ နှစ်ကျော်လာပြီဆိုတော့ တိုးပေးသင့်တာပေါ့။ ဝန်ထမ်းစည်းကမ်းအရ ပုံမှန်အားဖြင့် စာမေးပွဲ ဖြေရမယ်။ လုပ်သက်ကြည့်ရတယ်ဆိုတာမှန်ပေမယ့် တရားဝင်အခွင့်အာဏာရှိသူရဲ့ ထောက်ခံမှု နဲ့ရာထူးတိုးပေးလို့ရပါတယ်။ တစ်ခုရှိတာကတော့ တရားဝင်စာထွက်ဖို့ လိုတယ်။ ရာထူးတိုးရင်လစာတိုးတော့ ဘတ်ဂျတ်ဆွဲဖို့ ဘဏ္ဍာရေးတို့၊ ရာထူးဝန် အဖွဲ့တို့ကိုတော့ အော်ဒါထွက်ပေးရမှာပေါ့။ အခုဟာက လူအများကြီး ရာထူးတိုးတယ်ဆိုတော့ ဝန်ထမ်းရေးရာနဲ့ ပြဿနာ ကတော့ တက်မှာပဲ”

နိုဝင်ဘာလ ၁၁ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃၆) တွင် ပါရှိသော “ပြည်သူ့ လွှတ်တော်ဥက္ကဌက လွှတ်တော်ဝန်ထမ်း ၁၉၀ အား ရာထူးတိုးပေးမှုအပေါ် ဝေဖန်အကြံပြုစာကို အစိုးရက ပေးပို့ထားဟုဆို” သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 “မေး-ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိကစိန်ခေါ်မှုဘာတွေရှိနေပါသလဲ။

ဖြေ- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိကစိန်ခေါ်မှုတွေက မြေဈေးကြီးမှုနဲ့ အခြေခံအဆောက်အအုံ မပြည့်စုံမှုတွေဘဲ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက တိုင်းပြည်တိုးတက်မှုအတွက် အဓိက တွန်းအားဆိုတာကို သိကြတယ်။ ပြီးတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံအပြိုင်အဆိုင်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ဖြေလျှော့မှုတွေ မျိုးစုံနဲ့ ဖိတ်ခေါ်နေကြတယ်။ ဒါကြောင့် ဒီမှာ မြေဈေးကြီးရင် သက်သာတဲ့ဆီကိုပဲ ရင်းနှီး မြှုပ်နှံမှုတွေက သွားကြမှာပဲ။ ပြီးတော့ လျှပ်စစ်မီးနဲ့ အခြေခံအဆောက်အအုံပိုင်းမှာလည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်”

နိုဝင်ဘာလ ၁၁ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃၆) တွင် ပါရှိသော “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိကစိန်ခေါ်မှုတွေ မြေဈေးကြီးမှုနဲ့ အခြေခံအဆောက်အအုံ မပြည့်စုံမှုတွေဘဲ” အင်တာဗျူး မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ညွှန်ချုပ် ဦးအောင်နိုင်ဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လွှတ်တော်က ပြည်သူ့အသံကို နားထောင်ရတယ်ဆိုတာက မူပဲလေ။ ဒါက ပြောနေစရာကိုမလိုတာပါ။ အခု မီတာခတွေ တိုးကောက်ဖို့အတွက် နောက်ဘဏ္ဍာနှစ်ကို ရွှေ့လိုက်တာက ပြည်သူ့အသံကို နားထောင်တာ လားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ကျွန်မတို့အနေနဲ့ အကဲဖြတ်ဖို့ လိုပါသေးတယ်။ လွှတ်တော်က စစ်မှန်တဲ့ ပြည်သူ့အသံတွေကို ဆက်နားထောင်ဖို့လိုတယ်။ ဒါက လွှတ်တော်လုပ်ရမယ့် တာဝန်ပဲ”

နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “အဓိကက လျှပ်စစ်မီတာ ခမတိုးဖို့ဆိုတာထက် ပြည်သူတွေအတွက် လျှပ်စစ်နဲ့ပတ်သက်ပြီး ဘာလုပ်ပေးမှာလဲ ဆိုတာက အရေးကြီး တယ်” သတင်းမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“OIC ဝင်လာရင်တော့ ရခိုင်ဘက်ကအခွင့်အရေးတွေ ဆုံးရှုံးမှာပဲ ၊ သူတို့ဝင်လာရင် ရခိုင်ပြည်နယ်ရဲ့ အခွင့်အရေးတွေ၊ ရခိုင်လူမျိုးရဲ့လုံခြုံရေးတွေ၊ ရခိုင်ဖွံ့ဖြိုးတိုးတက်ရေးတွေ၊ ရခိုင်တွေနဲ့ လာစရာမရှိဘူး။ ဘင်္ဂါလီဘက်ကပဲ စိုးမိုးမှုတွေရ သွားမယ်လို့ တွက်ပြီးသား။ ဒါ့ကြောင့် OIC ဝင်လာတာကို လက်မခံနိုင်ဘူး”

နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “OIC အလိုမရှိကြောင်း ရန်ကုန်မြို့တွင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြ” သတင်းမှ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဌ ဦးစိန်အောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment