Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာ-အီးယူ လုပ်ငန်းအဖွဲ့အစည်းအဝေး စိုက်ပျိုးရေးသွင်ပြင်လက္ခဏာ

(11 Nov 2013 ရက်စွဲပါ EU Press releases database မှ Myanmar-EU Taskforce : Agricultural aspects ကို ဘာသာပြန်ဆိုသည်)

မြန်မာ-အီးယူ အလုပ်အဖွဲ့- အီးယူ သည် မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးတိုးတက်မှုအတွက် ထောက်ခံ ကူညီ

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ လည်းကောင်း၊ တိုင်းရင်းသားပဋိပက္ခမှလည်းကောင်း ရုန်းထွက်လျက်ရှိပါသည်။ ၂၀၁၁ ကတည်းက အစိုးရသစ်သည် ရည်မှန်း ချက်ကြီးသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို စတင်လုပ်ဆောင်ခဲ့ရာ အီးယူမှ ထောက်ခံခဲ့ပါသည်။ မြန်မာ-အီးယူ အလုပ်အဖွဲ့အစည်း ကို ၂၀၁၃ မတ်လက သမ္မတ Barrsso, သမ္မတ Van Rompuy နှင့် သမ္မတ ဦးသိန်းစိန်တို့ ကြေညာ ခဲ့သည့်အတိုင်း မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၃-၁၅ ၌ကျင်းပမည် ဖြစ်သည်။ ရည်ရွယ်ချက်မှာ အနာဂတ်နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနှင့် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးကာလနှင့် စိုက်ပျိုးရေးကဏ္ဍကဲ့သို့သော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အကူအညီပေးရန်စသော ရည်ရွယ်ချက် အဆင့် အသစ်များ ချမှတ်နိုင်ရန် ဖြစ်ပါသည်။ အလုပ်အဖွဲ့ အစည်းအဝေးကို သဘာပတိအဖြစ် နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒအဆင့်မြင့် ကိုယ်စားလှယ် Catherine Ashton က ဆောင်ရွက်မည် ဖြစ်ပြီး၊ ကော်မရှင်နာ Dacian Ciolos (စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေး) Antonion Tajani (လုပ်ငန်း) နှင့် Andris Picbalgs  (ဖွံ့ဖြိုးရေး) နှင့် အီးယူပါလီမန် အဖွဲ့ဝင်အချို့ တက်ရောက်ကြပါမည်။

စိုက်ပျိုးရေးသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ဗဟိုချက်

စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၏ ဗဟိုချက်တွင်ရှိပြီး (လူဦးရေ၏ ၇၀% မှာ စိုက်ပျိုးရေး လုပ်ကိုင်ပါသည်) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံတွင် ထိပ်တန်းဦးစားပေး အဖြစ် အလံထိုးရမည် ဖြစ်ပါသည်။ မကြာသေးမီ နှစ်များအတွင်းက တရားဥပဒေဝန်းကျင်တွင် တိုးတက်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု မြှင့်တင်ရန် အရေးပါသော ခြေလှမ်းအချို့ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ကာ စီးပွားရေးအသွင်ကူးပြောင်းမှုနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် လယ်ယာ ကဏ္ဍသည် အရေးပါသော ထည့်ဝင်မှုမ