Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာ-အီးယူ လုပ်ငန်းအဖွဲ့အစည်းအဝေး စိုက်ပျိုးရေးသွင်ပြင်လက္ခဏာ

(11 Nov 2013 ရက်စွဲပါ EU Press releases database မှ Myanmar-EU Taskforce : Agricultural aspects ကို ဘာသာပြန်ဆိုသည်)

မြန်မာ-အီးယူ အလုပ်အဖွဲ့- အီးယူ သည် မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးတိုးတက်မှုအတွက် ထောက်ခံ ကူညီ

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ လည်းကောင်း၊ တိုင်းရင်းသားပဋိပက္ခမှလည်းကောင်း ရုန်းထွက်လျက်ရှိပါသည်။ ၂၀၁၁ ကတည်းက အစိုးရသစ်သည် ရည်မှန်း ချက်ကြီးသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို စတင်လုပ်ဆောင်ခဲ့ရာ အီးယူမှ ထောက်ခံခဲ့ပါသည်။ မြန်မာ-အီးယူ အလုပ်အဖွဲ့အစည်း ကို ၂၀၁၃ မတ်လက သမ္မတ Barrsso, သမ္မတ Van Rompuy နှင့် သမ္မတ ဦးသိန်းစိန်တို့ ကြေညာ ခဲ့သည့်အတိုင်း မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၃-၁၅ ၌ကျင်းပမည် ဖြစ်သည်။ ရည်ရွယ်ချက်မှာ အနာဂတ်နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနှင့် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးကာလနှင့် စိုက်ပျိုးရေးကဏ္ဍကဲ့သို့သော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အကူအညီပေးရန်စသော ရည်ရွယ်ချက် အဆင့် အသစ်များ ချမှတ်နိုင်ရန် ဖြစ်ပါသည်။ အလုပ်အဖွဲ့ အစည်းအဝေးကို သဘာပတိအဖြစ် နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒအဆင့်မြင့် ကိုယ်စားလှယ် Catherine Ashton က ဆောင်ရွက်မည် ဖြစ်ပြီး၊ ကော်မရှင်နာ Dacian Ciolos (စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေး) Antonion Tajani (လုပ်ငန်း) နှင့် Andris Picbalgs  (ဖွံ့ဖြိုးရေး) နှင့် အီးယူပါလီမန် အဖွဲ့ဝင်အချို့ တက်ရောက်ကြပါမည်။

စိုက်ပျိုးရေးသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ဗဟိုချက်

စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၏ ဗဟိုချက်တွင်ရှိပြီး (လူဦးရေ၏ ၇၀% မှာ စိုက်ပျိုးရေး လုပ်ကိုင်ပါသည်) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံတွင် ထိပ်တန်းဦးစားပေး အဖြစ် အလံထိုးရမည် ဖြစ်ပါသည်။ မကြာသေးမီ နှစ်များအတွင်းက တရားဥပဒေဝန်းကျင်တွင် တိုးတက်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု မြှင့်တင်ရန် အရေးပါသော ခြေလှမ်းအချို့ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ကာ စီးပွားရေးအသွင်ကူးပြောင်းမှုနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် လယ်ယာ ကဏ္ဍသည် အရေးပါသော ထည့်ဝင်မှုများ ပြုလုပ်နိုင်သည်ဆိုသည်ကို သေချာစေခဲ့ပါသည်။ သို့သော် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် စိန်ခေါ်မှု မရှိသော လမ်းကြောင်း တစ်ခုမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် စားနပ်ရိက္ခာ ဖူလုံရေး၊ ကြီးထွားမှုနှင့် ကျေးလက်တွင် အလုပ်အကိုင်ဖန်တီးမှု များဖြည့်ဆီးရာတွင် လယ်ယာကဏ္ဍ၏ မဟာဗျူဟာ ကျသော အခန်းကဏ္ဍကြောင့် ဖြစ်ပြီး ၎င်းတွင် အဓိကပါဝင်သူများ၊ ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခြင်းကြောင့် လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြေယာရပိုင်ခွင့်ကဲ့သို့သော ကိစ္စရပ်များသည် ထိရှလွယ်သော ကိစ္စ ရပ်ဖြစ်နေ ဆဲဖြစ်ပါသည်။ ထို့ကြောင့်ပင် ကော်မရှင်နာ Ciolos က ဤအစည်းအဝေးတက်ရောက်ရန် အရေးကြီးသည်ဟု တွေ့ရှိရပါ သည်။

အားကောင်းသော ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒချမှတ်ရန် အရေးကြီးဟု ကော်မရှင်နာ Ciolos ပြော

အစည်းအဝေးမတိုင်မီ  ကော်မရှင်နာ Ciolos က စိုက်ပျိုးရေး မူဝါဒတည်ဆောက်မှု၊ လယ်သမားများ သင့်တင့် မျှတသော ဝင်ငွေပြန်လည်ရရှိရေးပါဝင်သော တည်ငြိမ်သော ရောင်းဝယ်ရေးကွင်းဆက် တည်ထောင်မှု၊ လယ်သမားများ ဝမ်းစာအတွက် စိုက်ပျိုးနေမှုကို ကျော်လွန်၍ လုပ်ဆောင်ရန် မူဝါဒလက်နက် ကိရိယာများ ကူညီမှုတို့နှင့် ပတ်သက်၍ အီးယူက အတွေ့အကြုံမျှဝေရန် အသင့်ရှိပုံကို အလေးအနက် ပြောကြားခဲ့ပါသည်။ ထို့အပြင် ကွဲပြားခြားနားသော စိုက်ပျိုးရေးမော်ဒယ်၏ အချိုးအကွေ့တွင် အားကောင်း မောင်းသန်ရှိရန် မှန်ကန်စွာ ကျင့်သုံးနိုင်ရေး ကို အကူအညီပေးရန် အသင့်ရှိပါသည်။ ၎င်းကိစ္စရပ်များကို အဓိကအားဖြင့် လာမည့် ၂၀၁၄ မှ ၂၀၂၀ ထိ နှစ်စဉ် အကြံပေး အစီအစဉ်များစွာမှတဆင့် (multi-annual Indicative Programme-2014-2020)  လုပ်ဆောင်မည် ဖြစ်ပါသည်။ ထိုအစီအစဉ်များတွင် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို အာရုံပြုရမည့် ကဏ္ဍများတွင် ဦးစားပေး အလံထိုးရမည် ဖြစ်ပါသည်။ ကော်မရှင်နာ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးအကူအညီ ဌာနများမှ ပညာရှင် များသည် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလိုအပ်ချက်များနှင့် အကောင်းဆုံး ကိုက်ညီ မည့် အီးယူ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နေသော လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်ကြမည် ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment