Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခွန်ကင်းလွတ်ခွင့် GSP ကိုလျှော့ပေးလိုက်ပြီ၊ အီးယူနဲ့ကုန်သွယ်မှုတိုးမယ်ဆိုရင် မြန်မာလုပ်ငန်းရှင်တွေ ဘက်က ကုန်သွယ်မှုတိုးမယ်ဆိုရင် မြန်မာလုပ်ငန်းရှင်တွေဘက်က ကုန်သွယ်နိုင်ဖို့လိုသေးတယ်။ အီးယူကတော့ တခြား အာရှနိုင်ငံ တွေနဲ့ ယှဉ်ရင် အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံသူလို့ပြောလို့ရတယ်”

နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ် အမှတ် (၃၈၃) တွင်ပါရှိသော “ရင်းနှီးမြှုပ်နှံမှုတွေမှာ တာဝန်ယူမှုကို မမေ့ပါနဲ့” သတင်းမှ ဗဟိုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်သူငြိမ်း ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံတော်အာဏာပိုင်တာ နိုင်ငံသားတွေပဲဖြစ်တယ်။ နိုင်ငံသားတွေက နိုင်ငံတော်အာဏာကို ကျင့်သုံးလို့ မရတဲ့အခါမှာ ပြည်သူကရွေးတဲ့ လွှတ်တော်ကို အပ်တယ်။ ပြည်သူက သမ္မတကို ရွေးပြီးအပ်တယ်။ ဒီဖွဲ့စည်းပုံမှာကျတော့ လုပ်ပိုင်ခွင့်အာဏာ တော်တော်များများကို ကာကွယ်ရေး ဦးစီးချုပ်ကို ပေးထားတာ တွေ့ရတော့ တိုင်းပြည်ရဲ့အာဏာက ဘယ်သူ့ဆီမှာ ရှိလဲဆိုတာ စဉ်းစားစရာပေါ့ဗျာ”

နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၈၃) တွင်ပါရှိသော “တိုင်းပြည်ရဲ့အာဏာ ဘယ်သူ့ဆီ မှာရှိနေလဲ” သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“OIC ရောက်လာသည်ဖြစ်စေ၊ မရောက်လာသည်ဖြစ်စေ၊ လူ့အခွင့်အရေးနဲ့ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီနဲ့ပဲဖြစ်ဖြစ် အဲဒီ ပြုပြင် ပြောင်းလဲမှုတွေကို ပတ်သက်လို့ရှိရင် တစ်သီးတစ်ခြားတည်း လုပ်လို့မရတော့ဘူး။ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မှပဲ လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရဖို့တောင်မှ လိုအပ်လို့ရှိရင် နိုင်ငံတကာရဲ့ အကူအညီရယူမယ်ဆိုတာကိုတောင် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းထဲမှာတောင် ပါတာ။ OIC တောင် မဟုတ်ဘူး။ အခြားအခြားသော NGO တွေ၊ ကမ္ဘာ့ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ အဖွဲ့အားလုံးကို ကျွန်တော်တို့ အနေနဲ့က တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ ဘာ့ကြောင့်လဲဆိုရင် လိုအပ်ချက်ရှိလို့ လာတာပဲလေ။ သူတို့က လိုအပ်ချက်မရှိရင် လာမှာမဟုတ်ဘူး”

နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၁) အမှတ် (၄၇) တွင်ပါရှိသော “OIC ကန့်ကွက် သည့် စာတမ်းများထဲ၌ လူမျိုးရေးပဋိပက္ခဖြစ်စေသည့် စာတမ်းများပါရှိမှုကို လူ့အခွင့်အရေး လှုပ်ရှားသူ ပြောကြား ” သတင်းမှ လူ့အခွင့်အရေးလှုပ်ရှားသူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံမှာ ခုဖြစ်နေတာတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမယ်တို့၊ ပုဒ်မ ၁၈ ပယ်ဖျက်ရေး တို့ကိုပဲ အဓိကထားပြီး လွှတ်တော်ထဲမှာ ဆွေးနွေးနေကြတယ်။ တကယ်အဓိကကျတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ စိုက်ပျိုးရေးကို အခြေခံတဲ့ လယ်သမားဥပဒေရေးဆွဲထားတယ်ဆိုတာ ကျွန်တော်မတွေ့ရဘူး။ ကျွန်တော် နိုင်ငံတကာနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးဥပဒေပိုင်းဆိုင်ရာ ပညာရပ်ကို နော်ဝေမှာ သင်ကြားခဲ့ဖူးတယ် ကျွန်တော်တို့ နိုင်ငံမှာ တောင်သူလယ်သမားတွေနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားတွေဘက်က သီးသန့်ရပ်တည်ပေးတဲ့ ဥပဒေခုထိမရှိသေးတာ သေချာပါတယ်”

နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “တောင်သူလယ်သမားဥပဒေ ပေါ်ပေါက်ရေးကို ဦးစားပေး လုပ်ဆောင်သည့်ဟုဆို” သတင်းမှ ရှေ့နေဦးဖိုးဖြူ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မီတာခ တိုးမြှင့်ကောက်ခံတဲ့အပေါ်မှာ တက်၊မတက်တော့ ဟိုမှာ အန်တီမနေတော့ မသိဘူး။ ဘူးဂါး (Buga) ကုမ္ပဏီကနေ ၁၅၀ ဆောင်ရပြီး၊ အခုတက်၊မတက်တော့ မသိဘူး။ ထပ်တက်မယ်လို့ မထင်ဘူး။ အစိုးရက ယူတာမဟုတ် ဘူး။ ဘူးဂါးက ယူတာ။ KIA ကုမ္ပဏီကထောင်ထားတဲ့ လျှပ်စစ်စီးပွားရေး ကုမ္ပဏီကယူတာ။ အခု လွှတ်တော်မှာ အဆိုတင် သွင်းထားတဲ့ ကိစ္စက တစ်နိုင်ငံလုံးနဲ့ အကျုံးဝင်တယ်။ အခု လတ်တလောတော့ ဆောင်ရတာ ဆိုပေမယ့် ဆန္ဒပြလိုက်တဲ့အတွက် ရပ်သွားတာ ။ တစ်နိုင်ငံလုံးအတွက် စဉ်းစားပေးမယ်လို့ ယုံကြည်ပါတယ်”

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် အတွဲ (၂) အမှတ် (၃၆) တွင် ပါရှိသော “မီတာခ ဈေးကြီးပေးသုံးရသည့် ပြည်သူ ကို စာနာပေးဖို့ ရခိုင်ဝန်ကြီးပြော” သတင်းမှ ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment