Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“မြန်မာအစိုးရအနေနဲ့ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်လိုခွင့်ပြုပေးမလဲဆိုတာကို သတ်မှတ်ထားတာမျိုးတွေလည်း မရှိသေးတော့ ကျွန်တော်တို့အနေနဲ့ ရုံးခွဲဖွင့်လှစ်ပြီးတော့ စင်ကာပူနဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမယ့် လူတွေအတွက် လိုအပ် တဲ့ အကြံဥာဏ်ပေးတာ၊ အကူအညီပေးတာနဲ့ အာရှဒေသတွေမှာပါ ချိတ်ဆက်ပြီး စီးပွားရေးလုပ်တဲ့လူတွေကို ကူညီပေး ဖို့ပါပဲ”

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “မြန်မာနိုင်ငံတွင် DBS ဘဏ် ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်မည်” သတင်းမှ DBS Group Executive Mr.SIM SLIM ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“မနေ့က အစည်းအဝေးမှာ SME လုပ်ငန်းတွေ တိုးတက်ဖို့ ညွှန်ကြားချက်တွေ ထုတ်လိုက်တယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဆောင်မှု ကတော့ မလာသေးဘူး။ ဒီတစ်ခေါက် ညွှန်ကြားချက်တွေကတော့ ကောင်းပါတယ်။ အဲ့ဒီ ညွှန်ကြားချက်တွေရဲ့ ၅၀ ရာခိုင်နှုန်းကိုပဲ ပြည်နယ်အစိုးရတွေ၊ သမဝါယမဝန်ကြီးဌာနတွေ၊ စက်မှုဝန်ကြီးဌာနတွေက အကောင်အထည်ဖော်ရင်ပဲ တော်တော်တိုးတက်နေပြီ”

နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၄၄) တွင်ပါရှိသော “အစိုးရဖော် ဆောင်သည့် SME နည်းလမ်းလွဲနေဟု စီးပွားရေးပညာရှင်များ ဝေဖန်” သတင်းမှ ဒုတိယသမ္မ ဦးဥာဏ်ထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သူတို့လာတာကို ကျွန်တော်တို့က မပြောလိုပါဘူး။ သို့သော်လည်း သူတို့က ဒါတွေကို အကြောင်းပြပြီး တော့မှ တစ်စတစ်စနဲ့ သူတို့ရဲ့ နယ်မြေတွေအဖြစ်ဘာသာ သိမ်းသွင်းပြီးတော့ အခြေချခဲ့တာ ကမ္ဘာ့သမိုင်းမှာလည်း အများအပြားရှိခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုမဖြစ်ရအောင်လို့ ကျွန်တော်တို့ ပြည်သူတွေက သက်ဆိုင်ရာဌာနက ခွင့်ပြုချက်ယူပြီး တရားဝင်ဆန္ဒထုတ်ဖော်နေရခြင်း ဖြစ်ပါတယ်”

အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် “OIC အဖွဲ့ခရီးစဉ်ကို ရဟန်းရှင်လူ ၇၀၀ ခန့်ဖြင့် ရန်ကုန်၌ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်” သတင်းမှ ထေရဝါရ ဓမ္မကွန်ရက်နှင့် အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေးတွေမှာ ဥပဒေ အကြံပေးနှင့် အလုပ်အမှုဆောင် တာဝန်ထမ်းဆောင်သူ ရှေ့နေဦးအေးပိုင် ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


"တရားမဝင် သွားလာမှုကို ကာကွယ်တားဆီးဖို့ရယ်၊ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအတွက် လိုအပ်တဲ့ဟာဖြစ်လို့ အိမ်ထောင်စု လူဦးရေ စစ်ဆေးမှုတွေကိုတော့ ယခင်နှစ် ကတည်းကလို အပြောင်းအလဲမရှိ လုပ်နေပါတယ်။ အခု (မကဖ) ၀န်ထမ်းတွေကို ခိုးဝင်ခိုးထွက် ရှိနိုင်တဲ့ နေရာတွေဖြစ်တဲ့ ချောင်းပေါက်တို့ ကင်းစခန်းတို့မှာ တာဝန်ချထား ပေးပြီးတော့ ခိုးဝင်ခိုးထွက်မှု မရှိအောင် ဆောင်ရွက်နေပါတယ်"

နိုဝင်ဘာ ၁၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ ချောင်းပေါက်များနှင့် ကင်းစခန်းများတွင် တရားမ၀င် ၀င်ရောက်လာသူများအား တားဆီးရန် နိုင်ငံခြားသား တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေး အဖွဲ့အား တာဝန်ချထား” သတင်းမှ ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) အရာရှိ ဦးသိန်းတန်၏ ပြောကြားချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment