Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(Bangkok Post သတင်းစာမှ 15 Nov 2013 ရက်စွဲပါ Don’t ignore Myanmar politics,

Suu Kyi ကိုဘာသာပြန်ဆိုသည်)

(14 Nov 2013 ရက်စွဲပါ The Christian Science Monitor မှ Joseph J.Schatz ရေးသားသော Bill Clinton urges reconciliation in surprise trip to Myanmar ကို ဘာသာပြန်ဆိုသည်)


မြန်မာ့နိုင်ငံရေးကို လျစ်လျူမရှုကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(Bangkok Post သတင်းစာမှ 15 Nov 2013 ရက်စွဲပါ Don’t ignore Myanmar politics, Suu Kyi ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် လာမည့် ၂၀၁၅ ခုနှစ်တွင် အရေးကြီးသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန်ရှိရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ့နိုင်ငံရေးစိန်ခေါ်မှုများကို လျစ်လျူမရှုသင့်ကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဥရောပသမဂ္ဂ(အီးယူ) စီးပွားရေးဖိုရမ်တွင် ပြောကြားလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးသည် မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာအရေးကြီး သည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေး လက်အောက် ရောက်ရှိ ခဲ့ရာမှ ယခုအခါ တံခါးဖွင့်စနစ် စတင်ကျင့်သုံးနေပြီဖြစ်ရာ မြန်မာ့စီးပွားရေးမှာ ဒေသတွင်း အရေးပါ သော ဈေးကွက်တစ်ခု ဖြစ်လာသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးတွေနဲ့ တခြားလုပ်ဆောင်မှုတွေ လုပ်ဖို့ အားပေးအားမြှောက်ပြုပြီး တစ်ဖက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို လျစ်လျူရှုထားကြတာဟာ တကယ်တော့ လက်တွေ့မကျပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အကယ်၍ သူမ၏ပါတီသာ အနိုင်ရရှိကာ အာဏာရလာမည်ဆိုပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် လိမ့်မည် ဟူသော သုံးသပ်ပြောဆိုမှုများကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အီးယူ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ကြီးမှူးကျင်းပ ပေးသည့် ဖိုရမ်တွင် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကို ထောက်ပံ့မှုပေးရန် တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ တိုင်းပြည်တစ်ခုလုံးရဲ့ လူမှုရေးနဲ့ နိုင်ငံရေးဖွံ့ဖြိုး တိုးတက်မှုမှာ သန္ဓေ တည်တယ်လို့ ကျွန်မထင်ပါတယ်” ဟု သူမကပြောကြားသည်။

စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့သော လက်ရှိမြန်မာ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက သမ္မတဖြစ်ခွင့်ရရှိမည် မဟုတ်ပေ။ အကြောင်းမှာ တခြားနိုင်ငံ သား အဖြစ်ခံယူထားသော သားသမီး၊ ခင်ပွန်း သို့မဟုတ် ဇနီးရှိသူများအား သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ထားသောကြောင့် ဖြစ်သည်။

အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၅ ရာခိုင်နှုန်းမှာ စစ်သားများအတွက် ဖြစ်သည်ဟု သူမက ဆိုသည်။ ထို့နောက် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုများအတွက် အရေးပါသောကိစ္စတစ်ခုဖြစ်သည့် ဖက်ဒရယ်စနစ် နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ယခုလိုဆိုသည်။

“ကျွန်မတို့အားလုံး ဖက်ဒရယ်ပြည်ထောင်စုကို ရချင်ကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ်ကမှ ကျွန်မတို့ ပြည်သူတွေအားလုံး စိတ်ကျေနပ်မှုနဲ့ ယုံကြည်စိတ်ချမှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်ပေးမှာမိုလို့ပါပဲ”

ဒီမိုကရေစီ ချန်ပီယံတစ်ဦးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း၌ ဖြစ်ပေါ်နေသော ဘာသာရေး နှင့် လူမျိုးရေးဂိုဏ်းဂနဖွဲ့ ဆူပူအကြမ်းဖက်မှုများအပေါ် နှုတ်ဆိတ်နေခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ ရသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုတို့၏ လက်နက်ကိုင် ပုန်ကန်တော်လှန်မှုများနှင့် ဆယ်စုနှစ်များစွာ ရင်ဆိုင်ခဲ့ ရသည်။ ယခုအခါ လက်နက်ကိုင်အုပ်စုအများစုနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုး နိုင်ပြီဖြစ်သော်လည်း တစ်ပြည်လုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရန်ကျန်ရှိနေသေးသည်။

၂၀၁၁ ခုနှစ်က အာဏာရရှိခဲ့သော သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာစေရန် လုပ်ဆောင်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းတို့ကြောင့် နိုင်ငံတကာ၏

ချီးမွမ်းပြောဆိုမှုများ ရရှိခဲ့သလို အနောက်နိုင်ငံများကလည်း မြန်မာပြည်အပေါ်ထားရှိခဲ့သည့် ပိတ်ဆို့အရေးယူမှုများအား ဖယ်ရှားပေးခဲ့သည်။

အီးယူကမူ လာမည့် ၂၀၁၅ တွင်ပြုလုပ်မည့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် လေ့လာစောင့်ကြည့် ရေးအဖွဲ့ တစ်ရပ်စေလွှတ်မည် ဖြစ်သည်ဟု ဆိုသည်။ မြန်မာအစိုးရအနေဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး မစ်ရှင် တစ်ရပ်ထားရှိရန် စိတ်ဝင်စားပါက စေလွှတ်မည်ဖြစ်သည်ဟု မစ္စကက်သရင်းအက်ရှ်တန်ကဆိုသည်။


 ဘီလ်ကလင်တန်က မြန်မာ့ခရီးစဉ်တွင် ပြန်လည်ရင်ကြားစေ့ရေးတိုက်တွန်း

(14 Nov 2013 ရက်စွဲပါ The Christian Science Monitor မှ Joseph J.Schatz ရေးသားသော Bill Clinton urges reconciliation in surprise trip to Myanmar ကို ဘာသာပြန်ဆိုသည်)

အမေရိကန် သမ္မတဟောင်း Bill Clinton သည် မြန်မာနိုင်ငံသို့ အံ့အားသင့်ဖွယ်ရောက်ရှိလာခဲ့ပြီး စစ်အုပ်ချုပ် ရေးမှ ဝေးရာသို့ သွားနေသော အသွင်ကူးပြောင်းရေးကာလနှစ်နှစ်အတွင်း တိုင်းပြည်ကို ရှေ့ဆက်မတက်ရန် အကြိမ်ကြိမ် ဖြစ်ခဲ့သော တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ ခွဲခြားမှုများ ရပ်ဆိုင်းကြရန် အမျိုးသားခေါင်းဆောင်များအား ကြာသာပတေးနေ့က တိုက်တွန်းခဲ့ပါသည်။

“ခင်ဗျားတို့နိုင်ငံ တံခါးဖွင့်ကတည်းက တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံကို ချဉ်းကပ်လာကြပါတယ်” ဟု Mr.Clinton က နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေးခေါင်းဆောင်များပါဝင်သော အုပ်စုအား ရန်ကုန်တွင် ပြောကြားခဲ့ပါသည်။ “တစ်ကမ္ဘာလုံး က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခု ထွက်ပေါ်လာတိုင်း ချီးမွမ်းကြပါတယ်။ ဘာသာရေးအရ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီးဖတ်ရရင်တော့ အတော်စိတ်မကောင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောပါသည်။

ကလင်တန်အတွက် ယခုခရီးစဉ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ၎င်းသည် အမေရိကန်သမ္မတအဖြစ် ၁၉၉၀ ခုနှစ် များက မြန်မာစစ်အစိုးရအပေါ် စီးပွားရေးအရ အရေးယူမှုများ တိုးမြှင့်ချမှတ်ရန် ဦးဆောင်ခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ ဇနီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းသည် စစ်အစိုးရအပြီး အမည်ခံအရပ်သား အစိုးရနှင့် အမေရိကန်ကြား နွေးထွေးသော ဆက်ဆံရေးအပြုအမူကို အချက်ပေး သည့်သဖွယ် ဖြစ်ခဲ့ပါသည်။

ကလင်တန် သွားရောက်လည်ပတ်ခြင်းမှာ ၎င်း၏ ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံတွင် အကူအညီပေးရေး ဖြစ်ပါသည်။ ကလင်တန်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် အကူအညီပေးရေး ဖြစ်ပါသည်။ ကလင်တန် ဖောင်ဒေးရှင်းသည် မြန်မာ နိုင်ငံတွင် HIV/AIDS ၊ ငှက်ဖျားနှင့် တီဘီဆေးများ၊ ဆေးယဉ်ပါးသည့် ကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေး ကျန်းမာရေးနှင့် စိုက်ပျိုးရေး တိုးတက်မှုများအတွက် အကူအညီပေးမည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။

သို့သော် မြန်မာနိုင်ငံတွင် ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ဆန့်ကျင်ခဲ့သော တိုင်းရင်းသားများ နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရန်ကြိုးပမ်းနေမှုနှင့် ပြီးခဲ့သည့်နှစ် ရခိုင်ပြည်နယ်မှ စတင်ခဲ့သော မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများမှာ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်ပါသည်။

ကလင်တန်သည် ကြာသာပတေးနေ့က ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန် နှင့် လွှတ်တော်ဥက္ကဌ ဦးရွှေမန်း တို့ဖြင့် နေပြည်တော်တွင် တွေ့ဆုံအပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့ ပါသည်။

ကလင်တန်က လူထုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်များသို့ မိန့်ခွန်းပြောကြားရာတွင် ဘရာဇီးမှာ မိုးရာသီ သစ်တောများ (Rain Forest) အကြောင်း၊ မြောက်ပိုင်းအိုင်ယာလန်၊ လူ့မျိုးရိုးဗိဇများ၊ ရဝမ်ဒါလူမျိုးတုံး သတ်ဖြတ်မှုနှင့် ရာစာအာရာဖတ်နှင့် စကားပြောခဲ့ခြင်းများအကြောင်း ဆွေးနွေးသွားပါသည်။ ၎င်းသည် ပဋိပက္ခများကြောင့်၊ ဖိနှိပ်မှုများ ကြောင့် ခွဲခြားခံရသော လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးအတွက် ကာလကြာရှည် အခြေအတင်ပြောဆိုမှုများ ဖြစ်နိုင် ကြောင်း အာရုံပြု ပြောကြားခဲ့ပါသည်။

“အာဏာရှင်ပြန်မလုပ်တော့ပါဘူးလို့ ပြောနေရုံနဲ့ မပြီးပါဘူး။ အုပ်စုတွေအားလုံး ပါဝင်ခွင့်ရဖို့ စနစ်တကျ စုစည်း ရပါ မယ်။ မဟုတ်ရင် ကျန်ခဲ့နိုင်တာတွေရှိပါတယ်။ သဘောတူနိုင်မယ့်အချက်တွေကို ရှာဖွေဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောပါသည်။

ကလင်တန်သည် ပြီးခဲ့သည့်နှစ်အတွင်း မွတ်ဆလင်အများစုပါဝင်သော လူများသေဆုံးခဲ့ရသော ဗုဒ္ဒဘာသာ- မွတ်ဆလင် အကြမ်းဖက်မှုကိစ္စရပ်ကို ပြောကြားရာတွင် ၎င်း၏ စကားလုံး အသုံးအနှုန်းများမှာ သိသိသာသာ သတိထား သည်ကို တွေ့ရပါသည်။ ဤကိစ္စမှာ မြန်မာနိုင်ငံ၌ ထိရှလွယ်သော သဘာဝရှိခြင်းကြောင့် ဖြစ်ပါသည်။ အနောက်နိုင်ငံ အစိုးရများသည် မြန်မာအစိုးရသစ်အား ကြိုဆိုပြီး၊ ၎င်းတို့၏ ကုမ္မဏီများအား ရင်းနှီးမြှုပ်နှံရန် အားပေးနေချိန်တွင် အဆိုပါ ကိစ္စသည် စိတ်ပျက်ဖွယ်အနေအထားတွင် ရှိပါသည်။ ရခိုင်ပြည်နယ်တွင် တင်းမာမှုများမြင့်တက်နေဆဲ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ရိုဟင်ဂျာ မွတ်ဆလင်အသိုင်းအဝိုင်းမှာ သိသိသာသာ သံသယများထားရှိခံရပြီး အကြမ်းဖက်မှု ခံနေရပါသည်။

သို့တိုင် ၎င်း၏ မိန့်ခွန်းကို အမြင်မတူသော အသိုင်းအဝိုင်းမှ လူများအားလုံးက  လက်ခုတ်သြဘာပေးခဲ့ကြပါ သည်။

“သူက စကားလုံးတွေ ရွေးပြောပေမယ့်လည်း သူပေးချင်တဲ့ မက်ဆေ့ခ်ျကို ရအောင်ပေးနိုင်ခဲ့ပါတယ်” ဟု အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင် ရိုဟင်ဂျာထောက်ခံသူ ဦးခင်မောင်မြင့် က ပြောပါသည်။

“သူက ပြန်လည်ရင်ကြားစေ့ရေးကိုပဲ ပြောပါတယ်။ လက်တုန့်ပြန်ဖို့၊ တရားစီရင်ဖို့ကိစ္စတွေ မပြောပါဘူး။” ဟု ကုလသမဂ္ဂအရာထမ်းဟောင်းတစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်မှ ရိုဟင်ဂျာကိစ္စ ဝေဖန်သူ ဒေါ်ယဉ်ယဉ်နွယ် က ပြောကြားခဲ့ ပါသည်။ ဒေါ်ယဉ်ယဉ်နွယ်က ၎င်းအနေဖြင့် သိထားသည်မှာ မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသား ဟောင်းများကပင် လက်စားချေရေး၊ တရားစီရင်ရေးကိစ္စများကို တောင်းဆိုနေမှု မတွေ့ရဟုဆိုပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment