Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခုအစိုးရက သူတို့တွေရဲ့လိုအပ်နေတဲ့ Capacity ကိုဖြည့်ဆည်းဖို့အတွက် နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေပါပြီ။ စင်္ကာပူတက္ကသိုလ်နဲ့ချိတ်ဆက်ပြီး နေပြည်တော်မှာ သင်တန်းတွေပေး နေပါပြီ။ အစိုးရလုပ်ဆောင်တာ ဆိုတော့ တချို့အပိုင်းတွေမှာ ပြည်သူတွေ မသိလိုက်တာပါ။ ဒီလို သင်တန်းမျိုးတွေလည်း ဆက်တိုက်လုပ်သွားဖို့ ရှိနေပါ တယ်။ အစိုးရက ဘာမှမလုပ်ဘဲ နေနေတာ မဟုတ်ပါဘူး။ အဆင့်အလိုက် လုပ်ဆောင်နေပါတယ်။ ဆရာတို့လဲ ဝိုင်းဝန်းကူညီ နေပါတယ်။ အဲဒီ သင်တန်းတွေထဲမှာ အုပ်ချုပ်မှု သင်တန်း စီမံခန့်ခွဲမှုသင်တန်းတွေလဲ ပါပါတယ်။ Capacity မြင့်မားဖို့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လိုအပ်နေတာပါ။ ဒါပေမယ့် ဆရာတို့က တခြားနိုင်ငံတွေက အတွေ့အကြုံတွေယူပြီး လုပ် ဆောင်နေတယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် Flower News Journal အတွဲ (၉) အမှတ် (၄၅) တွင်ပါရှိသော “အစိုးရ ဌာနဆိုင်ရာတွေ မှာ လုပ်နိုင်စွမ်းရှိတဲ့သူတွေ ပိုတိုးလာဖို့ဆိုရင် ဖောင်ကြီးသင်တန်း တစ်ခုတည်းနဲ့ မလုံလောက်ဘူး ဘွဲ့လွန်သင်တန်းတွေ များများပေးဖို့လိုတယ်” သတင်းမှ ဒေါက်တာအောင်ထွန်းသက် (စီးပွားရေးနှင့် စီမံခန့်ခွဲမှု ပညာရှင် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး) ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခု ချင်းပြည်နယ်မှာက လူမှုရေးရာဝန်ကြီးရဲ့ လက်အောက်မှာ ပညာရေးနဲ့ ကျန်းမာရေးကို တွဲပြီးကိုင်ထားတာ။ ပညာရေး ဌာနက တကယ်တော့ ပြည်ထောင်စုဝန်ကြီးဌာနအောက်မှာပဲရှိတယ်။ ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ လိုက်လျော ညီထွေမှုရှိတဲ့ ပညာရေးမူဝါဒချဖို့က ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်ရှိသင့်တယ်”

နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “ချင်းပြည်နယ် ပညာရေးကဏ္ဍ ကို ပြည်နယ်အစိုးရ ၈၀ ရာခိုင်နှုန်း လုပ်ပိုင်ခွင့်ပြဌာန်းပေးရန် aတာင်းဆို” သတင်းမှ ဒေါက်တာရွှေခါးရ် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“တရားဥပဒေစိုးမိုးမှုမရှိရင် ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ခြင်းမလုပ်ရင် ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ တိုင်းရင်းသား လူမျိုးစုတွေက ဖက်ဒရယ် ပြည်ထောင်စုကို လိုလားနေပါတယ်။ အဲဒီအချက်ကို ကျွန်မတို့ ဘယ်လိုမှ ရှောင်ရှားလို့ မရနိုင်ပါ ဘူး”

နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ်  Envoy Journal အတွဲ (၄) အမှတ် (၂၅) တွင်ပါရှိသော “မြန်မာနိုင်ငံမှာ လာရော က်ရင်းနှီးမြှုပ်နှံ သူတွေက စစ်မှန်တဲ့ အစိုးရတစ်ရပ်ပေါ်ထွန်းရေး ဝိုင်းဝန်းလုပ်ကြဖို့ ဒေါ်စုတိုက်တွန်း” သတင်းမှ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လုပ်ငန်းလည်ပတ်နေတဲ့ ဇုန်တွေမှာတော့ ပြည်တွင်းက အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။ ဒေသခံ ဖွံ့ဖြိုးရေးနဲ့ ဒေသခံတွေ အလုပ်အကိုင် ရရှိရေးအတွက် ကျန်တဲ့အပိုင်းတွေကို အမြန်ဆုံး လုပ်ငန်းလည်ပတ်နိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ”

နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် ရန်ကုန်တိုင်း နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဘားအံ့စက်မှုဇုန် စီမံကိန်း တွင် ထိုင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား” သတင်းမှ ကရင်ပြည်နယ် အစိုးရ အဖွဲ့မှ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောကြည်မင်း ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“ဒီကနေ့ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ပြောသွားတဲ့အထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိက ထားပြော သွားတယ်။ ပြည်သူ့လွှတ်တော်မှာလည်း တိုင်းရင်းသားတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေ ဖော်ဆောင်ပေးနေတယ် ဆိုတာကို လည်း ပြောသွားပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရာမှာလည်း တိုင်းရင်းသားတွေရဲ့လိုအပ်ချက်တွေ ပြင်ဆင် နိုင်အောင် ဆောင်ရွက်နေတယ်ဆိုတာ ပြောပါတယ်။ အစိုးရဘက်ကလည်း တိုင်းရင်းသားတွေဘက်က စိတ်ငြိုငြင်မယ့် ကိစ္စဖြစ်ခဲ့မယ်ဆိုရင်လည်း သက်ဆိုင်ရာအဆင့်ဆင့်နဲ့ ချက်ချင်း ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြောသွားပါတယ်”

နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် မိမိကို၌ကလည်း လိုက်ပါပြောင်းလဲရန် လိုအပ်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌပြောကြား” သတင်းမှ အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment