Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေက တိုင်းပြည်စီးပွားရေး တိုးတက်မှုအတွက်အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အပြင် ပြည်တွင်းအလုပ်အကိုင် ရရှိရေးအတွက်လည်း အရေးပါတဲ့ နေရာမှာ ပါဝင်နေတဲ့အတွက် SMEs တွေ ဖွံ့ဖြိုးဖို့ အရေးကြီး တယ်။ SMEs Law ကိုလည်း တိုင်းပြည်တိုးတက်ဖို့ အရေးကြီးဥပဒေတစ်ခု အနေနဲ့ ဆောလျင်စွာ ပြဌာန်းပေးဖို့ လိုအပ်ပါတယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းနေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာများ မြို့ကြီးများတွင် တိုးချဲ့ဖွင့်လှစ်မည်” သတင်းမှ ကုန်သည်/စက်မှု လုပ်ငန်းရှင် အသင်းဥက္ကဌ ဦးဝင်းအောင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဂျပန်ရင်းနှီးမြှုပ်နှံတွေက ဒီဘက်နှစ်မှာ တဖြည်းဖြည်းလုပ်လာနိုင်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံတဲ့ ပမာဏက အရမ်းနည်းနေ ပါသေးတယ်။ အခု ဂျပန်ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံမှာ နံပါတ် (၁၁) နေရာမှာပဲ ရှိပါတယ်။ နံပါတ် (၁) က တရုတ်နိုင်ငံ ဖြစ်ပါတယ်။ သုံးနှစ်၊ငါးနှစ်အတွင်း ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှု လျင်လျင်မြန်မြန် တိုးတက်လာမှာ ဖြစ်ပြီး Asian Business Leader Association အနေနဲ့လည်း မြန်မာနိုင်ငံကို အကူအညီ ပေးနိုင်မယ် မျှော်လင့်တယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၃) တွင် ပါရှိသော “သီလဝါ အထူးစီးပွား ရေးဇုန်စရင် ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံ ထိပ်ဆုံးရောက်နိုင်” သတင်းမှ Asian Business Leader Association မှ ဥက္ကဌ Mr.Sawada Hideo ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ယုံကြည်လို့ဆင်းလာသလားဆိုတဲ့ မေးခွန်းက ကျွန်တော်တို့ အခု ယုံကြည်မှု တည်ဆောက်နေချိန် ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော့်အနေနဲ့ ရန်ကုန်ကိုဆင်းလာတဲ့အပေါ်မှာ ကျွန်တော်တို့ဘက်က ယုံကြည်မှုကိုလည်း လိုသလို သေချာတာက Political Way ကို ပြသဖို့ လိုပါတယ်။ ဒါ့ကြောင့် ဒီအနေအထားမျိုးကြောင့် ရောက်လာတာ ဖြစ်တယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “နိုင်ငံရေး လမ်းကြောင်း ပြသလို ၍ ရန်ကုန်လာဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား” သတင်းမှ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ချက်ချင်းလက်ငင်းဖွံ့ဖြိုးတိုးတက်မယ့် ကဏ္ဍတွေမှာ နှစ်နှစ်အတွင်း ယူရိုသန်း ၈၅၀ ထက်မပိုတဲ့ ငွေကြေးကို အသုံးပြုသွား မှာပါ။ ဒါ့ကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ဆက်တိုက်လိုလို လက်ခံတွေ့ဆုံစကား ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အသုံးပြုမယ့်ငွေပမာဏဟာ အစိုးရရဲ့ လုပ်ငန်းစဉ်တွေချည်းပဲ မဟုတ်ပါဘူး”

နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၁၇) တွင် ပါရှိသော “မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ၂ နှစ်အတွင်း ဥရောပသမဂ္ဂက ယူရိုသန်း ၈၅၀ ဝန်းကျင် အသုံးပြု မည်” သတင်းမှ ပါလီမန် ဥက္ကဌဆိုင်ရာ သံတမန်ရေး အကြံပေး Mr.Alexander Stut Zaann ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“တစ်ကယ်ပဲ တိုင်းပြည်အပေါ်မှာ စေတနာရှိတယ်ဆိုရင် တပ်မတော်ရဲ့ အခြေအနေ၊ တပ်မတော်ရဲ့ အနေအထားကို ပြန် ကြည့်စရာမလိုပါဘူး။ ကိုယ့် တိုင်းပြည်တောင့်လို့ရှိရင် တပ်မတော်က တောင့်မှာပါ။ ပြည်သူလူထုက ကိုယ့်ဘက်မှာ မားမား မတ်မတ်ရပ်လို့ရှိရင် ဘယ်တပ်မတော်မှ မယိမ်းယိုင်နိုင်ပါဘူးလို့ ကျွန်မပြောချင်တယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အခြေခံဥပဒေ ပြင်ဆင်ရာ တွင် လူလည်မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် သတိပေးပြောဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment