Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

စစ်မက်ပဋိပက္ခများအမြန်ဆုံးရပ်ဆိုင်းရန် ကချင်တက်ကြွလှုပ်ရှားသူအဖွဲ့များမေတ္တာရပ်ခံ

(Thenews.com မှ 20 Nov 2013 ရက်စွဲပါ Kachin activists seek end to clashes ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်  မြန်မာစစ်တပ်နှင့် ကချင်တိုင်းရင်းသား သူပုန်များအကြား ဖြစ်ပွားလျက်ရှိသည့် စစ်မက်ပဋိပက္ခ အမြန်ဆုံး အဆုံးသတ်ရေးအတွက် ကချင်တက်ကြွလှုပ်ရှားသူများအဖွဲ့များက မေတ္တာရပ်ခံ ပန်ကြားလိုက်ကြောင်း သိရသည်။ အဆိုပါ စစ်မက်ပဋိပက္ခများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ ရာပေါင်းများစွာမှာ စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသလို ယင်းပြည်နယ်တွင်း ဝေးလံခေါင်သီသော ဒေသများ၌ ပုန်းခိုနေထိုင်နေကြရသည်။

မြန်မာစစ်တပ်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုများက ဗန်းမော်နှင့် မန်စီဒေသရှိ ပြည်သူ ၂၃၀၀ ခန့်အပေါ် ထိခိုက်နစ်နာခဲ့ရသည်။ အဆိုပါပြည်သူများမှာ ယခင်တိုက်ခိုက်မှုများကြောင့် ပြောင်းရွှေ့ ထွက်ပြေး ခဲ့ရသူများဖြစ်သည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပြောဆိုကြောင်း ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂရုံးက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် စနေနေ့တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့များက ယင်း ဒေသရှိ စာသင်ကျောင်းကို ဝိုင်းရံမှုများပြုလုပ်ခဲ့ရာ မိမိတို့အနေဖြင့် စာသင်ကျောင်းမှ ကျောင်းသား ၇၀၀ အတွက် အထူးပင် စိုးရိမ်ပူပန်မိသည်ဟု ကချင်တက်ကြွ လှုပ်ရှားသူများအဖွဲ့က ဆိုသည်။

“အဆိုပါ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် စာသင်ကျောင်းဝန်း အတွင်း ပိတ်မိနေခဲ့ သည်။ သို့သော် ကက်သလစ်ဘုရားရှိခိုးကျောင်းက ဦးဆောင်ကာ ၎င်းတို့ လွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံခဲ့သည်” ဟု ကုလသမဂ္ဂက ထုတ်ပြန်သော ကြေညာချက်ကဆိုသည်။

ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခင်တိုက်ပွဲများကြောင့် ပြည်တွင်း၌ အိုးအိမ်စွန့်ခွာ ရှောင်ပြေးကြ သူများ(IDPs) နေထိုင်သည့် နေရာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့အတွက်ကြောင့် လူသားချင်း စာနာထောက်ထားသော အကူအညီများပေးရန်အလို့ငှာ ပစ်ခတ်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်တန့်ပေးကြရန် မေတ္တာရပ်ခံ လိုပါသည်” ဟု ကြေညာချက်ကဆိုသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူက မိမိတို့ အနေဖြင့် အန်ဂျီအိုများ ရှေ့ဆက်၍ အကူအညီပေးနိုင်ခြင်း ရှိ၊မရှိဟူသော ကိစ္စအပေါ် စိုးရိမ်ပူပန်ခြင်းမရှိကြောင်း ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment