Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခုက အနိုင်ယူဖို့ မဟုတ်ဘူး။ အစိုးရကလည်း ကျွန်တော်တို့ကို အနိုင်မယူနဲ့။ ကျွန်တော်တို့ကလည်း အစိုးရကို အနိုင်မ ယူဘူး။ ငြိမ်းချမ်းရေးက အဓိကပဲ။ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုလက်တွဲကြမလဲ ဆိုတာပဲ။ အနိုင်ယူနေရင် ဘယ်လို လက်တွဲလို့ရမှာလဲ”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “တိုင်းပြည်နှင့် ပြည်သူ လူထု၏ တပ်မက်မှုသည် ငြိမ်းချမ်းရေးဖြစ် အဓိကကျသော ငြိမ်းချမ်းရေးရရန် ဝိုင်းဝန် လုပ်ဆောင်ရန် လိုအပ်” သတင်းမှ KNU/KIA မှ ဒေါက်တာ ထံမပီ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒို့တာဝန်အရေးသုံးပါးကို အနာဂတ် နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ဖို့ လိုပါတယ်။ ဒီမိုကရေစီသက်တမ်း သုံးနှစ်နီးပါးရှိလာတဲ့အခါ ပြင်သင့်တာကို ပြင်ရမယ်လို့ ကျွန်တော့် အနေနဲ့မြင်ပါတယ်။ မပြင်သင့်တာကိုလည်း လုံးဝမပြင်ရဘူးလို့ မြင်ပါတယ်။ မပြင်သင့်တာဘာလဲ အမျိုးဘာသာ သာသနာကို ကွယ်ပျောက်စေ၊ ထိခိုက်စေမယ့်အရာပေါ့ ကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာကို နောင်လာနောင်သားတွေ ထိခိုက်စေမယ့်အရာ အဲ့ဒီတစ်ခုကို ပြင်ရင် အားလုံးကိုထိခိုက်နိုင်တယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ (၂) အမှတ် (၈) တွင်ပါရှိသော “ဒို့တာဝန် အရေး သုံးပါး ဖော်ဆောင်မည့် အခြေခံဥပဒေလိုအပ်ဟု ဦးအောင်သိန်းလင်းဆို” သတင်းမှ ပြည်ထောင်စု ကြံခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံသားဖြစ်ဖို့အတွက် စိစစ်ပြီး (နိုင်) ပေးသင့်တဲ့သူပေး၊ (ဧည့်) ပေးသင့်တယ်သူကိုပေး (ပြု) ပေးသင့်တဲ့သူ ကို ပေးပြီး၊ အားလုံးကိုတရားဥပဒေအတိုင်း တရားဝင်အသိအမှတ်ပြုပြီး သွားချင်တဲ့နေရာကို ပေးသွားလိုက်ရင် ပြဿနာကို တစ်နည်းတစ်ဖုံဖြေရှင်းနိုင်မှာပါ။ တစ်နေရာတည်းမှာ စုထားရင် ပြဿနာက ပိုကြီးနိုင်တယ်”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃၇) တွင်ပါရှိသော “တအုံနွေးနွေး ရခိုင်အရေး” သတင်းမှ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင် ၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“ကျေးလက်ဒေသတွေမှာ မီးလင်းရရှိရေးအတွက် အလွန်လိုအပ်နေပါတယ်။ တော်တော်လေး လုပ်ရဦးမှာပါ။ ဒါပေမယ့် ဆယ်စုနှစ်အတွင်းမှာ မဟာဓါတ်အားလိုင်းနဲ့ သောက်သုံးရေရရှိမှုကို လုပ်ကိုင်နေတာဟာ အရင်ကနဲ့ ယှဉ်ရင် အောင်မြင်တယ် လို့ ပြောလို့ရပါတယ်။ ဥပမာ လာအိုနိုင်ငံမှာ ဆိုရင် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းက လျှပ်စစ်မီးရရှိသွားတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်အောင် လာအိုနိုင်ငံရဲ့ မဟာဓါတ်အားလိုင်း နည်းပညာ အသုံးပြုမှုကို လေ့လာသင့်ပါတယ်”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “ကျေးလက်ဒေသပြည်သူ ၇၀ ရာခိုင်နှုန်းခန့်မှာ မဟာဓါတ်အားလိုင်းနှင့် ဝေးကွာနေကြောင်း ဒုတိယသမ္မဦးဥာဏ်ထွန်း ပြောကြား” သတင်းမှ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“Retial Business ကို အခုချိန်မှာတော့ မပေးသေးဘူး။ ဒါပေမယ့် အနှေးနဲ့အမြန်ပေးရတော့မှာပဲ။ မြန်မာနိုင်ငံ ကလည်း ဒီထက်တိုးတက်လာလို့ သူများနိုင်ငံတွေမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံမှု သွားလုပ်လို့ရှိရင် နိုင်ငံတကာကလည်း ခွဲခြားဆက်ဆံမှု မရှိဘူး။ လောလောဆယ်မှာကတော့ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို အထောက်အကူပေးချင်လို့ ကန့်သတ်လို့ တာတွေ ရှိနေတုန်းပဲပေါ့။ ဒါပေမယ့် သိပ်မကြာတော့တဲ့ အချိန်မှာ ဒီကန့်သတ်ချက်တွေကို ဖြေလျှော့ပေးရတော့မှာပါ”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လက်လီဆိုင်လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လတ်တလောခွင့်မပြုသေး” သတင်းမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဆက်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment