Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခု သုံးစွဲမယ့် ကျပ်သိန်း ၁၀၀၀ က အောက်ခြေပြည်သူ့အကျိုးအတွက် သုံးဖို့ဖြစ်ပါတယ်။ အစိုးရကို ဘတ်ဂျက်ပေး ထားပေ မယ့် အောက်ခြေအတွက် ဖြစ်ချင်မှဖြစ်မှာ။ အခုဒီငွေတွေနဲ့ အောက်ခြေပြည်သူတွေ လိုအပ်တဲ့ရေ ရရှိရေး၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် သုံးစွဲသွားဖို့ ဖြစ်ပါတယ်၊ ဒေသခံလူထု လိုအပ်တာတွေကို အမှန်တကယ်ဖြည့် ဆည်းပေး နိုင်ဖို့ လိုအပ်ပါတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ သုံးစွဲခွင့်ရှိသည့် ကျပ် သိန်း ၁၀၀၀ အား တာဝန်ယူမှု အပြည့်ဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယက ညွှန်ကြား” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒါက သမိုင်းတစ်လျှောက်လုံးမှာလည်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး လုပ်တယ်။ တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့အခါမှာ အားလုံးပါဝင်နိုင်တဲ့ ပြည်တွင်းပြည်ပ တွေ့ဆုံဆွေးနွေးမှုမျိုး သမ္မတကြီးက လမ်းညွှန်ထားတဲ့ အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ အချင်းချင်းအမြင်ဖလှယ်နိုင် အောင် စီစဉ်ပေးခြင်း ဖြစ်ပါတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်တွင်းနိုင်ငံရေးပါတီများနှင့် RCSS/SSA တို့ ချင်းမိုင်တွင် သီးသန့်တွေ့ဆုံမည်” သတင်းမှ ငြိမ်းချမ်းရေးဂေဟာ၏ အကြီးတန်းအရာရှိ ဦးညိုအုန်းမြင့် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ဒီလို ကိုယ်ပိုင်တပ်ဖွဲ့ဖွဲ့တာမျိုးက အစဉ်အလာလည်းမရှိခဲ့ပါဘူး။ အရင် ဖဆပလ ပါလီမန်အစည်းအဝေးတွေ ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေပဲ လုံခြုံရေးပေးပါတယ်။ အခုကျတော့ လွှတ်တော်အတွင်း ကိုယ်ပိုင်ဖွဲ့မှာ ဖြစ်တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌ ရဲ့ကွပ်ကဲမှုအောက်မှာ ဖြစ်ပွားပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရ အဖွဲ့နဲ့ ကာချုပ်တို့ အားလုံးဆွေးနွေးပြီးတော့ ဒါကို လက်မခံကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့က လွှတ်တော် ဥက္ကဌကို အကြောင်းကြားစာ ပေးပို့ထားပါတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “လွှတ်တော်လုံခြုံရေး တပ်ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်းရန် တောင်းဆိုမှုကို အစိုးရအဖွဲ့နှင့် ကာချုပ် သဘောမတူ” သတင်းမှ အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖက်ဒရယ်နိုင်ငံ၊ ဖက်ဒရယ်စစ်တပ်ဆိုရာမှာလည်း အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေရဲ့ စစ်အင်အား၊ လက်နက်အင်အားတို့ကို ကော်မတီကို တင်ပြစေလိုပုံ၊ဒါ့အပြင် စစ်သားမစုဆောင်းရ၊ လူထုကြား ဆက်ကြေး၊ အခွန်အခ မကောက်ခံရဆိုတဲ့ ကန့်သတ်ချက်တွေပါနေလို့ တိုင်းရင်းသားတွေဘက်က လက်မခံနိုင် တဲ့ အနေအထားရှိပါတယ်။ ဒါပေမယ့် ABSDF ဟာ နိုင်ငံရေးပွဲစား၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်လည်း မဟုတ်တဲ့အတွက် ဒီမိုကရေစီနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပဲ ကြိုးပမ်းတဲ့အတွက် လက်ရှိအခြေအနေအရ နိုင်ငံရေး အာမခံချက်မရှိတဲ့ အပစ်ရပ်ရေးဟာ လိုချင်တဲ့အဖြေမရနိုင်သေးတဲ့ အတွက် လက်မှတ်ထိုးမယ့် အခါမှာတော့ ABSDF ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်မှာပါ”

နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၁) အမှတ် (၄၈) တွင်ပါရှိသော “ABSDF နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေ့” သတင်းမှ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား တပ်မတော် ဥက္ကဌရဲဘော်သံခဲ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment