Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(European Voice မှ 21 Nov 2013 ရက်စွဲပါ “£ 90 a year support for Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

(21 Nov 2013 ရက်စွဲပါ VOA News မှ Reuters ၏  “Burma rejects UN resolution on Rohingya Muslims” ကို ဘာသာပြန်ဆိုပါသည်)


မြန်မာအတွက် တစ်နှစ်လျှင် ယူရိုသန်း ၉၀ အီးယူ ကူညီမည်

(European Voice မှ 21 Nov 2013 ရက်စွဲပါ “£ 90 a year support for Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

ဥရောပသမဂ္ဂ အီးယူသည် ၎င်း၏ ၂၀၁၄-၂၀၂၀ ဖွင့်ဖြိုးရေးအကူအညီ ဘတ်ဂျက်အရ မြန်မာနိုင်ငံအား တစ်နှစ်လျှင် ယူရိုသန်း ၉၀ အထိပေးသွားတော့မည် ဖြစ်ရာ ယင်း အစီအစဉ်သည် မြန်မာနိုင်ငံအား အီးယူအကူအညီကို မူဝါဒအရ လက်ခံရ ရှိနေသော နိုင်ငံဖြစ်လာစေမည် ဖြစ်သည်။

ယခင်က မြန်မာနိုင်ငံနှင့် ဆက်ဆံမှုကို အီးယူက တင်းတင်းကြပ်ကြပ် ကန့်သတ်ကာ မြန်မာစစ်ဖက်အုပ်ချုပ်သူများ နှင့် အပေါင်းအပါ ကုမ္မဏီများအပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့သည့် Sanctions များချမှတ်ထားချိန် ၁၉၉၆ မှ ၂၀၁၁ ခုနှစ်ကာလအတွင်း အီးယူက မြန်မာနိုင်ငံကို ပေးခဲ့သော စုစုပေါင်း အကူအညီ အကြမ်းဖျဉ်း ယူရိုသန်း ၃၀၀ (ပျမ်းမျှ တစ်နှစ်လျှင် ယူရိုသန်း ၁၉ သန့်ခန့်) နှင့် ယခု ခွင့်ပြုလိုက်သော အကူအညီပမာဏကို နှိုင်းယှဉ်ကြည့်နိုင်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်း အပါအဝင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုများ စတင်ခဲ့သော ပြီးခဲ့သည့် ၂ နှစ်တာ ကာလအတွင်း ဥရောပ ကော်မရှင်က မြန်မာနိုင်ငံ အား ဖွင့်ဖြိုးရေးအကူအညီ ယူရိုသန်း ၁၅၀ ခန့် ပေးအပ်ခဲ့ပြီး ဖြစ်သည်။

အီးယူ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး အန်ဒကွန်ပီယာဘာ့ခ် ယခင်အပတ်က ကြေညာခဲ့သော အကူအညီ တိုးမြှင့်မှုသည် နိုင်ငံရေးစနစ်ပွင့်လင်းလာမှု၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ နိုင်ငံရေးသမားများ စီးပွားရေးလုပ်ငန်း ရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များ အစရှိသော ကိုယ်စားလှယ်အဖွဲ့များကို ဦးဆောင်လာသူ အီးယူနိုင်ငံခြား ရေးရာမူဝါဒဆိုင်ရာ ကော်မရှင်နာမင်းကြီး ကက်သရင်းအက်ရှ်တန် ၏ ယခင်အပတ်က ၃ ရက်ခရီးစဉ် (နိုဝင်ဘာ ၁၃ မှ ၁၅) အတွင်း ထင်ရှားပေါ်လွင်လာ သော ဥရောပဆက်ဆံမှု ခွင်ကျယ်ထူထောင်ခြင်းမှာ နောက်ထပ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။

လေ့ကျင့်သင်တန်းပေးရာတွင် ရင်းနှီးမြှုပ်နှံခြင်း

မြန်မာရဲတပ်ဖွဲ့အား လူစုလူဝေး ထိန်းကျောင်းကွပ်ကဲမှုနှင့် လူထုအခြေပြုရဲလုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်တန်း ပေးခြင်းကို အီးယူက ယခုလ အစောပိုင်းတွင် စတင်ခဲ့သည်။ ယူရိုငွေ ၁၀ သန်းခန့် ကုန်ကျမည့် ၁၈ လစီမံချက် ကို အတိုက် အခံအုပ်စုများ၏ ထောက်ခံအားပေးမှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု အီးယူက ပြောကြားသည်။ ၎င်း စီမံချက်သည် အဓိကရုဏ်း နှိမ်နှင်းရေးပစ္စည်းပစ္စယများ ထောက်ပံ့ပေးခြင်းမဟုတ်ဟု အီးယူက ဆိုပါသည်။ နှိမ်နှင်းမှုနှင့် သက်ဆိုင်သော လက်နက်နှင့် အခြားကိရိယာများမှာ အီးယူက ချမှတ်ခဲ့သော Sanction များထဲမှာ တစ်ခုတည်းကျန်ရှိနေသော လက်နက်အရောင်းအဝယ် ပိတ်ပင်မှုအောက်တွင် အကျုံးဝင်သည်ဟု သိရှိရသည်။

အနာဂတ်အစီအစဉ်ရေးဆွဲခြင်း

၂၀၁၂ တွင် ဆိုက်ကလုံး နောက်ဆက်တွဲ ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးမှုများ ထပ်မဖြစ်စေရန် ရည်ရွယ်သော ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်မှုစင်တာ Crisis Response Centre အသစ်ကိုလည်း အီးယူက ရန်ပုံငွေ ထောက်ပံ့ လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခပေါင်းစုံ အဆုံးသတ်အောင် ကူညီရန်အတွက် ငြိမ်းချမ်းရေး အစီအစဉ်ကိုလည်း အီးယူက ရန်ပုံငွေထောက်ပံ့ပေးနေသည်။


 

 ရိုဟင်ဂျာမွတ်ဆလင်များနှင့် ပတ်သက်၍ ကုလဆုံးဖြတ်ချက်အား မြန်မာပယ်ချ

(21 Nov 2013 ရက်စွဲပါ VOA News မှ Reuters ၏  “Burma rejects UN resolution on Rohingya Muslims” ကို ဘာသာပြန်ဆိုပါသည်)

ကုလသမဂ္ဂက နိုင်ငံမဲ့မွတ်ဆလင်အုပ်စု ဖြစ်သော ရိုဟင်ဂျာများအပေါ် နိုင်ငံသားဖြစ်ခွင့်ပေးရန် တိုက်တွန်းသော ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံက ကြာသာပတေးနေ့က ပယ်ချခဲ့ပြီး ကုလသမဂ္ဂအား ၎င်း၏ အချုပ်အခြာအာဏာကို ထိပါးခြင်း ဖြစ်ကြောင်း စွပ်စွဲလိုက်ပါသည်။

အင်္ဂါနေ့က အတည်ပြုခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေး ကော်မတီဆုံးဖြတ်ချက်တွင် ဗုဒ္ဓဘာသာအများစုရှိသော မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေးပြီးဆုံးသွားပြီး နောက် တဖြည်းဖြည်းတိုးလာသော မွတ်ဆလင်များ အပေါ် အကြမ်းဖက်မှုများကို ရပ်ဆိုင်းရန် တောင်းဆိုထားပါသည်။

“ဥပဒေနဲ့ အကြုံးမဝင်တဲ့သူတွေကို ဘယ်သူတွေက ဖိအားဘယ်လောက်ပေးပေး နိုင်ငံသားအဖြစ် ခွင့်ပြုလို့ မရပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာပိုင်ခွင့် ဖြစ်ပါတယ်” ဟု အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် က ပြောပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ တွင် ၄၉ နှစ်ကြာ စစ်အုပ်ချုပ်ရေးမှ နိုးထလာပြီးနောက် ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ အကြိမ်ကြိမ်ဖြစ်ပွားခြင်းကို ကြုံခဲ့ရပါသည်။ အဆိုပါ အကြမ်းဖက်မှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေပြီး စတင်လုပ်ဆောင်ကာစ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အားနည်းစေရန် ခြိမ်းခြောက်လျက်ရှိ ပါသည်။

ရိုဟင်ဂျာများနှင့် တိုင်းရင်းသားရခိုင် ဗုဒဘာသာများသည် ပြီးခဲ့သည့်နှစ် ဇွန်လနှင့် အောက်တိုဘာလတို့တွင် ရန်ပွဲများဖြစ်ပွားခဲ့ရာ လူပေါင်း (၁၄၀၀၀၀) ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကြရပြီး အများစုမှာ ရိုဟင်ဂျာများဖြစ်ပါသည်။ အဆိုပါ မငြိမ်သက်မှုများတွင် ၁၉၂ ဦး သေဆုံးသည်ဟု မြန်မာအစိုးရက ပြောဆိုခဲ့သော်လည်း ရိုဟင်ဂျာများကမူ (၇၄၈) ဦးသေဆုံး သည်ဟု ဆိုပါသည်။

ထိုစဉ်ကတည်းက ရိုဟင်ဂျာထောင်ပေါင်းများစွာသည် မြန်မာနိုင်ငံမှ လှေဖြင့်ထွက်ပြေးခဲ့ကြပြီး မွတ်ဆလင်အများစု ရှိသည့် တိုင်းပြည်ဖြစ်သည့် မလေးရှားသို့ သွားရောက်ရန် ရည်မှန်းခဲ့ပါသည်။

မွတ်ဆလင်များအပေါ် အကြမ်းဖက်မှုများမှာ ယခုနှစ်တွင် ပျံ့နှံသွားခဲ့ရာ ယခုနောက်ဆုံး ရခိုင်ပြည်နယ် သံတွဲတွင် ဖြစ်ပွားခဲ့ပါသည်။ သံတွဲတွင် ရခိုင်လူအုပ်ကြီးသည် စက်တင်ဘာလ (၂၉) ရက်မှ အောက်တိုဘာလ (၂) ရက်အတွင်း တိုက်ခိုက်မှုများအတွင်း မွတ်ဆလင်ငါးဦးအား သတ်ဖြတ်ခဲ့ပါသည်။

မြန်မာအစိုးရက ရိုဟင်ဂျာများမှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် မှ ရွှေ့ပြောင်းလာသူများ ဖြစ်ကြောင်း ပြောပါသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားပြုမှုဥပဒေတွင် ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ တရားဝင် တိုင်းရင်းသား (၁၃၅) မျိုးထဲတွင် မထည့်သွင်း ပဲ ချန်လှပ်ထားရာ ၎င်းတို့အား နိုင်ငံမဲ့ဖြစ်စေရန် အကြောင်းဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ် ကလည်း ၎င်းတို့နှင့်မဆိုင်ဟုဆိုကာ ၁၉၉၂ ကတည်းက ဒုက္ခသည်အဖြစ် ခွင့်ပြုရန် ငြင်းဆန်ခဲ့ပါသည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာ (၁.၁) သန်း တို့သည် ၎င်းတို့၏ မျိုးရိုးစဉ်ဆက် မူလရင်းမြစ်ကို ဖော်ထုတ်ပြောခဲ့ကြပါသည်။

ကုလသမဂ္ဂက ၎င်းတို့ကို မိတ်ဆွေလုံးဝမရှိသူများအဖြစ် ဆိုခဲ့ပြီး၊ ၎င်းတို့သည် သတ်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် အမြတ်ထုတ်ခံရခြင်းများ ခံရကြောင်း ပြောကြားခဲ့ပါသည်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကလည်း ဗုဒဟူးနေ့က ဗလီတစ်လုံး မီးရှို့ခြင်း အိမ်ယာမဲ့သူများအား ခြိမ်းခြောက်ခြင်း များ အပါအဝင် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်သော သတင်းပို့မှုများအတွက် များစွာစိုးရိမ်ကြောင်း ပြောဆိုခဲ့ပါသည်။

၎င်းက ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအား အာဏာပိုင်များအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးမှု၊ တရားစီရင်ရေး၊ လူသားချင်းစာနာမှုနှင့် ပြန်လည်ပေါင်းစည်းရေးများတွင် တိုးတက်မှုရှိရေး သေချာစေရန် ပိုမိုဆောင်ရွက်ရေးကို တိုက်တွန်း ခဲ့ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment