Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(BBC မှ 21 Nov 2013 ရက်စွဲပါ Typhoon Haiyan: China sends relief team to Philippines ကိုဘာသာပြန်ဆို သည်)

(Business Standard မှ 21 Nov 2013 “Explore Myanmar as export destination” သတင်းကို ဘာသာပြန် ဆို သည်)


ဖိလစ်ပိုင်သို့ ကယ်ဆယ်ရေးအဖွဲ့များ တရုတ်စေလွှတ်

(BBC မှ 21 Nov 2013 ရက်စွဲပါ Typhoon Haiyan: China sends relief team to Philippines ကိုဘာသာပြန်ဆို သည်)

ယခုနှစ်အတွက် ကမ္ဘာ့အင်အားအကြီးဆုံး တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ခံခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံသို့ တရုတ်နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တို့ စေလွှတ်လိုက်ကြောင်း သိရ သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအဆိုအရ တရုတ်ကြက်ခြေနီဝန်ထမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ဆေးရုံသင်္ဘောကြီးတစ်စီးကိုဖိလစ်ပိုင်သို့စေလွှတ်လိုက်ခြင်းဖြစ်သည်။

ဟိုင်ယန်အမည်ရ တိုက်ဖွန်းမုန်တိုင်းကြီးသည် ဖိလစ်ပိုင်နိုင်ငံသို့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဝင်ရောက်တိုက် ခတ်ခဲ့ရာ လူပေါင်း ၄၀၀၀ကျော်သေဆုံးခဲ့သည်။ အဆိုပါမုန်တိုင်းကြောင့် ဖိလစ်ပိုင်ပြည်သူ ၁၁ သန်းခန့် ထိခိုက်ခဲ့ရ သည်ဟု ကုလသမဂ္ဂကခန့်မှန်းသည်။

တရုတ်နိုင်ငံက အစပိုင်းတွင် ဒေါ်လာတစ်သိန်းတန်ဖိုးရှိသည့် အကူအညီများပေးအပ်မည်ဟု ကမ်းလှမ်းခဲ့ သော်လည်း တရုတ်ကြက်ခြေနီအဖွဲ့က နောက်ထပ် ဒေါ်လာတစ်သိန်းပေးမည်ဟု ကတိပြုခဲ့သည်။

တရုတ်နိုင်ငံက ဖိလစ်ပိုင်သို့ပေးအပ်သည့် ကူညီငွေပမာဏနှင့်ပတ်သက်၍ အနောက်မီဒီယာများနှင့် လေ့လာ ဆန်းစစ်သူများက ဝေဖန်ပြောဆိုခဲ့ကြသည်။ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် လတ်တလော ကာလများ အတွင်း နယ်နမိတ်ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများဖြစ်ပေါ်လျက်ရှိသောကြောင့် တရုတ်က ဖိလစ်ပိုင်သို့ ကူညီထောက်ပံ့မှု အနည်းငယ်မျှသာပေးခြင်းဖြစ်သည်ဟု လေ့လာဆန်းစစ်သူများ ကဆိုသည်။

ထို့နောက်တွင်မှ တရုတ်နိုင်ငံက ဒေါ်လာ ၁ ဒသမ ၆ သန်းတန်ဖိုးရှိ နောက်ထပ် ကယ်ဆယ်ရေး နှင့် ပတ်သက်သော ပစ္စည်းများပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော် အဆိုပါပမာဏမှာ သြစတြေးလျ၊ တောင်ကိုရီးယားနှင့် ဗြိတိန်တို့အပါအဝင် အခြားသောတိုင်းပြည်များက ပေးသည့် ကူညီထောက်ပံ့မှုထက် နည်းပါးလျက်ရှိနေသေးသည်။

ဗုဒ္ဓဟူးနေ့တွင်မူ ဖိလစ်ပိုင်သို့ ကယ်ဆယ်ရေးလုပ်သားများကိုလည်း စေလွှတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက အတည်ပြုပြောကြားသည်။

“တရုတ်နိုင်ငံဟာ ဖိလစ်ပိုင်တိုင်ဖွန်းမုန်တိုင်းကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေနဲ့ပတ်သက်ပြီး အမြဲတမ်းစိုးရိမ် ပူပန်ခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hong Lei ကပြော ကြားသည်။

“သေလုမျောပါးထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို အကူအညီပေးရေးဆိုတဲ့စိတ်ဓာတ်နဲ့ ဖိလစ်ပိုင်က မုန်တိုင်း ဒဏ်သင့်တဲ့နေရာတွေကို ကယ်ဆယ်ရေးလုပ်သားတွေစေလွှတ်ဖို့ ကျွန်တော်တို့စီစဉ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

တရုတ်ရေတပ်မှ ဆေးကုသရေးသင်္ဘောဖြစ်သော Peace Ark လည်း ဖိလစ်ပိုင်သို့ အမြန်ဆုံးသွား ရောက်မည် ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ အဆိုပါသင်္ဘောတွင် ကုတင်ပေါင်း ၃၀၀ နှင့် ခွဲစိတ်ခန်း ၈ ခန်း ပါဝင်သည်။


ပို့ကုန်ဈေးကွက်အတွက် မြန်မာကိုလေ့လာ

(Business Standard မှ 21 Nov 2013 “Explore Myanmar as export destination” သတင်းကို ဘာသာပြန် ဆို သည်)

အိန္ဒိယပြည်တွင်း သကြားဈေးကွက်တွင် ဈေးနှုန်းကျကာ ပစ္စည်းများ လျှံနေခြင်း၏ နောက်ဆက်တွဲအဖြစ် မြန်မာ နိုင်ငံသည် သကြားပို့ကုန်အတွက် ဈေးကွက်ကောင်း တစ်ခုဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး ကဆိုပါသည်။

“မြန်မာနိုင်ငံဟာ ပြည်တွင်း သကြားလိုအပ်ချက်အတွက် တရုတ်နဲ့ထိုင်းက သကြားကို တင်သွင်းနေပေမယ့် အိန္ဒိယသကြားကို မသွင်းသေးပါဘူး” ဟု ရန်ကုန်မြို့ အိန္ဒိယသံရုံးမှ ပထမအတွင်းဝန် နီးလ်ဂျိမ်းက ပြောကြားသည်။

Indian Industries Association အိန္ဒိယ စက်မှုလုပ်ငန်းရှင်အသင်းတွင် “မြန်မာနိုင်ငံမှ ပို့ကုန်နှင့် စီးပွားရေး အခွင့်အလမ်းများ” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောမှုပြုလုပ်ခဲ့သော နီးလ်ဂျိမ်းက အိန္ဒိယသကြား ထုတ်လုပ်သူများ အထူးသဖြင့် အူတာပရာဒေ့ရှ် ပြည်နယ် အခြေစိုက်သူများသည် မြန်မာသို့ သကြားတင်ပို့ရန် အခွင့်အလမ်းများကို ရှာဖွေ သင့်ကြောင်းနှင့် မြန်မာနိုင်ငံသည် အိန္ဒိယရင်းနှီးမြှုပ်နှံသူများ၊ ကုန်စည်များအတွက် ပိုးထည်နှင့် ဝါဂွမ်းကဏ္ဍတွင် အခွင့်အလမ်းများ ပေးနေကြောင်း ဆက်လက်ပြောကြားသည်။

အသေးစား၊ အလတ်စား၊ အိန္ဒိယ လုပ်ငန်းရှင်များ၏ အဓိက ပို့ကုန်ဈေးကွက်တွင် ဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါးပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းများ၊ လျှပ်စစ်ပစ္စည်း၊ သတင်းနည်းပညာ (IT) ၊ ကျန်းမာရေး၊ ရာဘာဖိနပ်နှင့် နေစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံများစသည့် အမျိုးအမည်များ ပါဝင်သည်။

“မြန်မာတွေဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ကွန်ပျူတာဘာသာရပ်ကို လေ့လာဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါ့ကြောင့် ဘာသာစကား အတိုင်အပင်ခံလုပ်ငန်းနဲ့ အိုင်တီလုပ်ငန်းအတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်” ဟု နီးလ်ဂျိမ်းက ဆိုပါသည်။

နီးလ်ဂျိမ်း ကမြန်မာကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် အိန္ဒိယစက်မှုလုပ်ငန်းရှင် အသင်း ILA ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ လာရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment