Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီဟာကတော့ ဆွေးနွေးရမယ့် အချက်ပါ။ အကန့်အသတ် ဖြစ်သည်ပဲဖြစ်စေ၊ အခက်အခဲ ဖြစ်သည်ပဲ ဖြစ်စေ၊ ဆွေးနွေးရမယ့် အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ အချုပ်အခြာအာဏာ ကိစ္စကိုပြောတဲ့ အခါမှာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ကွဲလွဲမှု အများကြီးရှိပါတယ်”

နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် True News Journal အတွဲ (၆) အမှတ် (၆) တွင်ပါရှိသော “ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဝန်ကြီးဦးအောင်မင်း တားမြစ်ထားသည့် အချုပ်အခြာအာဏာနှင့် ပတ်သက်၍ ဆွေးနွေးမည်” သတင်းမှ ဗိုလ်ချုပ်ဂွမ်မော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုက မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာ တွေ့ရပါ တယ်။ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်စေဖို့ သဘာဝသယံဇာတအခြေခံ စက်မှုလုပ်ငန်းများကို ဖော်ဆောင်ရန် အားပေးရန်မှာ အစိမ်းရောင်စီးပွားရေးကို ဖော်ဆောင်မယ့် ရင်းနှီးမြှုပ်နှံ သူများကိုသာ ဦးစားပေး ဆောင်ရွက်စေမှာပါ”

နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် Flower News Journal အတွဲ (၉) အမှတ် (၄၆) တွင် ပါရှိသော “အစိမ်းရောင်စီးပွားရေးကို ဖော်ဆောင်မည့် ရင်းနှီးမြှုပ်နှံသူများကို ဦးစားပေး ခွင့်ပြုမည်ဟု ပြည်ထောင်စု ဝန်ကြီးပြော” သတင်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လုပ်ခလစာဆန္ဒပြလာပြီဆိုရင် ကျွန်တော်တို့တွေ ဖြေရှင်းလို့မရတော့ဘူး။ အလုပ်ရှင်တွေက အစိုးရသတ်မှတ် နေပြီပြော တယ်။ သတ်မှတ်တော့မယ်ဆိုပြီး မျှော်လင့်ချက်တွေပေးနေတာ။ အစိုးရအနေနဲ့ အလုပ်သမားဆန္ဒ ပြပွဲတွေ အရှိန်ဟုန်နဲ့ ဖြစ်မလာခင် ဒီကိစ္စကို သုံးသပ်ရတော့မယ်”

နိုဝင်ဘာလ ၂၇ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၄၇) တွင်ပါရှိသော “အစိုးရမှ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရန်ကြန့်ကြာနေမှု အလုပ်သမားအဖွဲ့များ ဝေဖန်” သတင်းမှ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်(ယာယီ) အတွင်းရေးမှူး (၂) ဦးသက်နှင်းအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တက်ကြွလှုပ်ရှားသူတွေကို အရင်က ၅(ည)၊ ၁၇ (၁)၊ ၅၀၅ (ခ) စတဲ့ ပုဒ်မတွေနဲ့စွဲတယ်။ အခု ပုဒ်မ ၁၈ နဲ့ စွဲတယ်။ ဒီလိုတစ်ဖက်သတ် ဖိနှိပ်မှုတွေမလုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ လူ့အခွင့်အရေး ကြေညာ စာတမ်းကို လက်မှတ် ထိုးထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီ ပုဒ်မဟာ လူ့အခွင့်အရေး စာတမ်းပါအချက်တွေကို ချိုးဖောက်နေတယ်”

နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် 7 Day Daily သတင်းတွင် ပါရှိသော “ပုဒ်မ ၁၈ ပြင်ဆင်ရန် ကြိုးပမ်းနေစဉ် အမှုများကို ပလပ်ထားသင့်ဟုဆို” သတင်းမှ ကိုပြုံးချို၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အခုကာလက အရမ်းကိုကြွပ်ဆတ်လွယ်တဲ့ ကာလဖြစ်နေတယ်။ ပြောရရင် ပြဿနာဆိုတာက အစမဖော်ရင် ဘာမှမဖြစ်ဘူး။ အခုက ပြဿနာကို အစဖော်လိုက်တဲ့သူတွေက တစ်စု၊ ပဋိပက္ခတွေဖြစ်လာတော့ နစ်နာတာက တစ်စုဖြစ်နေတယ်။ ဒါကို စဉ်းစားကြပါ။ ပြောရရင်တော့ မတရားမှုဖြစ်တာကို တွေ့ရင် ဘာလူမျိုး၊ ညာလူမျိုး ဆိုတာတွေထက် အဓိကက လုပ်တဲ့ တရားခံကို အားလုံးရှာဖွေဖော်ထုတ်ကြဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဒီ ပဋိပက္ခတွေကို ဘယ်လိုမှ ရပ်တန့်နိုင်မှာ မဟုတ်ဘူး”

နိုဝင်ဘာလ ၂၅ ရက်နေ့ထုတ် စံတော်ချိန် သတင်းစာ တွင်ပါရှိသော “ဘာသာရေးအစွန်းရောက် ပိုမိုများပြား လာခြင်း၊ ဥပဒေအရ ထိရောက်စွာ အရေးမယူနိုင်ခြင်းကြောင့်ဟုဆို” သတင်းမှ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment