Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံတကာရဲ့ သဘောသဘာဝအတိုင်း ယဉ်ကျေးမှု အမွေအနှစ်တွေ၊ စည်းမျဉ်း၊စည်းကမ်းတွေကို အပြည့် အဝလိုက်နာ မယ်ဆိုရင် ဘာမှကိုလုပ်လို့ရမှာ မဟုတ်ပါဘူး။ တိုးတက်မှုနဲ့ ယဉ်ကျေးမှုက သဘောသဘာဝအရ ဆန့်ကျင်ဘက်တွေ ဖြစ်ပါ တယ်။ တစ်ဖက်က တိုးတက်ရင် တစ်ဖက်က ဆုတ်ယုတ်တက်ပါတယ်။ အဆင်ပြေအောင် ထိန်းညှိယူရမှာပါ”

နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၁၈) တွင်ပါရှိသော “ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး အထူးစီမံကိန်းနှင့် JICA အစီရင်ခံစာ ဆန့်ကျင်ဘက် ဖြစ်နေ” သတင်းမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုထိတော့ တိတိကျကျ မလုပ်ရသေးပါဘူး။ သဘောတူညီတာတော့ အားလုံးအတူတူ လက်တွဲပြီးတော့ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်။ ဒီလို လက်တွဲမှသာ အန်တီတို့ လိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးက ဖြစ်လာမယ်လို့ အန်တီတို့ အားလုံး ယုံကြည်တယ်။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို အန်တီ့အနေနဲ့ အမြဲတမ်း တက်နိုင်သလောက် ဖြည့်ဆည်းပေး ပါတယ်”

နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၄) တွင် ပါရှိသော “ငြိမ်းချမ်းရေးဖြစ်စဉ်မှ ဒေါ်စုပါဝင်ဖို့ UNFC လိုလား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အန်တီတို့ရဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် တစ်ကယ်အထောက်အကူ ဖြစ်မလားဆိုတာ စဉ်းစားဖို့ လိုတယ်။ ပြဿနာတွေ ပိုမိုကြီးထွားနိုင်မလား ဆိုတာတွေကို ဝိုင်းဝန်းဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေက ပါဝင်ရန် လိုအပ်ပါတယ်။ မီဒီယာ တွေမှ တွေ့ရတယ်။ ရန်ကုန်မှ OIC ကို ဆန္ဒပြနေကြတယ်။ အန်တီ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ဆိုရင် ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောရမယ်။ အစိုးရအနေနဲ့ ပြည်သူတွေ ဘာလို့ဆန္ဒပြနေတယ် ဆိုတာသိဖို့လိုတယ်။ ပွင့်လင်းမြင်သာ ဖို့လိုတယ်။ ပြည်သူကိုချပြမှ အဖြေတစ်ခုပေါ်လာမယ်။ OIC ရုံးခန်းဖွင့်ဖို့ တောင်းခံတာဟာ ဒီမိုကရေစီ ခေတ်မှာ ပြည်သူတွေ အဓိက အရေးကြီးတယ်။ နေရာတိုင်းမှာ ပြဿနာဖြစ်လာလျှင် ပြဿနာက ပိုမိုကြီးထွားလာနိုင်တယ်။ အဲဒီ့ ပြဿနာက ညှိမ်းမရအောင် ဖြစ်နိုင်တယ်။ အစိုးရလုပ်ချင်လို့ လုပ်ခဲ့မယ်ဆိုရင် ပြည်သူတွေကို ချပြသင့်တယ်။ ပြည်သူတွေ ရဲ့ ဆန္ဒကို ယူသင့်တယ်။ ပြည်သူတွေက လက်မခံရင် အစိုးရကစဉ်းစားသင့်တယ်။ တကယ်လို့ အကျိုးသက်ရောက်မှု မရှိရင် စဉ်းစားကြရမယ်။ OIC ရဲ့ ရခိုင်ပြည်နယ် ထောက်ပံ့ကူညီမှုကို ကြိုဆိုပါတယ်။ ဒါပေမယ့် ကူညီမယ်ဆိုတာ ဘယ်အတိုင်း အတာ အထိ ကူညီမှာလဲ ရခိုင်တိုင်းရင်းသားတွေက ကြိုဆိုကြမလား။ သူတို့ရဲ့ ဆန္ဒကို ယူရမယ်။ အန်တီတို့က သူတို့ကို အကျိုးအကြောင်းကို ပြောပြလို့ရမယ်။ ဒါပေမဲ့ ဖိအားပေးလို့တော့  မရဘူး။ သူတို့ရဲ့အမြင်၊ သူတို့ရဲ့ ဆန္ဒကိုယူရမယ်။ ဒါ လက်ခံသင့် လက်မခံသင့် အန်တီတို့ စဉ်းစားရမှာပါ”

နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် Monitor Journal“အစိုးရက လုပ်ချင်တာကို၊ ပြည်သူတွေကို ချပြရမယ်၊ ပြည်သူတွေရဲ့ဆန္ဒကို ယူသင့်တယ်၊ ပြည်သူတွေက လက်မခံရင် စဉ်းစားသင့်တယ်ဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“စစ်အာဏာရှင်စနစ်ဆိုတာလည်း အနည်းဆုံးအနှစ်သာရ လုံးဝမပြောင်းတောင် အသွင်သဏ္ဍာန်အရ ချုပ်ငြိမ်းသွားပြီ။ အနှစ်သာရတွေတော့ ကျန်ကောင်းကျန်ပါလိမ့်မယ်။ ဘယ်မှာတွေ့နေရလည်း အဲဒီအနှစ်သာရဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တွေ့နေရတယ်။ စစ်အာဏာရှင်စနစ်ရဲ့ အရိပ်မည်းကြီး ထိုးနေမှုဟာ ရှိနေသေးတယ်။ အဲဒါတွေကိုလည်း ပြည်သူလူထု တစ်ရပ်လုံးက ပြင်ချင်နေပြီ၊ နိုင်ငံရေးပါတီတွေကလည်း ပြင်ချင်နေပြီ၊ အဲဒီ့တော့ ဒါကြီးကို လွှင့်ပစ်ပြီးတော့ အသစ်ရေးဆိုတဲ့ ပုဂ္ဂိုလ်တွေတောင် ရှိတယ်။ အများစုကတော့ ဒီလိုလုပ်လို့တော့ မဖြစ်သေးဘူး။ အခြေအနေ အကြောင်း ကြောင်းတွေကြောင့် ဒါကို ပြင်ရေးပဲ လုပ်ကြရအောင်ဆိုတဲ့ အနေအထားရှိနေပါပြီ၊ ဒါဟာ ပြောင်းလဲလို့ပါ။ ကိုယ်တိုင်လာ ကြည့်ကြပါလို့ ရှင်းပြနိုင်ခဲ့ပါတယ်”

နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “စစ်အာဏာရှင်စနစ်၏ အနှစ်သာရကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြင်တွေ့နေရမှုအပါအဝင် ဖြစ်ပေါ်ပြောင်းလဲမှုများအား ချင်းမိုင်ရှိနိုင်ငံရေးအင်အားစုများကို နိုင်ငံရေးပါတီများ ရှင်းပြခဲ့ဟုဆို” သတင်းမှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီမှ အတွင်းရေးမှူး ဦးမျိုးညွန့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ကနေ့ ကျွန်တော်တို့ လိုချင်နေတာက စစ်မှန်တဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းလာဖို့ပါ။ ကျွန်တော်တို့ ပါတီခံယူထားတာက လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေက ဒီမိုကရေစီလည်း မဟုတ်ဘူး။ စစ်မှန်တဲ့ ပြည်ထောင်စုလည်း မဟုတ်ဘူး။ အတုအယောင်တွေပဲ ဖြစ်တယ်။ ဒါကို တိုက်ပွဲဝင်သွားရမယ်”

နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “စစ်မှန်သည့် ပြည်ထောင်စု ပေါ်ထွက်လာရန် ဆက်လက်တိုက်ပွဲဝင်သွားမည် မွန်ဒီမိုကရေစီပါတီ (၂၅) နှစ်မြောက် ငွေရတု၌ ဥက္ကဋ္ဌ နိုင်ငွေသိမ်း ပြောဆို” သတင်းမှ ဥက္ကဋ္ဌနိုင်ငွေသိမ်း၏ ပြောကြားချက် အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment