Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(GMA News မှ 25 Nov 2013 ရက်စွဲပါ “Myanmar president to undertake state visit to PHL” သတင်း ကို ဘာသာပြန်ဆိုသည်)

(New Europe News မှ 26 Nov 2013 ရက်စွဲပါ “EU aid of £ 3 million to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာသမ္မတ ဖိလစ်ပိုင်သို့ တရားဝင် အလည်အပတ်သွားမည်

(GMA News မှ 25 Nov 2013 ရက်စွဲပါ “Myanmar president to undertake state visit to PHL” သတင်း ကို ဘာသာပြန်ဆိုသည်)

လာမည့် သတင်းပတ်တွင် မနီလာသို့ မြန်မာသမ္မတ ဦးသိန်းစိန် နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ် လာရောက် လည်ပတ်မည်ဟု နိုင်ငံခြားရေးရာဌာနက တနလာင်္နေ့တွင် ပြောကြားသည်။

သမ္မတ ဘီနစ်နိုအကွီနို 3 ၏ အလည်အပတ် ဖိတ်ကြားမှုကြောင့် မြန်မာသမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ ဖိလစ်ပိုင်သို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ယခု ခရီးစဉ်သည် စစ်အုပ်ချုပ်ရေး ကျင့်သုံးသော မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီးနောက်ပိုင်း မြန်မာခေါင်းဆောင်၏ ပထမဆုံး ဖိလစ်ပိုင်ခရီးစဉ် ဖြစ်လာလိမ့်မည်။

မြန်မာအစိုးရ အကြီးတန်းခေါင်းဆောင်များ၏ နောက်ဆုံးတရားဝင် ဖိလစ်ပိုင်ခရီးစဉ်မှာ ၂၀၀၅ ခုနှစ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းလာရောက်လည်ပတ်မှု ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် ယခင်က မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရ အပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သော နိုင်ငံဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးတို့အတွက် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ ဦးဆောင်သော အနောက်အုပ်စု နိုင်ငံများသည် မြန်မာအာဏာပိုင် များ၏ လူ့အခွင့်အရေး ရက်ရက်စက်စက် ချိုးဖောက်မှုများ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် ပျက်ကွက်မှုများ ကြောင့် တာဝန်ရှိသော တပ်မတော်အစိုးရအပေါ် ပြင်းထန်သော ဘဏ္ဍာရေးနှင့် စီးပွားရေး အရေးယူပိတ်ဆို့မှု Sanction များ ကို ၁၉၉၀ ခုနှစ်များမှ စ၍ချမှတ်ထားခဲ့ကြသည်။

သို့ရာတွင် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် နာမည်ခံ အရပ်ဖက်အစိုးရကို ဦးဆောင်ရန် သမ္မတ တာဝန် အပ်နှင်းခြင်းခံရသူ တပ်မတော်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သော ဦးသိန်းစိန် သည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးလွတ်လပ်ခွင့်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းတို့ အပါအဝင် အံ့အားသင့်ဖွယ် ပြုပြင်ပြောင်းလဲမှုများကို တစ်သီတစ်တန်း ပြုလုပ်ပြခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု ကဲ့သို့သော ခပ်ပြင်းပြင်း ပြစ်တင်ဝေဖန်သူများထံမှ ရုတ်တရက် အသိအမှတ်ပြု ကြိုဆိုမှုကို လက်ခံရရှိခဲ့သည်။

အကွီနိုနှင့် ဦးသိန်းစိန် တို့သည် အပြန်အလှန် အကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ပြီး၊ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ယဉ်ကျေးမှုဖလှယ်ရေး၊ သတင်းအချက်အလက် ပူးပေါင်း ဆောင်ရွက်ရေး စသောကဏ္ဍများပါဝင်မည်ဟု နိုင်ငံခြားရေးဌာနက ဆိုပါသည်။

ထို့အပြင် ခေါင်းဆောင်နှစ်ဦးသည် ၂၀၁၄ အာဆီယံအလှည့်ကျ ဥက္ကဌနေရာကို မြန်မာနိုင်ငံ တာဝန်ယူခြင်း အပါအဝင် ဒေသတွင်း ကိစ္စများကိုလည်း ဆွေးနွေးကြဦးမည်ဟု သိရှိရသည်။

ခေါင်းဆောင်နှစ်ဦးသည် ၎င်းတို့၏ ပထမဆုံးတွေ့ဆုံမှုကို ၂၀၁၃ ဇွန်လ ၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ ကြပြီး၊ ထိုစဉ်က မြန်မာနိုင်ငံတွင် လက်ခံကျင်းပသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ဖိလစ်ပိုင် သမ္မတ အကွီနို တက်ရောက်ရန် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နှင့် မြန်မာအကြား သံတမန်ဆက်ဆံမှုကို ၁၉၅၆ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး၊ မကြာသေးမှီက တိုင်ဖုန်း မုန်တိုင်းဘေးဒဏ်သင့်ခဲ့သော ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာနိုင်ငံက ကယ်ဆယ်ရေးပစ္စည်း ၇ တန်နှင့် အမေရိကန်ဒေါ်လာ ၁၀၀ ၀၀၀ (တစ်သိန်း) လှူဒါန်းထားသည်။


မြန်မာနိုင်ငံသို့ ယူရို ၃ သန်း အီးယူထပ်မံကူညီမည်

(New Europe News မှ 26 Nov 2013 ရက်စွဲပါ “EU aid of £ 3 million to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် လူမျိုးရေးအကြမ်းဖက်မှုများကြောင့် ဘေးဒဏ်သင့်နေသူများအား ကယ်ဆယ်ရေး ထောက်ပံ့ရန် အီးယူက ယူရို ၃ သန်းထောက်ပံ့မည် ဖြစ်သည်။ ဥရောပ ကော်မရှင်၏ လူသားချင်း စာနာကူညီရေးနှင့် အရပ်သား အကာအကွယ်ပေးရေးဌာန ECHO သည် ပြီးခဲ့သော နှစ် ၂၀ အတွင်း မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး အကူအညီ ယူရို ၁၇၉ သန်းပေးခဲ့ပြီး၊ ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဖြူးမှု လွယ်ကူစေရန် ၂၀၀၅ ခုနှစ်က ရန်ကုန်တွင် ရုံးခန်းဖွင့်ခဲ့သည်။

ယခုထပ်တိုး ကူညီငွေသည် မြန်မာနိုင်ငံမှ ပဋိပက္ခဘေးဒဏ်သင့်သူများထံမှ အစားအစာ အာပာာရနှင့် သက်မွေးဝမ်းကျောင်း အစီအစဉ်များ ထောက်ပံ့သွားမည် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လူမျိုးရေး အကြမ်းဖက်မှုများ ကြိုကြားကြိုကြား ဆက်လက်ဖြစ်ပွားနေမှုကြောင့် နောက်ထပ် အိုးမဲ့၊အိမ်မဲ့သူများ တိုးပွားလာသည့် အတောအတွင်း မြောက်ပိုင်းကချင်မြေ၌လည်း အစိုးရတပ်နှင့် ကချင်တပ်များအကြား တိုက်ပွဲသစ်ဆင်နွှဲမှုများကြောင့် ထောင်ချီသော ဒေသခံရွာသားများ အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရသည်။ အသစ်ထပ်ပေးသည့် ရန်ပုံငွေဖြင့် ရခိုင်၊ကချင်၊ရှမ်းမြောက် ဒေသများရှိ ဘေးသင့်ပြည်သူများထံ အကူအညီများ ပေးသွားမည်ဖြစ်သည်။

အီးယူ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လူသားချင်း စာနာမှု၊ ပဋိပက္ခ တုန့်ပြန်ဆောင်ရွက်မှုဆိုင်ရာ ကော်မရှင်နာမင်းကြီး ခရစ်တယ်လီနာဂျော်ဂျီဗာ က အီးယူ၏ အသစ်ထောက်ပံ့မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “အလွန်အမင်း စိုးရိမ်နေရတုန်းပါပဲ။ ထောင်နဲ့ချီတဲ့လူတွေဟာ နေအိမ်တွေ ဆုံးရှုံးပြီး၊ ဆိုးဆိုးဝါးဝါး နေထိုင် အသက်ရှင်နေ ရပါတယ်။ အကြမ်းဖက် ဘေးသင့်နယ်မြေတွေမှာ ကောက်ပဲသီးနှံ ရှားပါးမှု၊ ဈေးမသွားနိုင်အောင် ဟန့်တားမှုတွေကြောင့် အိုးအိမ်မဲ့မိသားစုတွေရဲ့ ရှင်သန်နိုင်ရေးဟာ အခက်အခဲ ဖြစ်နေပါတယ်။ ကျွန်မတို့ရဲ့ ကယ်ဆယ်ရေးခွင် လက်တွဲဖော် အဖွဲ့တွေက တဆင့် အလိုအပ်ဆုံးသူတွေဆီကို အစားအစာနဲ့ အသက်မွေးဝမ်းကျောင်း အစီအစဉ်တွေ ရောက်ရှိနိုင်စေဖို့ အားထုတ် ကြိုးစားသွားမှာပါ” ဟု ရှင်းလင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ် လေးငါးခုခန့် ၎င်း၏ နယ်စပ်ဒေသများ တစ်လျှောက်တွင် ပြည်တွင်းပဋိပက္ခများ ကြုံတွေ့ခဲ့ရသည်။ ဥရောပကော်မရှင်၏အဆိုအရ လက်ရှိတွင် ပြည်တွင်း အိုးအိမ်မဲ့ဖြစ်သူ ၁၄၀ ၀၀၀ ကျော်နှင့် အရပ်သား အခွင့်အရေး ဆုံးရှုံးနေသူ ၈၀၀ ၀၀၀ ခန့်ရှိနေပြီး၊ မြန်မာနိုင်ငံသား ၃ သန်းခန့်မှာ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား များအဖြစ် ရောက်ရှိနေကာ၊ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ခိုလှုံနေသူ ၁၂၇ ၀၀၀ ခန့် ရှိနေသည်ဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment