Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဘယ်တုန်းကမှ နိုင်ငံရေးဆွေးနွေးဖို့ ဆန္ဒမရှိပဲ တစ်လျှောက်လုံး လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်ရေး၊ လက်နက်နဲ့ ငြိမ်းချမ်း ရေး လဲလှယ်ရေး၊ လက်နက်ချ အလင်းဝင်ရေးတွေချည်း ပြောနေခဲ့တယ်။ တစ်ချိန်လုံး လက်နက်ချဖို့ချည်း ပြောနေခဲ့တယ်။ နိုင်ငံရေးအရ ဆွေးနွေးမှု တစ်ခါမှ မပြောခဲ့ဘူး။ အခုကတော့ နိုင်ငံတကာ ဖိအား၊ လူထုတောင်းဆိုမှု၊ သူတို့ရဲ့ အတွေ့အကြုံ အရ ဘက်ပေါင်းစုံကနေ အသိပညာတွေ ပြောင်းလဲလာတဲ့ အပေါ်မှာ နိုင်ငံရေးအရ ဆွေးနွေးလာပြီ၊ အရင်က စုပေါင်း မဆွေးနွေးဘူး။ အခုတော့ စုပေါင်းဆွေးနွေးတယ်။ နိုင်ငံရေးအရ ဆွေးနွေးဖို့လည်း သဘောထား ရှိနေပြီဆိုတော့ လက်နက်ကိုင်ထားမှ အာမခံချက်ရှိတာမျိုး မဟုတ်ပဲ နိုင်ငံရေးအရ အာမခံချက်ပေးနိုင်မယ့် အနေအထားမျိုးရဖို့ မျှော်လင့် ပါတယ်”

နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် ပဲ့တင်သံဂျာနယ် အမှတ် (၂၂) တွင်ပါရှိသော “ဖက်ဒရယ်တပ်မတော် ပီပြင်စွာ ပေါ်ပေါက်လာလျှင် တိုင်းရင်းသားများ လက်နက်စွန့်မည်” သတင်းမှ UNFC မှ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“တိုင်းပြည်တစ်ပြည်လုံးရဲ့ ဥပဒေနဲ့ ပတ်သက်ပြီး မူလတန်းမှာရော၊ အလယ်တန်းမှာရော၊ အထက်တန်းမှာရော သင်ပေးနိုင်ရမယ်။ တစ်တိုင်းပြည်လုံးက ဥပဒေကို နားမလည်ဘူး မသိဘူးဆို လူတစ်စုက လုပ်ကိုင်စားနေတာ ခံနိုင်တယ်။ ပြည်သူကြားမှာ ဥပဒေဆိုတာ ဖမ်းမယ်၊ဆီးမယ် ဆိုတာပဲ သိနေတယ်။ ဥပဒေဆိုတာ သူတို့ကို အကာအကွယ်ပေးနေတယ် ဆိုတာ မသိကြသေးဘူး။ ပါတီအနေနဲ့ကတော့ ဝန်ကြီးဌာနနဲ့ လယ်သမားဖြစ်ရင် လယ်သမားဘက်က ရပ်မယ်”

နိုဝင်ဘာလ ၂၈ ရက်ထုတ် ရန်ကုန်တိုင်း ဂျာနယ် အတွဲ() အမှတ် () တွင်ပါရှိသော “ပြည်သူကြားမှာ ဥပဒေ ဆိုတာ ဖမ်းမယ်ဆီးမယ်ဆိုတာပဲ သိနေတယ်။ ဥပဒေဆိုတာ သူတို့ကို အကာအကွယ်ပေးနေတယ်ဆိုတာ မသိကြသေး ဘူး” သတင်းမှ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်စွာစိုး ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကိုအခြေခံပြီး ငြိမ်းချမ်းရေးကို တည်ဆောက်မယ်။ ကရင်ထဲမှာ ငြိမ်းချမ်းရေး တည်ဆောက်ရာကနေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လုပ်မယ့် ငြိမ်းချမ်းရေးကိုလည်း ဆွေးနွေးခဲ့တယ်။ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးဖို့ကိစ္စ၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆွေးနွေးခဲ့တယ်”

နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် Unity Journal အတွဲ (၂) အမှတ် (၄၇) တွင်ပါရှိသော “ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် လေးချက်ချမှတ်” သတင်းမှ KUPC ကော်မတီဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရန်ကုန်မြို့တော်ရဲ့ Master Plan မြို့တော်ဝန်ကြီးက ဆွဲထားတာရှိပါတယ်။ ဆွဲထားတဲ့ မဟာရန်ကုန်ရဲ့ ဆိပ်ကမ်းက တိုးတက်တဲ့ အစိတ်အပိုင်းရှိရမယ်။ လုံးဝ အနှောင့်အယှက်မဖြစ်အောင် လုပ်ရမယ်ဆိုပြီးတော့ သမ္မတကြီးကလည်း ပညာရှင် တွေနဲ့ တိုင်ပင်ပြီး လုပ်ပါဆိုပြီးရှိတယ်။ ရန်ကုန်ဆိပ်ကမ်းမှာ ကုန်တင်၊ကုန်ချတွေ များတဲ့အတွက် ဆိပ်ကမ်းတွေ တိုးချဲ့ရမယ်။ မြစ်ကြောင်းလည်း တိုးရမယ်ဆိုပြီး ရှိပါတယ်။ ရန်ကုန်ဆိပ်ကမ်းကို ကုန်တင်ကုန်ချထက် မြို့ရဲ့ စည်ပင်သာယာရေးကို အဓိကထား ဆောင်ရွက်သွားမယ်”

နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၈၅) တွင်ပါရှိသော “ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက် ဆိပ်ကမ်းအာဏာပိုင်နှင့် စည်ပင်တို့ စီမံကိန်းလုကြ” သတင်းမှ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဝန်ကြီးဌာနက ပြင်ဆင်လိုက်တဲ့ မီတာခဈေးနှုန်းက မျှတပါတယ်။ ဝင်ငွေနည်း ဓါတ်အားသုံးစွဲသူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ပြင်ဆင်ထားတယ်။ အစိုးရအနေနဲ့ မီတာခဈေးနှုန်းထပ်မတက်နိုင်ဘူးဆိုရင် တိုင်းပြည်ကပိုပြီး အရှုံးခံရမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ ဝန်ကြီးဌာနမှာ ငွေအလုံအလောက် မရှိဘူး။ ဒါ့ကြောင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုမပါဘဲ လျှပ်စစ်ဓါတ်အား လုံလောက်အောင် ဖြန့်ဖြူးပေးနိုင်မှာ မဟုတ်ဘူး။ အရှုံးခံပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးတယ်ဆိုတာ ဆိုရှယ်လစ် စနစ်လိုပဲလေ။ ဈေးကွက်စီးပွားရေးစနစ်မဟုတ်ဘူး။ ဈေးကွက်စီးပွားရေးအရတော့ ထုတ်တဲ့သူများလာရင် ဈေးသက်သာမယ်။ ဓါတ်အားအပြည့်အဝရမယ်”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၃) အမှတ် (၆၄၉) တွင်ပါရှိသော “လျှပ်စစ်ဓါတ်အား လုံလောက်စွာ ဖြန့်ဖြူးနိုင်ရေးနှင့် ဓါတ်အားခ” သတင်းမှ Myanmar Central Poewr ၏ အမှုဆောင်အရာရှိချုပ် ဦးဇေယျသူရမွန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment