Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(VOA မှ 27 Nov 2013 ရက်စွဲပါ “UN Third Committee on Burma Rights” သတင်းကို ဘာသာပြန်ဆိုသည်)

(Brisbane Times မှ 28 Nov 2013 ရက်စွဲပါ “Aung San Suu Kyi : Kachin ethnic group boycotts visit to Opera House” သတင်းကို ဘာသာပြန်ဆိုပါသည်)


မြန်မာ့လူ့အခွင့်အရေးအပေါ်ကုလတတိယ ကော်မတီရဲ့ ဆုံးဖြတ်ချက်

(VOA မှ 27 Nov 2013 ရက်စွဲပါ “UN Third Committee on Burma Rights” သတင်းကို ဘာသာပြန်ဆိုသည်)

လူမှုဆိုင်ရာ လူသားချင်းစာနာမှုရေးရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရသည့် ကုလသမဂ္ဂ တတိယကော်မတီက မြန်မာ့လူ့အခွင့်အရေး အနေအထားနှင့် ပတ်သက်၍ တစ်ခဲနက်ဆုံးဖြတ်ချက် တစ်ခုကို မကြာသေးမှီက ချမှတ်ခဲ့သည်။ ဆုံးဖြတ်ချက်ကို ပူးတွဲတာဝန်ယူသူ ၄၁ ဦးတွင် အမေရိကန် ပြည်ထောင်စု ပါဝင်ပြီး မြန်မာအစိုးရက နိုင်ငံတကာ၏ တစ်ခဲနက်ထောက်ခံမှုကို ရရှိသွားသည်။

နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ အမျိုးသားပြန်လည် သင့်မြတ်မှု၊ လူ့အခွင့် အရေးမြှင့်တင်မှု၊ လက်ရှိအချိန်အထိ ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှု ပမာဏကို အသိအမှတ်ပြုမှု လမ်းကြောင်း ပေါ်တွင် ဆက်သွားမည်ဟု ဖော်ပြသော မြန်မာအစိုးရ၏ ကတိကဝတ်နှင့် မြန်မာနိုင်ငံမှ အပြုသဘောတိုးတက်မှုများကို ၎င်းဆုံးဖြတ်ချက်က ကြိုဆိုလိုက်ပါသည်။

တတိယကော်မတီ ဆုံးဖြတ်ချက်တွင် “မြန်မာနိုင်ငံ၌ နိုင်ငံရေးလှုပ်ရှားမှု၊ စုဝေးမှု၊ ဟောပြောမှုနှင့် သတင်းစာများ နေရာပို ရလာခြင်း” ကို အသိအမှတ်ပြုကာ မီဒီယာပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ုပြန့် ပြုလုပ်ရန် လွတ်လပ်၍ အနှောင် အဖွဲ့ကင်းသော မီဒီယာကို ခွင့်ပြုခြင်းအပါအဝင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ဖွဲ့စည်းခွင့်၊ စုဝေးခွင့် အခွင့်အရေးများကို အကာ အကွယ်ပေးရန်၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ဆက်လက် လှုပ်ရှားနိုင်အောင် ဘေးကင်းမှု၊ လုံခြုံမှု၊ လွတ်လပ်မှုတို့ကို အာမခံရန် ကတိပေးထားခြင်းကို အပြည့်အဝ အကောင်အထည်ဖော်ရန် မြန်မာအစိုးရကို တိုက်တွန်း ထားသည်။

ထို့အပြင် မတရားဖမ်းဆီးမှုများ၊ မြေယာသိမ်းယူမှုများ၊ လိင်အကြမ်းဖက်မှုများ၊ ရက်စက်၍ လူမဆန်သော အပြုအမူ များ ကျန်ရှိနေခြင်းကိုလည်း စိုးရိမ်ပူပန်ကြောင်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပူးတွဲပါဝင်သူ အမေရိကန်ပြည်ထောင်စုကလည်း “စဉ်ဆက်မပြတ်နိုင်သော ဒီမိုကရေစီ အုတ်မြစ်များ တည်ဆောက်ရာတွင် မြန်မာနိုင်ငံပြုလုပ်ခဲ့သော တိုးတက်မှု” ကို အသိအမှတ် ပြုလိုက်ပါသည်။ သို့သော် ဆုံးဖြတ်ချက် အတည်ပြုပြီးနောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆမန်သာပါဝါ ပြောကြားသည့်အတိုင်း ကြီးကျယ်သော စိန်ခေါ်မှုများ ကျန်ရှိနေပါသေးသည်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူတွေကို မတရားဖမ်းဆီး၊ ထိန်းသိမ်းမှုတွေ ဆက်ဖြစ်နေ တဲ့အပေါ် ကုလသမဂ္ဂညီလာခံရဲ့ စိုးရိမ်မှုအတိုင်း ကျွန်မတို့လည်း ထပ်တူထပ်မျှ စိုးရိမ်မိပါတယ်” ဟု သူမ ကပြောကြားသည်။

မြန်မာနိုင်ငံတစ်လွှားမှ မွတ်ဆလင်များ၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ အပါအဝင် ဘာသာကွဲလူမျိုးစုများ၊ တိုင်းရင်းသားများအပေါ် သက်ရောက်နေသော အကြမ်းဖက်မှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ စီးပွားရေးအခြေအနေ ဆိုးဝါးမှုများ အပါအဝင် ကိစ္စရပ်များကို ဖြေရှင်းရန် မြန်မာအစိုးရကို ကုလသမဂ္ဂဆုံးဖြတ်ချက်တွင် တိုက်တွန်းထားသည်။

“ကုလသမဂ္ဂ တတိယ ကော်မတီက မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ပေးခဲ့သလိုပဲ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေက တဆင့် (လူ့အခွင့်အရေး ကြေညာစာတမ်းများ ပြဌာန်းထားတဲ့အတိုင်း) ကမ္ဘာတစ်လွှားက လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာအတွက် ထောက်ခံအားပေး နေတယ်ဆိုတာကို နောက်တစ်ကြိမ် ပြသလိုက်ပါပြီ” ဟု သံအမတ်ကြီး ဆမန်သာပါဝါ က ပြောကြားပါသည်။


ဆစ်ဒနီ Opera House သို့လာလည်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံကချင်တို့ သပိတ်မှောက်

(Brisbane Times မှ 28 Nov 2013 ရက်စွဲပါ “Aung San Suu Kyi : Kachin ethnic group boycotts visit to Opera House” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ငါးရက်ကြာ သြစတြေးလျ ခရီးစဉ် အဖြစ် ဗုဒ္ဓဟူးနေ့ က ဆစ်ဒနီသို့ ရောက်ရှိလာခဲ့ပြီး၊ စစ်တပ်အသိုင်းအဝိုင်းက လွှမ်းမိုးထားဆဲ မြန်မာနိုင်ငံ၏ အခြေခံဥပဒေ ထိထိ ရောက်ရောက် ပြောင်းလဲရေးအတွက် အက်ဘော့အစိုးရ၏ ထောက်ခံမှုရအောင် ၎င်းခရီးစဉ်အတွင်း ကြိုးစားလိမ့်မည်ဟု မျှော်လင့်ရသည်။

သူမအား နယူးဆောက်သ်ဝေး ပြည်နယ်နေ မြန်မာ ၄၀၀၀ ကျော် က နွေးထွေးစွာကြိုဆိုခဲ့ကြပြီး၊ ဒေသခံ မြန်မာ အသိုင်းအဝိုင်းခေါင်းဆောင် ဒေါက်တာမြင့်ချို က “သူမ ဒီကို ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့အတွက် အများကြီး စိတ်လှုပ်ရှားမိပါတယ်” ဟု ပြောကြားသည်။

သို့သော်လည်းဆစ်ဒနီ Opera House သို့ မိန့်ခွန်းပြောရန် သူမရောက်ရှိလာခြင်းကို နယူးဆောက်သ်ဝေး ဒေသခံ ကချင်ကိုယ်စားလှယ်များက သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကချင်တို့အပေါ် မြန်မာ စစ်တပ်၏ ဆိုးဆိုးဝါးဝါး ဆက်ဆံမှုများကို ထုတ်ဖော်ဝေဖန်ရန် ပျက်ကွက်ခဲ့သည်ဟု ၎င်းတို့က စွပ်စွဲထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်ဆလင်များ ဖိနှိပ်ခံရ မှုကို ရှုတ်ချရန် ပျက်ကွက်မှုကြောင့် ဥရောပ ခရီးစဉ်တွင်လည်း အလားတူ ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသည်။

ဗုဒဟူးနေ့တွင် ဆစ်ဒနီမှ ပရိတ်သတ်များအား ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားရာတွင် “သူမ နေဖြင့် မြန်မာ အစိုးရအား တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းစေချင်ကြောင်း လူမျိုးရေးအကြမ်းဖက် ကိစ္စရပ်များနှင့် ပတ်သက်၍ တပ်မတော် ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ကြောင်း၊ ပြစ်တင်ရှုတ်ချခြင်းကြောင့် ရလဒ်ကောင်း ထွက်ပေါ်လာသည်ကို မတွေ့ဘူးကြောင်း၊ ပြန်လည်သင့်မြတ်မှုကိုသာ ရရှိလိုကြောင်း” ရှင်းလင်း ပြောဆို သွားခဲ့သည်။

ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးရာတွင် “ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာအောင် ပျိုးထောင်ပေးရန်အတွက် ခိုင်ခိုင်မာမာ ခြေကုတ်ယူဖို့ ကြိုးစားနေရခြင်းကို ပြည်သူများက နားလည်ပေးရန်လိုအပ်ကြောင်း အာဏာရှင်ဟောင်းအသိုင်းအဝိုင်းက ချထားသော ထောင်ချောက်များ၊ အတားအဆီးများ ကြားမှ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ကြိုးစားနေချိန်မျိုးတွင် သူမနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ပြဿနာများဖြင့် သူမကို အားလျော့အောင် မပြုလုပ်သင့်ကြောင်း၊ အပြောင်းအလဲကို နှေးကွေးစေလိုသော အာဏာရှင်ဟောင်းများ၏ ဥာဏ်နီ၊ ဥာဏ်နက် တို့ကို ပြည်သူလူထုအနေဖြင့် ပါးနပ်စွာ တုန့်ပြန်တက်ရန် လိုအပ်ကြောင်း” သုံးသပ်ပြောဆိုထားကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment