Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အကျိုးအကြောင်း၊ အဆိုးအကောင်း ဝေဖန်သုံးသပ်ပြီးတော့ ဘယ်လို အကြောင်းပြန်မလဲဆိုတာ တိုင်ပင်ရမယ်။ ပြီးတော့က တိုင်းရင်းသားတွေ လိုချင်တဲ့ ဘောင်ဝင်အောင် နှစ်ဖက်သဘောတူ အဆိုပြုလွှာ ပြန်ရေးမယ်”

ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၁) အမှတ် (၄၉) တွင် ပါရှိသော “အစိုးရ၏ အပစ်ရပ် ရေးစာချုပ်မူကြမ်းကို တိုင်းရင်းသားများ ပြန်လည်သုံးသပ်” သတင်းမှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် သမ္မတ၊ လွှတ်တော်အကြီးအကဲတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်သာမက တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးမျိုးကို မဖြစ်မနေ လုပ်ရမှာပါ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင်တော့ ကြီးလေးကြီး ဆွေးနွေးပွဲ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးအရ ငြင်းတာ ဆိုရင်တော့ မကောင်းဘူး။ အနိမ့်ဆုံးတွေ့နိုင်မယ့် လူတချို့နဲ့ တွေ့ပြီး ဒေါ်စုဆီက ပေးချင်တဲ့ စကားကို နားထောင်ဖို့လိုမယ်။ ပြန်ဆွေးနွေးဖို့လိုမယ်လို့ ထင်တယ်”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Daily Eleven တွင်ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံချက်အပေါ် သမ္မတ သဘောထား တုန့်ပြန်မှုနှင့် ပတ်သက်၍ အမြင်အမျိုးမျိုးရှိနေ” သတင်းမှ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“NLD လုပ်တဲ့ လူထုဆွေးနွေးပွဲတွေမှာလည်း ပြည်သူတွေက ပြင်ချင်တယ်လို့ ဆန္ဒဖော်ထုတ် နေပါတယ်။ ဒါကို လွှတ်တော် တစ်ခုတည်းက ဆောင်ရွက်လို့မရပါဘူး။ လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းရယ်၊ တပ်မတော်ရယ် သုံးပွင့်ဆိုင် ဆွေးနွေးပြီး ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီလိုအကြောင်းတွေရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က တွေ့ဆုံမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ တောင်းဆိုချက်ဟာ မှန်ကန်မျှတတဲ့ အချက်ဖြစ်ပါတယ်”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် သဘောထားကွဲလွဲမှုရှိ” သတင်းမှ သူရဦးအောင်ကို ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တစ်ကယ်တမ်း တာဝန်ရှိတာက အစိုးရမှာ ရှိတာ။ ဖမ်းတာက အစိုးရ ဖမ်းတာ လေ။ ဒါ့ကြောင့် အစိုးရကနေ ကူညီလာအောင် ဘယ်လိုလုပ်မလဲ။ အခုအချိန်ထိ အစိုးရက နိုင်ငံရေးအကျဉ်းသား ရှိတယ် ဆိုတာကို အသိအမှတ်မပြုချင်သေးဘူး။ အဲ့ဒီတော့ အသိအမှတ်ပြုလာအောင် ကြိုးစားမယ်။ စာရင်းကောက်ပြီးတော့ လွှတ်တော်ကနေတဆင့် နိုင်ငံရေးအကျဉ်းသား အဓိပါယ်ဖွင့်ဆိုနိုင်ဖို့ ကြိုးစားသွားမှာပါ”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “တစ်နိုင်ငံလုံး နိုင်ငံရေး အကျဉ်းသားစာရင်း ယခုနှစ်ကုန်တွင် စတင်ကောက်ယူမည်” သတင်းမှ AAPP မှ ဦးဘိုကြည် ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“နိုင်ငံရေးပါတီတွေ အနေနဲ့တိုင်းပြည်အတွက် ရှင်းရှင်းလင်းလင်း ပေါ်လစီတွေချလို့ရတယ်။ လုပ်စားတဲ့ပါတီ မျိုးတွေတော့ မဖြစ်စေချင်ဘူး။ ကျွန်တော့်အမြင်မှာ တချို့ပါတီတွေက သိပ်မရှင်းဘူး။ အခြေအနေတွေပေါ်မှာ မူတည်ပြီး လုပ်နေတာလို့ မြင်တယ်”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၈၅) တွင်ပါရှိသော “နိုင်ငံရေးပါတီတချို့ ရပ်တည် ချက်မရှင်းလင်းဟု UNFC ဒုဥက္ကဌ (၁) ပြော” သတင်းမှ ဦးအေဘယ်လ်ဒွိစ် ၏ ပြောကြားချက်အား ကောက် နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment