Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(AFP မှ 29 Nov 2013 ရက်စွဲပါ “I’m no saint or iconic Suu Kyi” သတင်းကို ဘာသာပြန်ဆိုပါသည်)

(AFP မှ 22 Nov 2013 ရက်စွဲပါ “IMF chief to pay first visit to Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)


ဒေါ်အောင်ဆန်းစုကြည်က သူမသည် သူတော်စင်မဟုတ်၊ စံပြမဟုတ်ဟုဆို

(AFP မှ 29 Nov 2013 ရက်စွဲပါ “I’m no saint or iconic Suu Kyi” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာအတိုက်မခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမသည် သူတော်စင် မဟုတ်သလို၊ စံပြသင်္ကေတ လည်း မဟုတ်ကြောင်း ကာကွယ်ပြောဆိုကာ သူမသည်  ဘွဲ့တံဆိပ်များကို မမက်မောကြောင်း ရိုးသား ဖြောင့်မတ်သော နိုင်ငံရေးသမားတစ်ဦးဟု သူ့ကိုယ်သူ ရှုမြင်ကြောင်း ပြောကြားလိုက်ပါသည်။

ကမ္ဘာကျော် ဒီမိုကရေစီခေါင်းဆောင်သည် ကျင့်ဝတ်သိက္ခာမဲ့သော တပ်မတော် အာဏာရှင်လက်ထပ်တွင် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာချိန်တွင် ကမ္ဘာတစ်ဝှမ်းမှ ဝိုင်းဝန်းချီးကျူး ဂုဏ်ပြုခြင်းကို ခံနေရသော်လည်း သူမက သာမန်လူတစ်ဦးမျှသာ ဖြစ်ကြောင်း ပြောကြားပါသည်။

ဆစ်ဒနီရောက် မြန်မာဒီမိုကရေစီခေါင်းဆောင်က သူမ၏ ပရိတ်သတ်များကို စကားပြောရာတွင် “ကျွန်မ ကိုယ် ကျွန်မ စံပြပုဂ္ဂိုလ်လို့မယူဆပဲ နိုင်ငံရေးသမား တစ်ယောက်ကိုပဲ သတ်မှတ်ထားပါတယ်။ Icon ဆိုတဲ့ စကားလုံး ကို ကျွန်မအမြဲတမ်း ကန့်ကွက်ခဲ့ပါတယ်။ ဒီ စကားလုံးက အရမ်းကို ဟောင်းလွန်းပါတယ်။ ဒါ့အပြင် သေချာအောင် ပြောချင်တာက ကျွန်မ အရမ်းဒုက္ခတွေ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးသမားပါပဲ။ ဒါပေမယ့် ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားဖြစ်ဖို့ လိုတယ်လို့ ကျွန်မယုံကြည်ထားပါတယ်”  ဟု ရှင်းလင်း ပြောဆို သည်။

အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲပြီးကာစ အရှုတ်အထွေးကာလတွင် လွတ်မြောက်လာသော အောက်စဖို့ ကျောင်းဆင်းနိုင်ငံရေးခေါင်းဆောင်က သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရလက်ထက် မြန်မာနိုင်ငံအတွက် သူမ မျှော်လင့်သော မျှော်လင့်သော အိမ်မက်မှာ စည်းလုံးညီညွတ်မှု ဖြစ်သည်ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျားခရီးစဉ်အတွင်း မယ်လ်ဘုန်းနှင့် ကင်ဘာရာမြို့များသို့ ဆက်လက် လည်ပတ်မည်ဖြစ်ပြီး ဝန်ကြီးချုပ် တိုနီအက်ဘော့၊ နိုင်ငံခြားရေးဝန်ကြီး ဂျူလီအက်ဘော့ တို့နှင့် တွေ့ဆုံ လျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ က ကင်ဘာရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ယခင် ၁၉၉၅ ခုနှစ်က သူတို့ တွေ့ဆုံခဲ့ကြသော ဓါတ်ပုံကို လက်ဆောင်ပေးခဲ့သည်။ ဝန်ကြီးချုပ် တိုနီအက်ဘော့ ကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် မနေ့က တွေ့ဆုံခဲ့သည်။


 မြန်မာနိုင်ငံသို့ IMF အကြီးအကဲ ပထမဆုံးအကြိမ်လာရောက်မည်

(AFP မှ 22 Nov 2013 ရက်စွဲပါ “IMF chief to pay first visit to Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

IMF အကြီးအကဲ ခရစ်စတင်းလာဝါဒီ သည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံသို့ ခရီးစဉ် အဖြစ် နောက်လတွင် သွားရောက်မည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က အင်္ဂါနေ့တွင် ပြောကြားသည်။

လာဝါဒီ သည် တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယားတွင် ရပ်နားပြီးနောက် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ နေပြည်တော်နှင့် ရန်ကုန်သို့သွားရောက် မည်ဖြစ်သည်။

“အသွင်ကူးပြောင်းမှု အဆင့်မတူတဲ့ သုံးနိုင်ငံကို ခရီးသွားမှာပါ။ ကမ္ဘာ့စီးပွားရေး နံပါတ် ၁၃ ကိုရီးယာား၊ စီးပွားရေးဖွင့်ဖြိုးစ ကမ္ဘောဒီးယားနဲ့ မရေတွက်နိုင်တဲ့ အလားအလာကောင်းတွေကို မျှော်လင့်ရင်း နိုးထလာနေတဲ့ မြန်မာနိုင်ငံတို့ပါ” ဟု လာဝါဒီ က ကြေညာချက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် လာဝါဒီသည် အစိုးရတာဝန်ရှိသူများ စီးပွားရေး ခေါင်းဆောင်များနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံမည်ဟု IMF ပြောရေးဆိုခွင့်ရှိသူ ဂယ်ရီရိုက်စ် ကပြောကြားသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နှင့် World Bank တို့သည် အရှေ့တောင်အာရှ ဒေသတွင် စစ်အုပ်ချုပ်ရေး ဖျက်သိမ်းကာ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများ ပြုလုပ်နေသော မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို တိုးချဲ့လျက်ရှိသည်။

မြန်မာနိုင်ငံသည် စီးပွားရေးကဏ္ဍတွင် ၎င်း၏ ကျပ်ငွေကို နှုန်းရှင်မျှောခြင် အပါအဝင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သော ဇန်နဝါရီလတွင် နိုင်ငံတကာမြီရှင်များက မြန်မာနိုင်ငံ၏ ကြွေးဟောင်း ဒေါ်လာ ၆ ဘီလျံ နီးပါးကို ပယ်ဖျက်ပေးရန် သဘောတူခဲ့ကြသည်။

မေလက IMF အစီရင်ခံစာတွင် သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံသည် ဓါတ်ငွေ့ထုတ်လုပ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကြောင့် ၂၀၁၃-၁၄ တွင် စီးပွားရေး ၆.၇၅ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု က ယခင် မြန်မာစစ်အစိုးရလက်ထက် ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှု Sanctions များရုတ်သိမ်းပေးခြင်းနှင့် အတူ ဝါရှင်တန်နှင့် ဆက်ဆံရေး သိသိသာသာ နွေးထွေးလာခဲ့သည်။

သို့ရာတွင် လူ့အခွင့်အရေး လှုပ်ရှားသူများကမူ မြန်မာနိုင်ငံသည် မွတ်ဆလင်ရိုဟင်ဂျာများ အပါအဝင် ဘာသာကွဲ၊ လူမျိုးကွဲများ တိုင်းရင်းသားများအပေါ် နှိပ်စက်ညှင်းပန်းမှုများ ဆက်လက်ပြုလုပ်နေ သည်ဟု ထောက်ပြ ဝေဖန်ထားကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment