Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာ့ပထမဆုံးကမ်းလွန်ရေနံလိုင်စင်လေလံတွင် ကုမ္ပဏီ ၃၀ ထံမှ အဆိုပြုလွှာရရှိ

(Platts Energ News မှ 28 Nov 2013 ရက်စွဲပါ “Myanmar’s maiden offshore Licensing round receives bids from 30 companies”သတင်းကိုဘာသာပြန်ဆိုသည်)

အကြမ်းဖက်မှုအဆုံးသတ်ရေးကို ဦးစားပေးကြရန် ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

(Bernama News မှ 29 Nov 2013 ရက်စွဲပါ "Suu Kyi calls people to focus on ending violence"သတင်းကို ဘာသာ ပြန်ဆိုသည်)


မြန်မာ့ပထမဆုံးကမ်းလွန်ရေနံလိုင်စင်လေလံတွင် ကုမ္ပဏီ ၃၀ ထံမှ အဆိုပြုလွှာရရှိ

(Platts Energ News မှ 28 Nov 2013 ရက်စွဲပါ “Myanmar’s maiden offshore Licensing round receives bids from 30 companies”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ယင်း၏ပထမဆုံးကမ်းလွန်လုပ်ကွက်လိုင်စင် တင်ဒါခေါ်ရာတွင် နိုင်ငံတကာရေနံ ကုမ္ပဏီ ကြီးများ နှင့် နိုင်ငံပိုင်ကုမ္ပဏီများအပါအဝင် ကုမ္ပဏီ ၃၀ ကျော်ထံမှ အဆိုပြုလွှာများလက်ခံရရှိထားသည်ပာု မြန်မာစွမ်း အင်ဝန်ကြီး ဌာန ဝက်ဆိုဒ်တွင် ကြာသပတေးနေ့ကဖော်ပြထားသည်။

ယခုတင်ဒါခေါ်ရာတွင် ရေတိမ်ပိုင်းလုပ်ကွက် ၁၁ ခုနှင့် ရေနက်ပိုင်းလုပ်ကွက် ၁၉ ခုစုပေါင်းလုပ်ကွက် ၃၀ ကို မြန်မာနိုင်ငံကကမ်းလှမ်းထားသည်။

စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အဆိုပြုလွှာလက်ခံရရှိသော လုပ်ကွက်များနှင့်ပတ်သက်၍ အသေးစိတ် မပါရှိသော်လည်း လုပ်ကွက်တစ်ခုထက်ပို၍ အဆိုပြုထားသော ကုမ္ပဏီအမြောက်အများ ပါဝင်သည်ပာုဆိုပါသည်။

Shell ဂျပန် Mitsui နှင့်တွဲ၍ လုပ်ကွက် ၃ ခု၊ Cherron ကလုပ်ကွက် ၂ ခု၊ Statoil က Conoco Phillips နှင့်တွဲ၍ လုပ်ကွက် ၂ ခု၊ နExxon Mobil  က လုပ်ကွက် ၂ ခု၊ BG Group နှင့် Woodside Energy တို့က လုပ်ကွက် ၄ ခု၊ Total က လုပ်ကွက် ၂ ခု စသဖြင့် အသီးသီးအဆိုပြုထားကြသည်ပာု သိရှိရသည်။

မြန်မာနိုင်ငံ၏ ရေနံဓာတ်ငွေ့ကဏ္ဍတွင် အရေးပါသော ခြေကုပ်ရယူထားပြီးသော ထိုင်းနိုင်ငံပိုင် PTTEP က လုပ်ကွက် ၁ ခု၊ မလေးရှား Petronas က လုပ်ကွက် ၂ ခု၊ အိန္ဒိယ OVL က လုပ်ကွက် ၂ ခု၊ အိန္ဒိယ OIL က လုပ်ကွက် ၃ ခု၊ အိန္ဒိယ Rliance က လုပ်ကွက် ၃ ခု အသီးသီးအဆိုပြုထားကြပြီး ယင်းကုမ္ပဏီများမှာ ဒေသတွင်အိမ်နီးချင်းနိုင်ငံများမှ ကုမ္ပဏီများဖြစ်သည်။

ယခုတစ်ချီကမ်းလှမ်းသော ရေတိမ်ပိုင်းလုပ်ကွက် ၁၁ ကွက်တွင် ရခိုင်ကမ်းလွန်မှ ၃ ကွက်၊ မုတ္တမ ကမ်းလွန်မှ ၃ ကွက်နှင့် တနင်္သာရီကမ်းလွန်မှ ၅ ကွက်ပါဝင်သည်။ ရေနက်ပိုင်းလုပ်ကွက် ၁၁ ကွက်တွင် ရခိုင်ကမ်းလွန်မှ ၃ ကွက်၊ မုတ္တမကမ်းလွန်မှ ၃ ကွက်နှင့် တနင်္သာရီကမ်းလွန်မှ ၅ ကွက်ပါဝင်သည်။ ရေနက်ပိုင်းလုပ်ကွက် ၁၉ ကွက်တွင် ရခိုင်ကမ်းလွန်မှ ၁၂ ကွက်၊ မုတ္တမ ကမ်းလွန်မှ ၃ ကွက်၊ တနင်္သာရီကမ်းလွန်မှ ၄ ကွက်ပါဝင်သည်။

တင်ဒါတင်သူများအနေဖြင့် ကုမ္ပဏီတစ်ခုလျှင် အများဆုံး ၃ ကွက်အဆိုပြုလွှာ တင်သွင်းခွင့်ရှိသည်။ ယင်း လုပ်ကွက်များကို ထုတ်လုပ်ခွဲဝေသည့် ကန်ထရိုက်စနစ်ဖြင့် လုပ်ခွင့်ပေးမည်ဖြစ်ပြီး နောက်ပိုင်းလုပ်ကွက်များတွင်မူ နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် ရာနှုန်းပြည့်ရှယ်ယာပိုင်ဆိုင်မှုဖြင့် လုပ်ကိုင်နိုင်ကြမည်ပာု Platts ရေနံသတင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ရေတိမ်ပိုင်းလုပ်ကွက်များတွင်မူ နိုင်ငံခြားရေနံကုမ္ပဏီများအနေဖြင့် မြန်မာပိုင်ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ဖက်စပ်ပူး ပေါင်းလုပ်ကိုင်ရမည်ဖြစ်သည်။

နည်းပညာနှင့် အရင်းအနှီးနှစ်မျိုးစလုံးချို့တဲ့သော မြန်မာကုမ္ပဏီများကို ရေနံဓာတ်ငွေ့ကဏ္ဍ၌ အခွင့်အရေး ပေးထား ခြင်းသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့ရသင့်သည့် ဘဏ္ဍာငွေကို နစ်နာစေမည်ပာု ပြည်တွင်းမှအကဲခတ်သူများက ဝေဖန် ပြောကြားထားသည်။


 

အကြမ်းဖက်မှုအဆုံးသတ်ရေးကို ဦးစားပေးကြရန် ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

(Bernama News မှ 29 Nov 2013 ရက်စွဲပါ "Suu Kyi calls people to focus on ending violence"သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလတွင် အကြမ်းဖက်မှု အဆုံးသတ်စေမည့် နည်းလမ်းများကို ဦးစားပေး ကြရန် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို တိုက်တွန်းလိုက်ပါသည်။

သြစတြေးလျားနိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ်ရောက်ရှိနေသူ ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာ ဝင်များလွှမ်းမိုး ထားသော မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားမှ လူမျိုးရေးအကြမ်းဖက်မှုများတွင် ပစ်မှတ်ဖြစ်နေ သော ရိုပာင်ဂျာ နှင့် မွတ်ဆလင်တို့ကို ပိုမိုအကာအကွယ်ပေးရန် ပျက်ကွက်ခြင်းကြောင့် ပြစ်တင်ဝေဖန်ခံနေရသည်။

ကြာသပတေးနေ့က ထုတ်လွှင့်သွားသော ABD သတင်းဌာနနှင့်အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က "အစွန်းရောက်ကိစ္စတွေအပေါ်မှာ အများကြီးအာရုံစိုက်နေကြတဲ့အချက်ကို ကျွန်မအမြဲတမ်းစိုးရိမ်ပူပန်နေခဲ့ပါတယ်။ ဒီအသိုင်းအဝိုင်းနှစ်ခုပာာ အမုန်းတရားနှင့် မလုံခြုံမှုတွေ တိုးပွားလာမယ့်လမ်းကို သွားနေကြတယ်။ ကျွန်မကို တစ်ခုခု ထုတ်ပြောဖို့ တောင်းဆိုနေသူတွေကို ပြောချင်တာကတော့ တရားဥပဒေစိုးမိုးမှုကို ထူထောင်ဖို့ အစိုးရကိုတိုက်တွန်းစေ ချင်တာပါပဲ"ပာု ရှင်းလင်းပြောဆိုသည်။

"တကယ်လို့ အကြမ်းဖက်မှုကို အဆုံးသတ်နိုင်မယ်ဆိုရင် အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် သေချာလုပ် နိုင်မယ်ဆိုရင် အသိုင်းအဝိုင်းနှစ်ခုစလုံး သူတို့ရဲ့ကွဲပြားမှုကို ရွေးထုတ်ဖြေရှင်းလို့ရအောင် လုပ်ပေးနိုင်မှာပါ"ပာု ၎င်းက ဆက်လက်ပြောသည်။

"ဒါပေမယ့် ပိုပြီးအမြင်ကျယ်ကျယ် ကြည့်ကြဖို့လိုတယ်လို့ ကျွန်မထင်ပါတယ်။ လက်စားချေချင်ကြတဲ့သူတွေရဲ့ စိတ်ခံစားမှုတွေကို အာရုံစိုက်နေလို့မရပါဘူး။ လက်ကိုလက်ချင်း ခြေကိုခြေချင်းဆိုတဲ့ တုန့်ပြန်မှုရောဂါကနေ လွတ်မြောက် မယ့်လမ်းကို ရှာကြရမှာပါ။ ဒါကိုချိုးဖျက်နိုင်ဖို့လိုတယ်။ အနာဂါတ်ကို မျှော်ကြည့်ပြီး တိုင်းပြည်ကို တည်ဆောက်ဖို့လိုတယ်"ပာု သူမက ပြောကြားသည်။

၂၀၁၀ ခုနှစ်က လွတ်မြောက်မလာမှီ နေအိမ်တွင် ၁၅ နှစ်သို့အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော ကမ္ဘာကျော်မြန်မာ အတိုက် အခံခေါင်းဆောင်သည် ဒီဇင်ဘာ ၂ ရက်အထိ သြစတြေးလျားတွင် နေထိုင်ကာ ဆစ်ဒနီ၊ ကင်ဘာရာ၊ မယ်လ်ဘုန်း မြို့များသို့ ခရီးလှည့်လျက်ရှိသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလ၏ အရေးပါသော အလှည့်အပြောင်းသို့ရောက်ရှိနေချိန်တွင် ထိပ်ဆုံးအဆင့် အရပ်ဖက်၊ စစ်ဖက်၊ အာဏာပိုင်များအပေါ် နောက်ကွယ်မှလောင်းရိပ်မိုးထားသော အရိပ်အယောင်များ အံ့အားသင့်ဖွယ် ထွက်ပေါ်လာနေသည်ပာု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူမျာက စိုးရိမ်စိတ်ဖြင့် မှတ်ချက်ပေးထား ကြ သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

2 comments:

Thank you for another fantastic post. Where else may just anybody get that kind of info in such an ideal manner of writing? I have a presentation subsequent week, and I am on the look for such information.

Right now it seems like Expression Engine is the top blogging platform available right now. (from what I've read) Is that what you're using on your blog?

Post a Comment