Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"မြန်မာနိုင်ငံမှာ ရှင်သန်နေပြီဖြစ်တဲ့ အရပ်ဘက်အဖွဲ့အစည်းများနဲ့ လူထုအခြေပြု အဖွဲ့အစည်းများအနေနဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင် အကောင် အထည်ဖော်တဲ့ေ နရာမှာ မိမိတို့ ရည်မှန်းချက် ၊ ယုံကြည်ချက်ကို အခြေခံပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင် နိုင်ကြောင်း ပြောကြားလိုပါ တယ်။ ဒါပေမဲ့ ယနေ့ကာလလို ထိလွယ် ရှလွယ် အခြေအနေများ ၊ မရေရာ မသေချာမှုများနဲ့ စိန်ခေါ်မှုများစွာ ရှိနေတဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွက် ထိပ်တိုက် ရင်ဆိုင်ရေး နည်းလမ်းတွေကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများနဲ့ အဖြေရှာ လုပ်ဆောင်ကြဖို့လည်း ပြောကြားလိုပါတယ်"

၂၀၁၃ ဒီဇင်ဘာလ ၁ ရက် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ထိပ်တိုက် ရင်ဆိုင်ရေး နည်း လမ်းများကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများနှင့် အဖြေရှာ လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန် တိုက်တွန်း" သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက နိုင်ငံ့ခေါင်းဆောင် တော်တော်များများ အလာရောက်ဆုံး နှစ်ပါ။ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဂျပန် လုပ်ငန်းရှင်တွေကလည်း စိတ်ဝင်စားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း လုပ်ငန်းရှင် တော်တော်များများက စိတ်ဝင်စားကြပါတယ်။ ဒီလို စိတ်ဝင်စားကြပေမဲ့လည်း ချီတုံချတုံ ဖြစ်နေတဲ့ အပိုင်းလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာတွေကို စိုးရိမ်ပူ ပန်မှုတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နောက်ပိုင်းမှာ ထပ် ဝင်လာမလာဘူး ဆိုတာ ကတော့ သီလဝါရဲ့ အောင်မြင်မှုအပေါ် အများကြီးမူတည်နေပါတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အခြေခံ အဆောက်အအုံ ပိုင်းတွေ ဖွံ့ဖြိုးတိုးတက်သွားဖို့လည်း ဂျပန် အစိုးရက ထောက်ပံ့ ကူညီသွားမှာပါ"

၂၀၁၃ ဒီဇင်ဘာလ ၁ ရက် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "မြန်မာနိုင်ငံ၌ လုပ်ထုံးလုပ်နည်း ပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ စိုးရိမ်နေရဆဲ ဖြစ်သောကြောင့် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုသည် သီလဝါ စက်မှုဇုန်အကောင်အထည် ဖော်နိုင်မှုအပေါ် မူတည်နေကြောင်း ဂျပန် ဒုတိယ ကုန်သွယ်ရေးဝန်ကြီး ပြောကြား" သတင်းမှ ဂျပန်နိုင်ငံ၏ စီးပွားရေး ကုန်သွယ်မှု နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ရာချီဟီကို အီဆိုဟာကီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"လက်ရှိ အခြေအနေအပေါ် ကျွန်မတို့ အရမ်းကို စိတ်ပူမိပါတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး ဖြစ်သလိုဘဝနဲ့ ရှင်သန်နေရတဲ့ လူတွေ ထောင်နဲ့ ချီပြီး ရှိနေပါတယ်။ အကြမ်းဖက်မှုတွေကြောင့် စိုက်ပျိုးထွန်ယက် ရမယ့် လယ်ယာမြေတွေ ပျက်စီးပြီး အလုပ်လက်မဲ့ ဖြစ်နေရတဲ့ လူတွေဟာ သူတို့ရဲ့ မိသားစုဘဝ ရှင်သန်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတာကိုလည်း ကျွန်မတို့ တွေ့နေရတယ်။ ဥရောပကော်မရှင် အနေနဲ့ ကျွန်မတို့ရဲ့ အခြား မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တကယ် လိုအပ်နေ တဲ့ နေရာတွေအတွက် ပံ့ပိုးပေးဖို့ ရည်ရွယ်ပါတယ်"

၂၀၁၃ ဒီဇင်ဘာလ ၃ ရက် True News ဂျာနယ် အတွဲ (၆) ၊ အမှတ် (၇) တွင် ပါရှိသော "ကချင် ၊ ရခိုင် နှင့် ရှမ်း ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ဥရောပကော်မရှင် ယူရို ၃ သန်း ထောက်ပံ့မည်" သတင်းမှ ဥရောပ ကော်မရှင် ၏ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး နှင့် ပဋိပက္ခ တန်ပြန်ဖြေရှင်းရေး နိုင်ငံတကာအဖွဲ့ ကော်မရှင်နာ AKristalina Georgieva ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"မိသားစုတစ်စုမှာ ချစ်ခြင်းမေတ္တာကို အခြေမခံရင် အောင်မြင်မှုကို မရနိုင်ပါဘူး။ အခုလဲ ကျွန်မတို့နိုင်ငံ အဲဒီ အခြေအနေ အတိုင်းပါပဲ။ ကျွန်မတို့နိုင်ငံဟာ အခုအချိန်မှာ အင်မတန် အရေးကြီးတဲ့ အင်မတန်မှ နူးညံ့သိမ်မွေ့ တဲ့ လမ်းတစ်ကွေ့ကို ရောက်နေပါပြီ။ တချို့က ဒီလမ်းတစ်ကွေ့ကို ၂၀၁၀ ကတည်းက ရောက်ခဲ့တယ် ထင်ပါတယ်။ မဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုရင် ၂၀၁၀ မှာ စခဲ့တဲ့ ပြောင်းလဲမှုတွေက ဘယ်လောက်အထိ ထိရောက်လဲ ကျွန်မတို့ နိုင်ငံသူ ၊ နိုင်ငံသားတွေ လိုချင်တဲ့ ပန်းတိုင်ကို ခေါ်ဆောင်သွားမှာလားဆိုတာ အခုချိန်မှ စတာဖြစ်တယ်။ ဒါဟာ ဘာကို ဆိုလိုလဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြောခြင်းဖြစ်ပါတယ်"

၂၀၁၃ ဒီဇင်ဘာလ ၃ ရက် The Flower News ဂျာနယ် အတွဲ (၉) ၊ အမှတ် (၄၇) တွင် ပါရှိသော "ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် နိုင်ငံ ပြုပြင်ပြောင်းလဲရေး အချိုးအကွေ့ကို စတင်ခြင်းဟု ဒေါ်အောင်ဆန်းစုကြည် ပြော" သတင်းမှ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ Opera House တွင် သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများ နှင့် တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


"ဦးပဉ္စင်းတို့ နိုင်ငံမှာ မျိုးစောင့်ဥပဒေ ထွက်ပေါ်လာနိုင်ဖို့အတွက် တင်ပြတယ်။ ဒါကို တချို့က အထင်အမြင် လွဲတာလေးတွေ ရှိတယ်။ မျိုးစောင့်ဥပဒေနဲ့ လူ့အခွင့်အရေးနဲ့ မရောထွေးစေချင်ဘူး။ ဦးပဉ္စင်းနိုင်ငံက အမျိုးသမီးတွေဟာ ဘာသာခြားတွေနဲ့ ပတ်သက်မိရင် သူတို့မှာ ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေတာတွေကို ဦးပဉ္စင်းတို့ သိနေတွေ့နေရတယ်။ ဒါတွေကို အကျယ်တဝင့် မပြောချင်ဘူး။ အထူးသဖြင့် မြန်မာအမျိုးသမီးတွေ မိမိတို့ ကိုးကွယ်တဲ့ မိခင်ဘာသာကို မစွန့်လွှတ် နိုင်တာတွေကြောင့် သူတို့မှာ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ အများကြီး ရှိနေပါတယ်"

၂၀၁၃ ဒီဇင်ဘာလ ၁ ရက် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "မျိုးစောင့်ဥပဒေကို ထောက်ခံ သည့်လက်မှတ် လေးသန်းကျော်ထဲမှ သုံးသန်းကျော်ကို လွှတ်တော်သို့ တင်ပြထားသည်ဟု ဆို" သတင်းမှ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment