Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ တိုင်းပြည်က အဓိကကတော့ ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့၊ အပြောင်းအလဲဖြစ်ဖို့။ ဒါပေမယ့် အစိုးရအနေနဲ့ ကလည်း နှစ်တွေသာ ကြာလာတယ် သိသိသာသာ ပြောင်းလဲအောင်လည်း မလုပ်နိုင်သလို တကယ့်အောက်ခြေလူတန်းစား တွေအတွက်၊ လယ်သမားတွေအတွက်၊ လယ်သမားတွေက မြန်မာနိုင်ငံမှာ အထူးသဖြင့် ရာခိုင်နှုန်း ၇၀၊ ဆင်းရဲတဲ့ပြည်သူက ရာခိုင်နှုန်း ၉၀ ရှိတဲ့ ပြည်သူတွေအတွက် သိသာမြင်သာတဲ့ ပြောင်းလဲမှုတွေ၊ အပြောင်းအလဲတွေ ဘာမှဖြစ်မလာဘူး”

ဒီဇင်ဘာ ၂ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၉) တွင်ပါရှိသော  “အပြောတွေပဲဖြစ်နေသလား သမ္မတဦးသိန်းစိန်၏ မိန့်ခွန်း၊ ပြောကြားချက်များအား လေ့လာဆန်းစစ်ခြင်း” သတင်းမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးအေးသာအောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေက ဖောင်းပွနေတယ်။ တိုင်းပြည်အတွက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဆိုတာတွေမပါဘူး ဖြစ်နေတယ်”

ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးအတွက် လက်တွေ့ လုပ်ငန်းစဉ်များ ချမှတ်ပေးရန် ကယားနှင့် ကယန်းဒေသမှ လူငယ်များ တောင်းဆို” သတင်းမှ ကရင်နီပြည် လူငယ်များ သမဂ္ဂမှ ဥက္ကဋ္ဌ ကိုအသန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“Government Sector က အရမ်းသေးတယ်။ လူဦးရေ သန်းခြောက်ဆယ်မှာ Government Sector က တစ်သန်း ကျော်လေးပဲရှိတယ်။ အဲ့ဒါမှာ ခင်ဗျားကို ကျွန်တော်ပြောမယ်၊ Reform  လုပ်ချင်တဲ့သူက တစ်ထောင် လောက်ပဲရှိတယ်။ ကျန်တဲ့လူက တရွတ်တိုက် လိုက်တုန်းပဲ”

ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အစိုးရအဖွဲ့အတွင်း ဒီမိုကရေ စီစနစ်သို့ ပြောင်းလဲလိုသူ တစ်ထောင်ခန့်သာရှိဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြော” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတက ရပ်ဆိုင်းထားပါလို့ ပြောထားတဲ့အချိန်ကစပြီး CPI ဘက်ကတော့ လူထုတွေရဲ့ သဘောထားရ ယူနေတဲ့ သဘောရှိ တယ်။ မြစ်ကြီးနားလူထုရဲ့ ခွင့်ပြုချက်ရရင် လုပ်နိုင်မယ်လို့ သူတို့ယုံကြည်ထားတဲ့ အခြေအနေ ရှိတယ်။ အရင်က ကျေးရွာေ ဒသခံတွေနဲ့ လုံးဝအဆက်အဆံတွေ မရှိခဲ့ရာကနေ အခုဆို ဒေသခံ တွေနဲ့ နီးနီးစပ်စပ်နေတယ်။ ကူညီတာတွေ လုပ်ပေးနေ တယ်။ ဒေသခံတွေ သဘောတူရင် စီမံကိန်းပြန်ပြီး  တော့ စမယ် ဆိုပြီး ကြိုးစားနေတဲ့ သဘောလိုဖြစ်နေပါတယ်”

ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၂၇) တွင်ပါရှိသော “မြစ်ဆုံစီမံကိန်း အကောင်အ ထည်ပြန်ဖော်နိုင်ရန် ကြိုးပမ်းနေ” သတင်းမှ လူမှု့ဖွံ့ဖြိုးရေးကွန်ရက် (ကချင်ပြည်နယ်) မှ တာဝန်ခံ မဒေါင်ရွန် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“SME တွေ ဖွံ့ဖြိုးဖို့ အတက်နိုင်ဆုံး လုပ်နေပေမယ့် ကန့်သတ်ချက်တွေ ရှိနေတယ်။ ချေးငွေပေးရာမှာလည်း ဗဟိုဘဏ်ရဲ့ သတ်မှတ်စည်းကမ်းတွေအတိုင်း လုပ်နေရတာတွေရှိတယ်”

ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အသေးစားနှင့် အလတ်စား ဘဏ်ကို စင်ကာပူငွေကြေးအဖွဲ့က ဒေါ်လာ သန်း ၂၀ ချေးမည်”  သတင်းမှ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးမျိုးအောင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment