Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Bangkok Post မှ 2 December 2013 ရက်စွဲပါ “ITD’s Loss of Dawei not a deterrent” သတင်းကို ဘာသာပြန်ဆို သည်)

(WA Today မှ 1 Dec 2013 ရက်စွဲပါ “Suu Kyi concludes first Australian visit” သတင်းကို ဘာသာပြန်ဆိုသည်)


အီတာလျံ ထိုင်း၏ ထားဝယ်အရှုံးသည် စီးပွားရေးခွင် အတားအဆီးမဟုတ်

(Bangkok Post မှ 2 December 2013 ရက်စွဲပါ “ITD’s Loss of Dawei not a deterrent” သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာအစိုးရက အီတာလျံ ထိုင်းထံမှ ထားဝယ်စီမံကိန်း အကောင်အထည်ဖော်ခွင့် ပြန်လည်ရုတ်သိမ်းမှု ကြောင့် ရင်းနှီးမြှုပ်နှံသူများကို မျက်ခုံတွန့်သွားစေသော်လည်း ဆိုးကျိုးရိုက်ခတ်စရာ အကြောင်းမရှိနိုင်ဟု လေ့လာ သူများက ဆိုကြသည်။

ထားဝယ်စီမံကိန်းနှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာသုံးခုကို ထိုင်းနှင့်မြန်မာတို့ ပြီးခဲ့သောလက လက်မှတ်ထိုးခဲ့ကြသည်။ စာချွန်လွှာတစ်ခုမှာ စီမံကိန်းလုပ်ကိုင်ရန် နှစ်နိုင်ငံ ၅၀-၅၀ ပူးပေါင်းထားသော အထူး လုပ်ငန်း တာဝန်ကုမ္မဏီ DSEZ သို့ လုပ်ငန်းလုပ်ကိုင်ခွင့် လွှဲပြောင်းပေးရန်ဖြစ်သည်။

၂၀၁၀ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ကန်ထရိုက်တာ အီတာလျံထိုင်းကုမ္မဏီသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ရန် ၇၅ နှစ်သက်တမ်းရှိ ဒေါ်လာ ၈.၆ ဘီလီယံ တန် ကန်ထရိုက်လုပ်ငန်းကို မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရခဲ့သည်။

အလားအလာကောင်းသော ထားဝယ်စီမံကိန်းသို့ ပူးပေါင်းမည့် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေရန် အီတာလျံထိုင်း ကမျှော်လင့်ထားသော်လည်း စီမံကိန်းအရွယ်အစား ကြီးမားလွန်းသောကြောင့် ထင်တိုင်းမပေါက်ခဲ့ပဲ၊ နှစ်နိုင်ငံ အစိုးရများ ကြားဝင်ရန် အကြောင်းဖန်လာခဲ့သည်။

ဘန်ကောက်မြို့ ထိုင်း မြန်မာ ပူးပေါင်းညှိနှိုင်းရေးကော်မတီရုံးတွင် လက်မှတ်ထိုးခဲ့သော ဒုတိယစာချွန်လွှာမှာ ယခင်ကန်ထရိုက်ကို ပြန်လည်ရုတ်သိမ်းခြင်းဖြစ်သည်။

တတိယစာချွန်လွှာမှာ အီတာလျံထိုင်းအား အခြေခံအဆောက်အဦးလုပ်ငန်းအတွက် ကုန်ထားသော ပိုက်ဆံ များပြန်ပေးရန်အတွက် ရင်းနှီးမြှုပ်နှံသူအသစ်များ ရှာဖွေရန်ဖြစ်သည်။

အီတာလျံထိုင်း အနေဖြင့် အဓိကဖွံ့ဖြိုးရေးစီမံကိန်းသုံးခုစလုံးတွင် ဝင်ရောက်လုပ်ကိုင်ခွင့် ရှိနေဆဲ ဖြစ်သည်။

“ဒါဟာ သိပ်ကောင်းတဲ့ တိုးတက်မှုတစ်ခုလို့ ယုံကြည်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း DSEZ နဲ့ ဆက်ဆံရ တဲ့အတွက် ပိုပြီးတော့ ယုံကြည်စိတ်ချမှုရှိလာကြမှာ ဖြစ်ပါတယ်” ဟု ဘန်ကောက်မြို့ Chandler and Thong-ek ဥပဒေ လုပ်ငန်းမှ အဲလ်ဘတ်ချန်ဒဒလာ က Bangkok Post သို့ ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စီးပွားရေးကိစ္စများတွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက် မြန်မာဥပဒေလုပ်ငန်းက ဥပဒေ ပိုင်းဆိုင်ရာ အကြံဥာဏ်ပေးသည်ဟု သိရှိရသည်။

“ထိုင်းနဲ့ မြန်မာအကြား ထားဝယ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုရလဒ်အဖြစ် စိတ်ဝင်စားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပိုများလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အထူးစီးပွားရေးဇုံဥပဒေမှာ ၁၉၈၈ နဲ့ ၂၀၁၂ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထဲက ကောင်းတဲ့လက္ခဏာတွေ အများကြီးပါဝင်လာမှာပါ” ဟု ချန်ဒလာ က ဆိုပါသည်။

အီတာလျံထိုင်းသည် အကြီးစားဆောက်လုပ်ရေး ကုမ္မဏီဖြစ်သောကြောင့် ထားဝယ်ရှိ စီမံကိန်း အမြောက် အများတွင် ဆောက်လုပ်ရေး ကန်ထရိုက်တာအဖြစ် ပါဝင်ရန် အလားအလာကောင်းသည်ဟု ၎င်းက ပြောကြားသည်။

အီတာလျံထိုင်း ဥက္ကဌ ပရင်ချိုင်းကာနာဆူထရာ က “၎င်း၏ ကုမ္မဏီသည် စီမံကိန်းတွင် ဘတ် ၆ ဘီလီယံ ခန့် ရင်းနှီးမြှုပ်နှံထားကြောင်း၊ အစိုးရပါဝင်လာမှုကြောင့် ထားဝယ်စီမံကိန်း ရှင်သန်လာကြောင်း၊ စီမံကိန်းရှိ ကန်ထရိုက်လု ပ်ငန်းအားလုံးတွင် တင်ဒါဝင်ဆွဲရန် ခွင့်ပြုချက်ရရှိထားကြောင်း” ရှင်းလင်းပြောကြားသည်။

ဘန်ကောက်ဥပဒေလုပ်ငန်း Atherton Co မှ ဂျွန်ဖိုတာဒစ် ကလည်း အီတာလျံထိုင်း သည်အစိုးရနှစ်ရပ်စလုံး နှင့် သဘောတူညီနိုင်စရာ ကိစ္စရပ်များကို ညှိနှိုင်းနေပုံရသည်ဟု ပြောကြားသည်။

“ဒါဆိုရင်တော့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အနှုတ်လက္ခာရိုက်ခတ်မှုတွေ ရှိလာမယ်ဆိုတာကို ကျွန်တော်တို့ မယုံတော့ပါဘူး။ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်တွေအရဆိုရင် စီမံကိန်း အရွယ်အစား၊ အစိုးရပြောင်းလဲသွားမှု၊ နိုင်ငံတကာ Sanctions နဲ့ ပြည်တွင်းရေးတွေ ပြောင်းလဲမှုတွေကြောင့် ဒီကိစ္စမှာ ထူးခြားတဲ့အခြေအနေတွင် ဖြစ်တည်နေတဲ့ လက္ခဏာရှိပါတယ်” ဟု ၎င်းက ဆိုပါသည်။

သို့သော်လည်း ထားဝယ်စီမံကိန်းမှ အီတာလျံထိုင်း၏ အတွေ့အကြုံကြောင့် အချို့မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ရာတွင် အထူးသတိထားလာကြဖွယ်ရှိသည်ဟု Dharmniti ဥပဒေလုပ်ငန်းမှ အမှုဆောင်ဒါရိုက်တာ ရိုရာဆစ် ဖျူဆာကွန် က မှတ်ချက်ပေးသည်။

“မြန်မာအစိုးရက အီတာလျံထိုင်းဆီက လုပ်ပိုင်ခွင့်ပြန်သိမ်းဖို့ ဆုံးဖြတ်ရတဲ့အကြောင်းရင်း တစ်စိတ်တစ်ပိုင်းဟာ ရင်းနှီးမြှုပ်နှံသူ လုံလုံလောက်လောက်ရအောင် စည်းရုံးဖို့ ပျက်ကွက်တာရယ်၊ အဆင်ပြေမယ့် လျှပ်စစ်ဓါတ်အားရင်းမြစ် ရှာဖွေရာမှာ အခက်အခဲရှိနေတာရယ်ကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်”

“လေလံစည်းကမ်းအသေးစိတ်အချက်တွေ၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတဲ့ စရိတ်တက၊ ခွင့်ပြုအချိန်ကာလ၊ စီမံကိန်းအသေးစိတ်အချက်တွေ အပါအဝင် ကျယ်ပြန့်တဲ့ အကြောင်းရင်းတွေကြောင့် လေလံဆွဲမယ့်သူတွေအ ပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”

“တကယ်လို့ မြန်မာနိုင်ငံရဲ့ လက်ရှိစည်းမျဉ်း၊ စည်းကမ်းဘောင်ဟာ စီမံကိန်းကို ဈေးကြီးအောင် လိုက်နာရာမှာ ခက်ခဲအောင် (သို့) အလွန်အကျွံ့ ရှုတ်ထွေးအောင် လုပ်မယ်ဆိုရင် တင်ဒါဆွဲမယ့်သူတွေအတွက် ပိုမိုခက်ခဲ လာမှာဖြစ်ပြီး တစ်ချို့ကတော့ နောက်ပြန်ဆုတ်ဖို့ ဆုံးဖြတ်ကြပါလိမ့်မယ်” ဟု ဝါရာဆစ်ဖျူဆာကွန် က ဆက်လက် ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သြစတြေးလျ အလည်အပတ်ခရီး ပြီးဆုံး

(WA Today မှ 1 Dec 2013 ရက်စွဲပါ “Suu Kyi concludes first Australian visit” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပထမဆုံး သြစတြေးလျ အလည်အပတ် ခရီးတွင် သြစတြေးလျနိုင်ငံ၏ ခိုလှုံခွင့်ဆိုင်ရာမူဝါဒအပေါ် အကြံဥာဏ်ပေးမှုနဲ့ ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေး ခေါင်းဆောင်များထံမှ အရင်းနှီးဆုံး ဆုတောင်းစကားများဖြင့် ပြီးဆုံးသွားပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများ သြစတြေးလျားတွင် မွေးဖွားသည့်ကလေးနှင့် ပတ်သက်သည့် ကိစ္စအပေါ် သူမအား မေးမြန်းသောအခါ တရားစီရင်ရေးသည် ဂရုဏာကြောင့် ပျော့ပြောင်းမှုရှိရမည်ဟု သူမက ဆစ်ဒနီ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် သူမ၏ ကျန်ခရီးစဉ်တစ်လျှောက်လုံးတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအားကောင်းခိုင်မာအောင် ကြိုးစားမှုအတွက် သြစတြေးလျား ဖက်ဒရယ်အစိုးရ၏ ချီးကျူးဂုဏ်ပြုမှုကို ခံယူခဲ့ရသည်။

သြစတြေးလျား ဝန်ကြီးချုပ် တိုနီအက်ဘော့ က သူမအား ဒီမိုကရေစီ၏ စံနမူနာဟု ပြောဆိုလိုက်သည်။

“သူမဟာ တိုင်းပြည်အတွက် ပေးဆပ်ခဲ့တယ်။ ဒီမိုကရေစီလွတ်လပ်ခွင့်အပေါ် ယုံကြည်ချက်အတွက် ပေးဆပ်ခဲ့ တယ်” ဟု တိုနီအက်ဘော့ က ပြောကြားသည်။

အလားတူပင် နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ ကလည်း သူမ နိုင်ငံရေးထဲရောက်လာအောင် လှုံဆောင်ပေး သူမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ သူမအပေါ် ချီးကျူးပြောဆိုမှုများကို ပြန်လျှော့သည့်အနေဖြင့် “ကျွန်မက သူတော်စင်မဟုတ်သလို၊ စံပြပုဂ္ဂိုလ်လည်းမဟုတ်ပါဘူး။ ကျွန်မကိုယ်ကျွန်မ နိုင်ငံရေးသမားတစ်ယောက် လို့ပဲမြင်ပါ တယ်။ ဒါပေမယ့် ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားမျိုးတော့ ဖြစ်ရမယ်” ဟု ပြန်လည်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်ချုပ်ရေးကို ခွာချနေသော မြန်မာနိုင်ငံအပေါ် ရေရှည်အမြင်ဖြင့် ကြည့်ရန် သြစတြေးလျားနိုင်ငံကို တိုက်တွန်းသည်။

“သြစတြေးလျအစိုးရတင် မဟုတ်ပါဘူး။ အစိုးရ တော်တော်များများဟာ မြန်မာနိုင်ငံမှာ လောလောဆယ် ဘယ်သူအာဏာရှိသလဲဆိုတဲ့အပေါ် ယေဘူယျအားဖြင့် ကြည့်နေကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်မ ပြောတဲ့ အတိုင်း ရေရှည်ကြည်တာက ပိုပြီးကောင်းပါတယ်” ဟု သူမကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် တနင်္ဂနွေနေ့ မယ်လ်ဘုန်း တွင် ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားကာ သူမ၏ သြစတြေးလျားခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment