Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ရင်းနှီးမြှုပ်နှံမှုဘဏ်ဆိုတာကုမ္မဏီတွေ စတော့ဈေးကွက်ကိုသွားချင်သူတွေကို ကူညီပေးတာဖြစ်တယ်။ စတော့ ဈေးကွက်ဆို တာက လုပ်ငန်းတိုးချဲ့လိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ရှယ်ယာတွေကို စတော့မားကတ်ထဲ ရောင်းပြီး ရင်းနှီးမြှုပ်နှံ လိုသူတွေက ဒီရှယ်ယာတွေကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှု လုပ်တာဖြစ်တယ်။ စတော့ မားကတ်ကို သွားဖို့ဆိုတာ ရှုပ်တယ်။ အဆင့်တွေများတယ်။ ဒါ့ကြောင့်လဲ အစိုးရတွေက စတော့ဈေးကွက်ကို အကာအကွယ် ပေးထားတာရှိတယ်။ စတော့ မားကတ်ဝင်မယ်ဆို တစ်နှစ်လောက် အချိန်ယူရတာတွေရှိတယ်။ မြန်မာ စင်ကာပူစတော့ဈေးကွက်ထဲ ဝင်ချင်တဲ့ လုပ်ငန်း ရှင်တွေကို အကြံပေး ချိတ်ဆက်ပေးမှာ ဖြစ်တယ်”

ဒီဇင်ဘာလ ၃ ရက်ထုတ် ရန်ကုန်တိုင်း နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “စင်ကာပူစတော့ဈေးကွက်သို့ မြန်မာများ ဝင်ရောက်နိုင်ရန် စီစဉ်” သတင်းမှ Myanmar Pinnacle Financial ကုမ္မဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မျိုးထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံရေးအရ သူတို့ရဲ့ စွန်လွှတ်စွန့်စားမှုတွေကို နိုင်ငံရေးအရအသိအမှတ်ပြုတာ ငွေကြေးအရ နည်းကောင်း နည်းနိုင် ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေက အရင်ခေတ်အဆက်ဆက်မှာ လူတွေရဲ့ ထိန်ချန်ထားခြင်းကို ခံခဲ့ရတဲ့ သူတွေလည်း ရှိတယ်။ နိုင်ငံရေးပွင့်လင်းလာတဲ့အချိန်မှာ မိသားစုဝင်တွေကို နိုင်ငံရေး အသိုင်းအဝိုင်းက ပစ်မထားဘူးဆိုတာ စိတ်ပိုင်းဆိုင်ရာအရ မြှင့်တင်ပေးဖို့ အားပေးလုပ်ခြင်း ဖြစ်တယ်”

ဒီဇင်ဘာလ ၃ ရက်ထုတ် မော်နီတာ ဂျာနယ် အတွဲ (၂) အမှတ် (၈၃) တွင်ပါရှိသော “ထောင်တွင်း၌ သေဆုံး ခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏ ကျန်ရစ်သူမိသားစုများကို ငွေ (၁၀) သိန်းခန့်စီ ထောက်ပံ့မည်” သတင်းမှ AAPP  မှ ကိုဘိုဘိုထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး-တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုများနဲ့ ပတ်သက်ပြီး ပြည်သူ လူထုကို ဘာတွေများအသိပေးချင်တာရှိပါသလဲ

ဖြေ-အန်ကယ်တို့ဘက်ကတော့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဖြေရှင်းတဲ့နည်းနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ လူထုကို အသိပေး ချင်တယ်။ စစ်ရေးနည်းနဲ့ ဖြေရှင်းလာခဲ့တာတော့ အခု ၆၅ နှစ်ရှိသွားပြီ၊ အခုထိက မပြေလည်နိုင်ဘူး။ လျော့ကျ သွားမယ့် အနေအထားလည်းမရှိဘူး။ အဲဒီ စစ်ရေးနည်းနဲ့ပဲ ဖြေရှင်းနေတဲ့အတွက် ကျွန်တော်တို့ နိုင်ငံက အခုလို ဆင်းရဲနေ ရတယ်။ ခေတ်နောက်ကျနေရတယ်။ ဒီနေရာမှာ သင်ခန်းစာယူပြီးတော့ပေါ့ဗျာ၊ အမှန်ကတော့ နိုင်ငံရေးနည်း အရပေါ့ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ လိုတယ်၊ အဲဒီလို တွေ့ဆုံဆွေးနွေး ဖြေရှင်းတဲ့နေရာမှာ အဓိကအားဖြင့်တော့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးချစ်ချစ်ခင်ခင်နဲ့ အတူနေထိုင်ဖို့ဆိုတဲ့နေရာမှာလည်း အဓိကအကျဆုံးကတော့ တန်းတူညီမျှရှိဖို့ လိုတယ်ဗျ”

ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၁၉) တွင်ပါရှိသော “စစ်ရေးနည်းနဲ့ တိုက်ခိုက်ဖြေရှင်းနေတာ အခု ၆၅ နှစ်ကျော်လာပြီ၊ ဘယ်အဖွဲ့မှ ပြုတ်သွားတယ်ဆိုတာ မရှိဘူး” အင်တာဗျူးမှ နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာ ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ဒီ နိုင်ငံခြားသား အလုပ်သမားဥပဒေကတော့ အသစ်ပါ။ Investment (ရင်းနှီးမြှုပ်နှံမှု) တွေဝင်လာတဲ့အခါ တစ်ဖက်နိုင်ငံက ပညာရှင်တွေပါလာမယ်၊ အလုပ်သမားတွေ ပါလာမယ်၊ သူတို့အတွက် ဥပဒေလိုအပ်တယ်။ ဒါ့ကြောင့် ထွက်ရှိလာနိုင် အောင်တော့ လုပ်နိုင်ပါတယ်”

ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၅) တွင်ပါရှိသော “အလုပ်သမား ဝန်ကြီးဌာနမှ ဥပဒေခြောက်ခု ထွက်ရန်ကျန်ရှိနေသေး” သတင်းမှ အလုပ်သမား၊အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment