Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(The Korea Herald မှ 2 Dec 2013 ရက်စွဲပါ “Daewoo-Les Korea consortium to develop hotels in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

(Bangkok Post မှ 1 Dec 2013 ရက်စွဲပါ “Universities given honorary doctorates to Thein Sein” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံတွင် Daewoo ဦးဆောင်သည့် ကိုရီးယားကုမ္ပဏီအုပ်စု ဟိုတယ်စီမံကိန်း လုပ်ကိုင်မည်

(The Korea Herald မှ 2 Dec 2013 ရက်စွဲပါ “Daewoo-Les Korea consortium to develop hotels in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် အဆင့်မြင့်ဟိုတယ်တည်ဆောက်မည့် စီမံကိန်းကို Daewoo International ဦးဆောင်သည့် ကိုရီးယားကုမ္မဏီအုပ်စုက စတင်တော့မည်ဟု တနလာင်္နေ့တွင် ကုမ္ပဏီက ပြောကြားသည်။

ရန်ကုန်မြို့တော်၏ လူကြိုက်အများဆုံးနေရာတစ်ခုဖြစ်သည့် အင်းလျားကန်အနီးတွင် ၂၁၈၃ စတုရရန်းမီတာ ကျယ်ဝန်းသော မြေပေါ်၌ ၁၄ ထပ်အဆင့်မြင့်ဟိုတယ်နှင့် ဝန်ဆောင်မှုပါသော ၂၉ ထပ်လူနေခန်း အဆောက်အအုံတို့ကို Posco ကုမ္မဏီခွဲနှင့် အခြားကိုရီးယားကုမ္မဏီသုံးခုတို့က တည်ဆောက်ကြမည် ဖြစ်သည်။

“စီမံကိန်းမှာ ပါဝင်မယ့် ကဏ္ဍနဲ့ ရင်းနှီးမြှုပ်နှံမှုကို ပမာဏကို တစ်ခြားကုမ္ပဏီသုံးခုသဘောတူညီမှု ရတာနဲ့ တစ်ပြိုင်နက် ဒေါ်လာသန်း ၂၂၀ တန်တဲ့ စီမံကိန်းကို စတင်မှာ ဖြစ်ပါတယ်” ဟု ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

Daewoo International နှင့် ပူးပေါင်းကြမည့် အခြားကုမ္ပဏီသုံးခုမှာ Posoco Engineering & Construction, Lottee Hotel, KDB Daewoo Securities တို့ဖြစ်သည်။

သဘောတူညီချက်အရ Daewoo International က စီမံကိန်း စီမံခန့်ခွဲမှုကဏ္ဍကို တာဝန်ယူမည်ဖြစ်ပြီး၊ Posco Exc က ဆောက်လုပ်ခြင်း၊ Lottee Hotel က ဆောက်လုပ်မှုအပြီးတွင် လုပ်ငန်းလည်ပတ်ခြင်း၊ KDB Daewoo Securities က စီမံကိန်းအတွက် ဘဏ္ဍာငွေရှာဖွေခြင်းတို့ကို အသီးသီးတာဝန်ယူကြမည် ဖြစ်သည်။

စီမံကိန်းကို ရန်ပုံငွေ ထောက်ပံ့ရန်အတွက် ကုမ္ပဏီ ၄ ခု၏ ထည့်ဝင်ငွေ ဒေါ်လာ သန်း ၅၀ ဖြင့် မတည်မည် ဖြစ်သည်။ KDB Daewoo Securities က ၃၉ ရာခိုင်နှုန်းဖြင့် အကြီးဆုံးရှယ်ယာဝေစုကို ပိုင်ဆိုင်မည် ဖြစ်ပြီး၊ Daewoo International က ၃၀ ရာခိုင်နှုန်း၊ Posco Exc က ၂၁ ရာခိုင်နှုန်း၊ Lottee Hotel က ၁၀ ရာခိုင်နှုန်း အသီးသီးရှယ်ယာ ပိုင်ဆိုင်ကြမည် ဖြစ်သည်။

KDB Daewoo Securities က စီမံကိန်း ရန်ပုံငွေထောက်ပံ့မှုမှတစ်ဆင့် နောက်ဆက်တွဲဘဏ္ဍာငွေ ထည့်သွင်း သွားမည်ဟု ပြောကြားသည်။ Daewoo International ၏ အဆိုအရ လုပ်ငန်းနှစ်ခုစလုံးကို ၂၀၁၆ တွင် စတင် ဖွင့်လှစ်မည်ဟု မျှော်လင့်ရသည်။

၎င်းစီမံကိန်းကို မြန်မာအစိုးရနှင့် တည်ဆောက်၊လုပ်ကိုင်၊လွှဲပြောင်း BOT ကန်ထရိုက်စနစ်ဖြင့် အကောင်အထည် ဖော်မည် ဖြစ်ရာ၊ ကိုရီးယားကုမ္ပဏီများက နှစ်ပေါင်း ၇၀ လုပ်ကိုင်ပြီးနောက် မြန်မာအစိုးရထံ ပြန်လည်လွှဲပြောင်းပေးရမည် ဖြစ်သည်။


ဦးသိန်းစိန်အား ထိုင်းတက္ကသိုလ်များ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့အပ်နှင်း

(Bangkok Post မှ 1 Dec 2013 ရက်စွဲပါ “Universities given honorary doctorates to Thein Sein” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာအကြီးဆုံး တက္ကသိုလ် နှစ်ခုကမြန်မာသမ္မတ ဦးသိန်းစိန်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်လိုက်ပြီ ဖြစ်သည်။

ဦးသိန်းစိန်အား သောကြာနေ့ တွင် နရစွမ်တက္ကသိုလ်က နိုင်ငံရေးသိပံ ဒေါက်တာဘွဲ့နှင့် မယ်ဖာလွန် တက္ကသိုလ်က ပြည်သူ့စီမံခန့်ခွဲရေး ဒေါက်တာဘွဲ့တို့ကို အသီးသီးချီးမြှင့်ခဲ့ ကြခြင်းဖြစ်သည်။

ဘွဲ့အပ်နှင်းသည့် အခမ်းအနားကို နေပြည်တော် သမ္မတ အိမ်တော်တွင် သောကြာနေ့က ကျင်းပခဲ့သည်။

ဦးသိန်းစိန်က ဘွဲ့အပ်နှင်းသည့် တက္ကသိုလ်နှစ်ခုအား ကျေးဇူးတင်စကားပြောကြားရာတွင် “အဆိုပါ ဘွဲ့များသည် မြန်မာပြည်သူများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုလားချက်ကို ဖြည့်ဆည်းရန် ၎င်းအပါအဝင် မြန်မာ လူထုတစ်ရပ်လုံး၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုခြင်းဟု ယူဆနိုင်ပါကြောင်း၊ ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီတိုင်းပြည် ထူထောင်မည့် မဟာဗျူဟာမြောက် ရည်မှန်းချက်များနှင့် အတူ ဒီမိုကရေစီလမ်းပေါ်တွင် ချီတက် လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာ၌ ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ခြင်း အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူထု ဗဟိုပြုဖွင့်ဖြိုးရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင် နေကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် မြန်မာတက္ကသိုလ်များအား ထိုင်း တက္ကသိုလ်နှစ်ခု၏ အတွေ့အကြုံများကို ရယူကာ ရင်းနှီးစွာ အတူပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မြန်မာအစိုးရ၏ အဓိကရည်ရွယ်ချက်မှာ တိုင်းပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် လူထုအတွက် လူမှု-စီးပွားဖွင့်ဖြိုးမှုကို ဆောင်ကြဉ်းပေးရန် ဖြစ်ကြောင်း” အကျယ် တဝင့် ရှင်းလင်း ပြောဆိုသည်။

နာရစွမ် တက္ကသိုလ်ကောင်စီ ဥက္ကဌ ကရာဆေးချာနာဝေါင်ဆီ က ဦးသိန်းစိန်သည် ၄၉ နှစ်တာ ကာလအတွင်း ယာယီကြားဖြတ်မဟုတ်သော ပထမဆုံး အရပ်သားသမ္မတ ဖြစ်သောကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရခြင်း ဖြစ်သည်ဟု ပြောကြားသည်။

မစ္စတာ ကရာဆေး က ဆက်လက်၍ “သမ္မတ ဦးသိန်းစိန် သည် အပြောင်းအလဲဖြစ်စဉ်တွင် အတိုက်အခံများ အား ပါဝင်စေခြင်း၊ တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းခြင်း၊ မီဒီယာဆင်ဆာ ဖြေလျှော့မှုနှင့် နိုင်ငံတကာ ဆက်ဆံရေးမြှင့်တင်မှုတို့ကို နောက်မှပံ့ပိုးပေးခြင်း အပါအဝင် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ခဲ့သည်” ဟု ပြောကြားသည်။

မယ်ဖာလွန် တက္ကသိုလ်ကောင်စီဥက္ကဌ ဗန်ချိုင်းဆရီနာချာနာ က ဦးသိန်းစိန်သည်၊ အမြော်အမြင်ရှိသော၊ ပြည့်ဝသော ၊ တိုးတက်သော၊ သဘောထားပျော့ပြောင်းသော၊ စွမ်းရည်မြင့်မားသော ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ရခြင်းဖြစ်သည်ဟု ပြောကြားသည်။

မစ္စတာ ဗန်ချိုင်း က ဆက်လက်၍ “ဦးသိန်းစိန်သည် သမ္မတရာထူးရယူပြီးနောက်ပိုင်းတွင် နိုင်ငံရေးနှင့် ဗျုရိုကရေစီ ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ စဉ်ဆက်မပြတ် တိုးတက်မှုတို့ ခိုင်မာသော အာမခံချက်ပေးခဲ့ကြောင်း၊ ထို့အပြင် အရေးကြီးသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော် ကာ အင်စတီကျူးရှင်းသစ်၊ လွှတ်တော် သစ်တို့ကို ပျိုးထောင်ခဲ့ကြောင်း” ချီးကျူးပြောဆိုခဲ့သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment