Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

သီလဝါစက်မှုဇုန် တည်ဆောက်မှု စတင်

(Japan Times မှ 1 Dec 2013 ရက်စွဲပါ Yangon industrial complex on way

ကိုဘာသာပြန်ဆိုသည်)

ရန်ကုန်မြို့တွင် ဂျပန်နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီများ အကျိုးတူးပူးပေါင်းလုပ်ကိုင်မည့် စက်မှုဇုန်တည်ဆောက် ရေး လုပ်ငန်းစဉ်မှာ ကြီးကျယ်ခမ်းနားသော အခမ်းအနားကြီးဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်ပြီးနောက် စတင် လုပ်ကိုင် နေပြီ ဖြစ်သည်။

ရန်ကုန်မြို့တောင်ဘက်၊ ကီလိုမီတာ ၂၀ အကွာတွင်တည်ရှိသော သီလဝါ အထူးစီးပွားရေးဇုန်ရှိ အဆိုပါ စက်မှုနယ်မြေ တည်ဆောက်မှုမှာ လာမည့် ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်ပြီး မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းများ အပါအဝင် အခြားသော စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းများအား ဆွဲဆောင်နိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။

ဂျပန်ကုန်သွယ်ရေး လုပ်ငန်းကြီးသုံးခု၊ မြန်မာအစိုးရနှင့် မြန်မာပြည်တွင်းကုမ္ပဏီ ၉ ခုတို့ပူးပေါင်းလုပ် ဆောာင်သည့် အဆိုပါ စက်မှုဇုန် တည်ဆောက်ရေးလုပ်ငန်းကြီးသည် ဟက်တာပေါင်း ၂၄၀၀ ရှိသည့် သီလဝါအထူး စက်မှုဇုန်ရှိ ဟက်တာ ၄၀၀ ကျယ်ဝန်းသော စက်မှုနယ်မြေတွင် လမ်းများဖောက်လုပ်ခြင်း၊ မိလ္လာရေဆိုးစနစ် ပစ္စည်းပစ္စယများ တပ်ဆင်ခြင်းနှင့် အခြားသော အခြေခံအဆောက်အဦး တည်ဆောက်ခြင်းတို့လုပ်ကိုင်ရန် စီစဉ်လျက်ရှိ သည်။

ဂျပန်နိုင်ငံမှ Mitsubishi Corp၊ Marubeni Corp နှင့် Sumitomo Corp တို့သည် အဆိုပါ အကျိုးတူ ဖက်စပ်လုပ်ငန်းကြီးတွင် အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းရယူထားပြီး ဒေါ်လာ သန်း ၁၀၀ အရင်းအနှီးပြုထားသည်။ ကျန်ရှိသည့် ၅၁ ရာခိုင်နှုန်းကိုမြန်မာအစိုးရနှင့် ပြည်တွင်းမှ ပုဂ္ဂလိကကုမ္ပဏီများက ရယူပိုင်ဆိုင်ထားကြသည်။

“ယခုဖွင့်ပွဲကြီးဟာ မြန်မာနဲ့ ဂျပန်နိုင်ငံကြား နီးကပ်ပြီး ခိုင်မာမှုရှိတဲ့ ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုတို့ကို ဖော်ကျူးပါတယ်” ဟု အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဌဖြစ်သူ ဦးဆက်အောင်က ဖွင့်ပွဲအခမ်းအနား တွင်ပြောကြားသည်။ ယင်းစီမံကိန်းသည် မြန်မာ့သမိုင်းတွင် အခန်းကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုကို အကျိုးပြုပေးနိုင်ရုံမျှမက ယင်းဒေသတွင် နေထိုင်သူများ အတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေနှင့် စားသုံးမှုတို့ကိုလည်း မြင့်တက်စေမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါစီမံကိန်းကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် ဆွဲဆောင်နိုင်မည်ဟု လည်း မျှော်လင့်ကြောင်း၊ အထူးစီးပွားရေးဇုန် အောင်မြင်စွာ အုတ်မြစ်ချထူထောင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုကြောင်း ၎င်းကဆိုသည်။

“ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရေးနဲ့ အဆင်ပြေချောမွေ့စေရေးအတွက် ကျွန်တော်တို့ အသင့်အနေအထား မှာရှိနေပါပြီ။ သက်ဆိုင်ရာ ရှယ်ယာရှင်တွေ၊ စက်မှုဇုန်ဖွံ့ဖြိုးရေး လုပ်ကိုင်မယ့်ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေပေးဖို့လည်း အဆင်သင့်ပါပဲ” ဟု ဦးဆက်အောင်ကပြောကြားသည်။

ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဒုတိယဝန်ကြီး Yoshihiko Isozaki လည်း အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုခဲ့ပြီး စီမံကိန်းကြီးက ပြည်တွင်းမှ သာမန်ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလိမ့်မည်ဖြစ်သည်ဟု ဆိုသည်။

မြန်မာပြည်တွင်း လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုပ်ထွေးမှုများကြောင့် ဂျပန်ကုမ္ပဏီအများစုသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမည့်ကိစ္စကို ဆုံးဖြတ်မှုမပြုလုပ်ကြသေးကြောင်း Yoshihiko Isozaki ကပြောကြားသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment