Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(The Japan Times မှ 3 Dec 2013 ရက်စွဲပါ “Daiwa advises Myanmar Bank” သတင်းကို ဘာသာပြန်ဆို ပါသည်)

(ICRC News Release မှ 3 Dec 2013 ရက်စွဲပါ “Myanmar: Weapon wounds training for Kachin health-care professionals” သတင်းကို ဘာသာပြန်ဆိုပါသည်)


မြန်မာ AGD ဘဏ်ကို Daiwa အကြံဥာဏ်ပေးမည်

(The Japan Times မှ 3 Dec 2013 ရက်စွဲပါ “Daiwa advises Myanmar Bank” သတင်းကို ဘာသာပြန် ဆိုပါသည်)

ဂျပန်စတော့ရှယ်ယာ စီမံခန့်ခွဲမှုလုပ်ငန်း Daiwa Securities Group Inc သည် ၂၀၁၅ နှစ်ကုန်တွင် စတင်တော့ မည်ဟု မျှော်လင့်ရသော မြန်မာနိုင်ငံ၏ စတော့ဈေးကွက်ကို တရားဝင်စီမံခန့်ခွဲရန် ကြိုတင်ပြင်ဆင်နေသည့် အလျှောက် မြန်မာနိုင်ငံမှ အာရှစိမ်းလန်းဖွင့်ဖြိုးမှုဘဏ် AGD အား အကြံဥာဏ်ပေးတော့မည်ဟု သိရှိရသည်။

တနလာင်္နေ့က သဘောတူလက်မှတ်ရေးထိုးသော အခမ်းအနားတွင် AGD ဘဏ် ဥက္ကဌ ဦးသန်းရီက အများပိုင် ပြုလုပ်သည့် ကနဦးလုပ်ငန်းစဉ်သည် အောင်မြင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အကြီးစား လုပ်ငန်းကြီး တစ်ခုဖြစ်သော ထူး အုပ်စု၏ လုပ်ငန်းခွဲဖြစ်သည့် AGD ဘဏ်သည် ပထမဆုံးအများပိုင် စတော့ရှယ်ယာရောင်းဝယ်သော ကုမ္မဏီတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သဘောတူညီချက်ကို Daiwa Group နှင့် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်းထားသော Myanmar Securities Exchange Centre နှင့် အာရှစိမ်းလန်းဖွင့်ဖြိုးမှုဘဏ်တို့အကြား လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။

Daiwa Group ၏ဘဏ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီ Daiwa Securities Co နှင့် Myanmar Securities Exchange Centre တို့သည် ဘဏ္ဍာရေး စည်းကမ်းထိန်းအဖွဲ့များနှင့် စေ့စပ်ဆွေးနွေးခြင်း၊ ဥပဒေနှင့် စာရင်းအင်း ပညာရှင်များအား ညှိနှိုင်းတိုင်ပင်ခြင်း အပါအဝင် ကဏ္ဍပေါင်းစုံ၌ အကူအညီပေးသွားမည် ဖြစ်သည်။

Daiwa Group ၏ စီအီးအို တာကာရှီဟီဘီနို က ယခုသဘောတူ လက်မှတ်ရေးထိုးမှုသည် မြန်မာနိုင်ငံ၏ စတော့ဈေးကွက် ဖွံ့ဖြိုးရေးအတွက် အရေးပါသော အဆင့်တစ်ခုအဖြစ် ထင်ဟပ်သည်ဟု ပြောကြားသည်။


ကချင်ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းများအား စစ်မြေပြင် ထိခိုက်ဒဏ်ရာ ကုသမှုဆိုင်ရာ သင်တန်း ပေး

(ICRC News Release မှ 3 Dec 2013 ရက်စွဲပါ “Myanmar: Weapon wounds training for Kachin health-care professionals” သတင်းကို ဘာသာပြန်ဆိုပါသည်)

နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော စစ်မြေပြင်ခွဲစိတ် ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မနေ့က စတင်ကျင်းပရာ ကချင်ပြည်နယ်မှ ခွဲစိတ်ဆရာဝန်များ အပါအဝင် ဆေးဘက်ဆိုင်ရာ ပညာရှင် ၃၀ ကျော် တက်ရောက်ခဲ့ကြသည်။

၎င်း အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားတွင် ဒီဇင်ဘာ ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံတွင် နိုဝင်ဘာလကုန်က ပြုလုပ်ခဲ့သော အလားတူ ဆွေးနွေးပွဲအပြီးတွင် ဆက်လက်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် အစီအစဉ်များကို ကြီးကြပ်နေသူ မန္တလေး ICRC ရုံးအကြီးအကဲ ကလော်ဒီယာမက်တာ က “အလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ သေနတ်လက်နက် ထိခိုက်ဒဏ်ရာတွေ ကုသပေးနေတဲ့ ဆေးဘက်ပညာရှင် တွေကို ICRC ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေ မျှဝေပေးဖို့ ဖြစ်ပါတယ်။ နယ်မြေဒေသခံ ဆေးဘက်ပညာရှင်တွေရဲ့ အထူးပြု ကျွမ်းကျင်မှုအပေါ်မှာ ဒီအလုပ်ရုံဆွေးနွေးပွဲက အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြား သည်။

ကျိုင်းတုံမှာကဲ့သို့ပင် ICRC ခွဲစိတ်ဆရာဝန်နှစ်ဦးက အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးကြသည်။ ၎င်းတို့ က သေနတ်ဒဏ်ရာ၊ ဦးစားပေးကုသပုံ၊ မိုင်းထိခိုက်ဒဏ်ရာ၊ ခြေလက်ဖြတ်တောက် ကုသမှု၊ ကိုယ်ခန္ဓာကြံခိုင်ရေး ပြန်လည် ပျိုးထောင်မှု စသည်တို့အပါအဝင် ကျယ်ပြန့်သော ဘာသာရပ်များကို ဆွေးနွေးကြရန် စီစဉ်ထားသည်။ တက်ရောက်လာသူ များအား စစ်မြေပြင်ခွဲစိတ်မှုဆိုင်ရာ အကောင်းဆုံး အတွေ့အကြုံများကို မျှဝေသွား မည်ဖြစ်ပြီး၊ ခွဲစိတ်မှု အမျိုးအစားဆိုင်ရာ လေ့လာမှုများကိုလည်း ပြုလုပ်ကြမည်ဖြစ်သည်။

နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC သည်မြန်မာနိုင်ငံသို့ ၁၉၈၆ ခုနှစ်ကတည်းကပင် ရောက်ရှိခဲ့သည်။ ICRC သည် လောလောဆယ်တွင် မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာ ရရှိနိုင်ရေးကို လုပ်ဆောင် လျက်ရှိပြီး၊ နိုင်ငံတစ်လွှားရှိ ဘေးသင့်ဒေသများသို့ ကယ်ဆယ်စောင့်ရှောက်ရေး ခရီးစဉ်များ စီစဉ်လုပ်ဆောင်လျက်ရှိသည်။

ကချင်ပြည်နယ်တွင် လိုင်ဇာ၊ မဂျားရန်၊ မြစ်ကြီးနားဆေးရုံ များသို့ မရှိမဖြစ် ဆေးဝါးပစ္စည်းများလှူဒါန်းခြင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ဝင်များအား နည်းပညာဆိုင်ရာ လေ့ကျင့်သင်တန်းပေးခြင်း အိုးအိမ်မဲ့ ပြည်သူများအတွက် သက်မွေးဝမ်းကျောင်း စီမံချက်များ ဆောင်ရွက်ပေးနိုင်အောင် ရန်ပုံငွေထောက်ပံ့ခြင်း စသည်တို့ကို ICRC က ပြုလုပ်လျက်ရှိ သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment