Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(The Manila Times မှ 4 Dec 2013 ရက်စွဲပါ “Aquino Myanmar Leader to discuss mutual concerns in Mamacanacy”  သတင်းကို ဘာသာပြန်ဆိုသည်)

(Xinhua သတင်းဌာနမှ 4 Nov 2013 ရက်စွဲပါ Philippines, Myanmar to ink deals on trade, agriculture ကိုဘာသာပြန်ဆိုသည်)


ဖိလစ်ပိုင်နှင့်မြန်မာခေါင်းဆောင်တို့ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ ဆွေးနွေးကြမည်

(The Manila Times မှ 4 Dec 2013 ရက်စွဲပါ “Aquino Myanmar Leader to discuss mutual concerns in Mamacanacy”  သတင်းကို ဘာသာပြန်ဆိုသည်)

သမ္မတ ဘီနစ်နို အကွီနို (၃) သည် အလည်အပတ်ရောက်ရှိနေသော မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကြာသာပတေးနေ့တွင် နှစ်နိုင်ငံ အစည်းအဝေးကျင်းပမည် ဖြစ်သည်။

ဗုဒဟူးနေ့မွန်းလွဲပိုင်းတွင် မနီလာသို့ ရောက်ရှိလာသည့် ဦးသိန်းစိန်သည် ဂျိုဆေးရီဇော် ဗိမာန်တွင် ပန်းခွေချ အလေးပြုဦးမည် ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်မှု၊ စိုက်ပျိုးရေး စွမ်းအင်၊ ယဉ်ကျေးမှုဖလှယ်ရေး၊ အချက် အလက်ပူးပေါင်းဆောင်ရွက်ရေး စသော ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေးကြလိမ့်မည်ဟု သမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ဟာမီနီယို ကိုလိုမာ ဂျူနီယာ က ပြောကြားသည်။

ထို့နောက်တွင် ဆွေးနွေးခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်သည့်သဘောတူညီချက်များကို လက်မှတ်ရေးထိုး ကြမည်ဟု ဆိုသည်။

နှစ်နိုင်ငံကုန်သည်ကြီးများအသင်းကိုယ်စားလှယ် များကလည်း စီးပွားရေးအခွင့်အလမ်းနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ တိုးချဲ့ရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးကြလိမ့်မည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်လူမှုဖူလုံရေး ဌာနတို့ကလည်း ဗီဆီရာငလျှင်နှင့် ယိုလန်ဒါတိုင်ဖွန်း ဘေးသင့်သူများအတွက် မြန်မာနိုင်ငံ၏ လှူဒါန်းမှုများနှင့် ပတ်သက်ပြီး စာရွက်စာတမ်းများဖလှယ် ကြမည်ဖြစ်သည်။

ဖိလစ်ပိုင်သို့ ရှားရှားပါးပါး လာရောက်လည်ပတ်သည့် မြန်မာခေါင်းဆောင်ကို သမ္မတအကွီနိုက နိုင်ငံတော် ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံရန်လည်း စီစဉ်ထားသည်။

မြန်မာသမ္မတသည် လော့စ်ဘာနိုရှိ နိုင်ငံတကာ ဆန်စပါးသုတေသန အင်စတီကျူးသို့ သွားရောက်လည်ပတ် မည်ဖြစ်ပြီး တိုင်ဖုန်းမုန်တိုင်းဘေးသင့်ဒေသများသို့လည်း သွားရောက်ကြည့်ရှုမည်ဟု သိရှိရသည်။

တပ်မတော်အစိုးရ (သို့) စစ်အစိုးရလက်ထက် ကတည်းကပင် ဒီမိုကရေစီလှုပ်ရှားမှုများဖက်မှ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သော ဖိလစ်ပိုင်နိုင်ငံလို အရှေ့တောင်အာရှတွင် ဂုဏ်သိက္ခာနှင့် အခွင့်အရေးမလဲသော နိုင်ငံအဖြစ် မြန်မာ ပြည်သူ များက အသိအမှတ်ပြုထားကြသည်။


          မြန်မာနှင့် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေး ထိုးမည်

(Xinhua သတင်းဌာနမှ 4 Nov 2013 ရက်စွဲပါ Philippines, Myanmar to ink deals on trade, agriculture ကိုဘာသာပြန်ဆိုသည်)

မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သဘောတူညီ ချက်တစ်ရပ် လက်မှတ်ရေးထိုး တော့မည်ဖြစ်ကြောင်း အကြီးတန်း အစိုးရ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ ဘန်နီဂိုအာကွီနို တို့အကြား အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ သဘောတူညီမှုဆိုင်ရာ လက်မှတ် ရေးမှုများ ပြုလုပ်ရန်ရှိရာတွင် အထက်ပါ သဘောတူညီချက်များလည်း ပါဝင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးမှ ဆက်သွယ်ရေးအရာရှိ Herminio Coloma Jr ကပြောကြားသည်။

မြန်မာနှင့် ဖိလစ်ပိုင် ခေါင်းဆောင်နှစ်ဦးတို့သည် ပြန်ပြည့်မြဲစွမ်းအင်၊ သတင်းအချက်အလက် ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု၊ သာမန် ပတ်စပို့ကိုင်ဆောင်သူများ အတွက် ဗီဇာကင်းလွတ်ခွင့် အစရှိသည်တို့နှင့် ပတ်သက်၍ သဘော တူညီချက် လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိသည်။

ထို့ပြင် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံမှ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်တို့သည်လည်း စီးပွားရေး အခွင့်အလမ်းများနှင့် ကုန်သွယ်ရေး ဆက်ဆံမှုတိုးချဲ့ရေးအတွက် သဘောတူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း Coloma ကပြောကြားသည်။

အဆိုပါ သဘောတူညီလက်မှတ်ရေးထိုးမှုများ ပြုလုပ်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင်း ဟိုင်ယန်မုန်တိုင်းဒဏ် ခံစားခဲ့ကြရသော ဒုက္ခသည်များအား ကူညီထောက်ပံ့နိုင်ရန် ဖိလစ်ပိုင်လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးဌာနသို့ မြန်မာနိုင်ငံက လှူဒါန်းမှုများ ပြုလုပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ဖိလစ်ပိုင်နိုင်ငံ၌ ဒီဇင်ဘာလ ၆ ရက်နေ့ မတိုင်မီအထိ နေထိုင်လည်ပတ်ရန် စီစဉ်ထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment